Main menu

Background

စက်သုံးဆီ(ဓာတ်ဆီ၊ ဒီဇယ်ဆီ) ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Tue, 03/04/2025 - 12:56 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၄ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၁၉ နိုင်ငံအနက် ဖိလစ်ပိုင်နိုင်ငံသည် ယခုတစ်ပတ်တွင် ၄ ဒသမ ဝ၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး သြစတြေးလျနိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဖင်လန်နိုင်ငံတွင် ၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ၁ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၉ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန  ၏ ယခုတစ်ပတ်အတွက် ဖေဖော်ဝါရီ ၂၄ ရက် ဖော်ပြချက်၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)၊ အာဖဂန်နစ္စတန်၊ မော်ရိုကို၊ နီပေါ၊ ပနားမားနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၆၆ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရပါသည်။ 
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဂျပန်၊ အီတလီ၊ နယ်သာလန်၊ ပီရူး၊ ပိုလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ကနေဒါ နှင့် နိုင်ဂျီးရီးယား စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံ ရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၂ ဒသမ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ဖေဖော်ဝါရီ ၂၄ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေ ဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၁ ဒသမ ၆၀ ရာခိုင်နှုန်း၊  ဖိလစ်ပိုင် နိုင်ငံတွင် ၄ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။ 
ဒီဇယ်ဆီဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၄ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံ အနက် အာဂျင်တီးနားနိုင်ငံသည် ယခုတစ်ပတ်တွင် ၄ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံများဖြစ်ခဲ့ပြီး တူရကီ (တူကီယဲ) နိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ ဖင်လန်နိုင်ငံတွင်
၁ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် သြစတြေးလျနိုင်ငံတွင် ၁ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၄ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)၊ ကိုလံ ဘီယာ၊ ဒိန်းမတ်၊ ဂျော်ဒန်၊ ကင်ညာ၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၆၈ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ် နေကြောင်း တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဂျပန်၊  အီတလီ၊ နယ်သာလန်၊ ဆွီဒင်၊ ကနေဒါ၊ ဟန်ဂေရီ၊ နော်ဝေ၊ ပိုလန်၊ ဆွစ်ဇာလန်နှင့် နိုင်ဂျီးရီးယား စသည့် နိုင်ငံများ အပါအဝင် နိုင်ငံ ပေါင်း ၂၇ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁ ဒသမ ၆၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ဖေဖော်ဝါရီ ၂၄ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတို့တွင် ၁ ဒသမ ၂၀ ရာခိုင် နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ် နိုင်ငံတွင် သုည ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ် နေကြောင်း လေ့လာတွေ့ရှိရသည်။ 
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၂၆ ရက်တွင် အောက်တိန်း-၉၂ တစ် လီတာလျှင် ၃၂၁၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၃၂၇၀၊ ဒီဇယ်တစ်လီတာလျှင် ၂၇၆၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ် လီတာလျှင် ၃၄၂၅ ကျပ် အသီးသီးဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၄၂၅၀၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၄၁၀ဝ၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၄၄၂၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၉၂၀ ဖြင့် အမြင့်ဆုံးဖြစ် ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၂၇၀၊ ဒီဇယ် တစ်လီတာလျှင် ၂၇၆၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၃၂၈၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၇၈၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ် လျှင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅၀ ဈေးနှုန်းနှင့် ဒီဇယ် တစ် လီတာလျှင် ၄၅ ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း လေ့လာသုံး သပ် တင်ပြအပ်ပါသည်။