Main menu

Background

ရန်ကုန်-မော်လမြိုင် ခရီးစဉ် အီးဗွီတက္ကစီယာဉ်ဖြင့် စီးနင်းသူ ခရီးသည် များပြားလာ

Tue, 03/04/2025 - 13:31 -- journal_editor

လျှပ်စစ် အီးဗွီတက္ကစီ ယာဉ်များဖြင့် ရန်ကုန် - မော်လမြိုင် ခရီးစဉ်ကို ယခုလမှ စတင်ကာ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ 
ရန်ကုန်-မော်လမြိုင် ခရီးစဉ်အား  စင်းလုံးငှားဖြင့်သော်  လည်း ကောင်း၊  တစ်ဦးချင်းသော် လည်းကောင်း  အီးဗွီတက္ကစီယာဉ်များဖြင့် ယခု လမှ  စတင်ပြေးဆွဲပေးလျက်ရှိရာ စီးနင်းသူ ခရီးသည် များပြားလျက်ရှိ ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် ခရီးစဉ်အား တစ်ရက်လျှင် အီးဗွီ တက္ကစီ ၁၀ စီးခန့်ဖြင့် ပြေးဆွဲပေးနေပြီး လက်ရှိတွင် ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက် အထိ ၅၀ ရာခိုင်နှုန်း လျှော့ဈေးဝန်ဆောင်မှု၊ ခရီးသည် ကြိုပို့ဝန်ဆောင်မှုများ ပေးအပ်ခဲ့သည်။
ရန်ကုန် - မော်လမြိုင် အီးဗွီတက္ကစီ ဂိတ်သည်  ရန်ကုန်မြို့  သခင်မြ ပန်းခြံ၊ အထက်ကြည့်မြင်တိုင်လမ်း ဝင်ပေါက်တွင် လည်းကောင်း၊  မော်လမြိုင် မြို့တွင် အမှတ် (၄၁/က)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြိုင်သာယာတွင် လည်းကောင်း စီးနင်းနိုင်ကြောင်း သိရသည်။ 
အီးဗွီတက္ကစီ ဝန်ဆောင်မှုတွင် ခရီးစဉ်အစအဆုံးသက်သောင့်သက် သာ စီးနင်းလိုက်ပါနိုင်ခြင်း၊ ဆူညံမှု ကင်းဝေးကာ သက်သောင့်သက်သာ စီးနင်းနိုင်ခြင်း၊ အိမ်တိုင်ရာရောက်ကြိုပို့ပေးခြင်း အစရှိသော ဝန်ဆောင် မှုများ ပါဝင်ကြောင်း သိရသည်။ 

 

ကိုတိုး