နိုင်ငံခြားငွေကြေးဈေးကွက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်သုံးဆီ လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ရောင်းချပေးမှု သန်း ၆၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားငွေကြေးဈေးကွက် (င်္ဌ ွှမေိငညါ ဏူအေ်သမာ) တွင် စက်သုံးဆီလုပ်ငန်း ရှင်များအား ဖေဖော်ဝါရီ ၆ ရက်တွင် အမေရိကန်ဒေါ်လာ ၂၃ သန်းအား လည်း ကောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဒေါ်လာ ၂၁ သန်းအား လည်းကောင်း၊ ဖေဖော် ဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၂၃ သန်းနှင့် ထိုင်းဘတ် သန်း ၁၅၀ အားလည်းကောင်း အသီးသီး ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက် သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ပံ့ပိုးပေးရန် စီစဉ် ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းရှင်များအတွက် အမေရိကန် ဒေါ်လာများ ဆက်တိုက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန် ဒေါ်လာ သန်း ၂၀ ရောင်းချပေးခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်ကလည်း စက်သုံးဆီလုပ်ငန်း ရှင်များအား အမေရိကန်ဒေါ်လာ ၂၃ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုတိုး