Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ

Tue, 03/04/2025 - 12:51 -- journal_editor

ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၉၃၆ ဒေါ်လာ ပေါက်ဈေး ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၂၉၀၈ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ဖေဖော်ဝါရီ ၂၀ ရက်တွင် အခေါက် ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၆၂၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျပ် ၆၅၈၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံ တွင်GDP  သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်GDP ၆၄ ဒသမ ၇၅ ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်းTrading Economics global macro model  နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက် အရသိရှိရသည်။ Econometric Model အရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင်USD ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင်USD၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု  GDP) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP တိုး တက်မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ဖေဖော်ဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက် ထိ ရက်သတ္တပတ်အတွင်း ကျပ် ၄၄၇၀-၄၄၈၀ ကြားရှိနေကြောင်းသိရသည်။