Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ

Tue, 03/04/2025 - 12:53 -- journal_editor

ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ဘာစမာတီဆန်၏ မူလဇာစ်မြစ်ဒေသနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အငြင်းပွားမှု ဖြစ် ပေါ်လျက်ရှိရာတွင် ဘာစမာတီဆန်သည် ပါကစ္စတန်နိုင်ငံ၏ ထုတ်ကုန်ဖြစ်သည်ဟု နယူးဇီလန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့က တရားဝင်  အသိအမှတ်ပြုခဲ့ရာ  ကမ္ဘာ့ဈေးကွက်၌ ပါကစ္စတန် ဘာစမာတီဆန်၏ ရပ်တည်နိုင်မှုအား ပိုမိုခိုင်မာစေသည့် အောင် ပွဲတစ်ရပ်ရရှိခဲ့သည်ဟု  ှအမေအကစ ဏေုငျအညေ သတင်းဝက်ဘ် ဆိုက်က ဖော်ပြခဲ့သည်ကိုသိရှိရသည်။ ဥရောပသမဂ္ဂသည်လည်း ပါကစ္စ တန်နိုင်ငံအား မျက်နှသာပေးမည့် အလားတူ ဆုံးဖြတ်ချက်ကို မကြာမီ ချမှတ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ သမိုင်း မှတ်တမ်း များအရ ဘာစမာတီဆန်၏ မူလအစသည် ပါကစ္စတန်နိုင်ငံရှိ ေံ်ငဖဘေေိ ခရိုင်မှဖြစ်ပြီး ၎င်း၏ တောင်းဆိုပိုင်မှု အခွင့်အရေးကို အတည်ပြုနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံသည်လည်း ဘာစမာတီဆန် အား တစ်ဦးတည်းပိုင်ဆိုင်ခွင့်ရှိသော ပင်ရင်းဒေသအဖြစ်တောင်း ဆိုလျက်ရှိကြောင်း၊ သို့သော် ကုန်သည်များနှင့် ကျွမ်းကျင်ပညာရှင် များက ပါကစ္စတန်နိုင်ငံဘက်မှ ခိုင်မာစွာ ထောက်ခံခဲ့ကြကြောင်း သိရှိရသည်။
ယခုကဲ့သို့ အသိအမှတ်ပြုမှုခံရခြင်းသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံရှိသော ကမ္ဘာ့ဘာစမာတီဆန် ဈေးကွက်တွင် ပါကစ္စတန်နိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုအားကောင်း စေမည်ဖြစ်သည်။  ဘာစမာတီဆန် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၄ ဘီလီယံအထိ ရောက်ရှိမှုနှင့်အတူ ပါကစ္စတန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ဘာစမာတီဆန်ဈေးကွက်၌  ဦးဆောင် ပါဝင် လျက်ရှိကြောင်း သိရှိရသည်။ ပထဝီဒေသဆိုင်ရာ ရပိုင်ခွင့်များနှင့် နိုင်ငံတကာ ဥပဒေများက ပါကစ္စတန်နိုင်ငံ၏ တောင်းဆိုမှုကို အကာအကွယ်ပေးလျက်ရှိကြောင်း၊ ပါကစ္စတန်နိုင်ငံသည် ၎င်း၏ စိုက်ပျိုးရေးဆိုင်ရာ အမွေအနှစ်မှ အကျိုးကျေးဇူးများကို ဆက် လက်ရရှိနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုထား ကြောင်း သိရှိရသည်။ ဘာစမာတီဆန်၏ ပင်ရင်းဒေသ မူပိုင်ခွင့် ဆိုင်ရာ အငြင်းပွားမှု ဆက်လက်ဖြစ်ပေါ်နေချိန်၌ ယခုကဲ့သို့ ဆုံး ဖြတ်ချက် ချမှတ်ခဲ့ခြင်းသည် ပါကစ္စတန်နိုင်ငံ၏ လယ်သမားများ နှင့်  ပို့ကုန်လုပ်ငန်းရှင်များအတွက် ကြီးမားသော အောင်ပွဲတစ်ရပ် ဖြစ်ပြီး  ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ပေးမှုအပြင် စိုက်ပျိုးရေးအမွေအနှစ်ကိုလည်း အကာအကွယ်ပေးနိုင်ကြောင်း သိရှိရသည်။ 
ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့်  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကားဈေး)တွင် ပေါ်ဆန်းနယ်စုံ (အဟောင်း) (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၂၅၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်း(အဟောင်း) ဆန်တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀ မှ ၁၅၀ဝ၀ဝ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန်ဆန် တစ်အိတ်လျှင် ကျပ် ၆၄၀ဝ၀ မှ ၆၅၀ဝ၀ ကြားနှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ မှ ၆၇၀ဝ၀ ကြား ပေါက် ဈေးရှိကြောင်း သိရှိရသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ ဆန်ကွဲ တင်ပို့ နိုင်မှု တန်ချိန် ၉၁၂၂၀၃ ဒသမ ၆၁၁ ပိုမိုတင်ပို့ခဲ့ပြီး ဧည့်မထဆန်၊ ပေါင်းဆန်နှင့် ပေါ်ဆန်းဆန် စသည့် အမျိုးအစားတို့ တင်ပို့ခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၆၀ သန်းကျော် ပိုမိုရရှိ သည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်တွင်  ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဆန်ချောတစ်အိတ်လျှင် ၂၇၅ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၆၂၁ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ- ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက် တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၁၃၃ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ကျိုင်းတုံမြို့တွင် ကျပ် ၅၂၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး  ပြည်မြို့နှင့် ပဲခူးမြို့တို့တွင် ဧည့် မထဆန် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
ွှမေိငညါ နခသညသာငချ ျွှနဘျငအန တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၅ ဒသမ ၂၇ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်း ယှဉ်ပါက ဆန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ၊ ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာ၊ ပါကစ္စတန် နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ  ၅ ဒေါ်လာမှ ၁၃ ဒေါ်လာနှင့် အိန္ဒိယ နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ တစ်ဒေါ်လာမှ သုံးဒေါ်လာ ကျဆင်း မှုရှိပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းဆန်ဈေးနှုန်းများမှာ ယခင် တစ်ပတ်အတိုင်း ပြောင်းလဲမှုများမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။