နိုင်ငံတစ်ခု၏ ငွေကြေးစနစ် တိုးတက်ဖွံ့ဖြိုးရန်အတွက် နိုင်ငံအစိုးရများ သည်နည်းလမ်း အမျိုးမျိုး ဖြင့်ဆောင်ရွက်ကြရာ တွင် ငွေချေးစာချုပ်တိုးတက်ဖွံ့ဖြိုးရေးသည်အဓိကနေရာမှ ပါဝင် ပတ်သက်လျက်ရှိသည်။ အစိုးရသည် ၎င်းတို့၏ တစ်နှစ်တာ ရငွေနှင့် သုံးငွေများကိုနှိုင်းယှဉ်တွက်ချက်ကြပြီး လိုငွေများရှိသည့် အခါတိုင်း ယင်းလိုငွေကိုဖြည့်တင်းကြရသည်။ ယင်းသို့ဖြည့်တင်း ကြရာတွင် ကာလရှည်ငွေချေးစာချုပ်များကို ထုတ်ဝေသည်ရှိ သလို ကာလတို ငွေတိုက်ဘီလ်များလည်း ထုတ်ဝေဖြည့်တင်းကြ သည်။ အဓိကအားဖြင့် ငွေတိုက်စာချုပ်များကို အများပြည်သူသို့ ထုတ်ဝေရောင်းချကာ ဖြည့်တင်းကြသည်။ ထိုသို့ရောင်းချကြရာ တွင် အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများ၊ တစ်ဦးချင်း ရင်းနှီး မြှုပ်နှံသူများက ဝယ်ယူရင်းနှီးကြသည်။ ငွေချေးစာချုပ်များကို သက်တမ်း တစ်နှစ်နှင့်အထက် နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်၊ ၁၀ နှစ်၊ အနှစ် ၃၀ စသည်ဖြင့် ထုတ်ဝေကြပြီး အတိုးနှုန်းမှာလည်း ကာလ သက်တမ်းကိုလိုက်၍ အမျိုးမျိုးပေးလေ့ရှိသည်။ ငွေတိုက်စာချုပ် တစ်ခု၏တန်ဖိုးကိုလည်း ရင်းနှီးမြှုပ်နှံသူ အရွယ်အစား အမျိုးမျိုးမှ ဝယ်ယူနိုင်စေရန် အမျိုးအစားစုံလင်စွာ ထုတ်ဝေကြသည်။ ငွေ ချေးစာချုပ်၏ အတိုးများကိုလည်း တစ်နှစ်လျှင်နှစ်ကြိမ် ပေးလေ့ ရှိကာနှစ်ကာလသက်တမ်းပြည့်ပါက ဝယ်ယူထားသည့် အရင်းငွေ ကို ပြန်အမ်းပေးသည်။
ငွေချေးစာချုပ်များသည် ထုတ်ဝေထားသောကာလ သက် တမ်းမစေ့မီ တစ်ဦးနှင့်တစ်ဦး လွတ်လပ်စွာ လွှဲပြောင်းရောင်းချ နိုင်ကြပြီး အများအားဖြင့် စတော့ဈေးကွက်တွင်လည်းကောင်း၊ စတော့ ဈေးကွက်ပြင်ပOTC ဈေးကွက်တွင် လည်းကောင်း ရောင်းချကြသည်။ ငွေချေးစာချုပ်များကို အစိုးရများအပြင် နိုင်ငံ ပိုင်စီးပွားရေးအဖွဲ့များ၊ မြူနီစီပါယ်များ၊ ကော်ပိုရေးရှင်းများ၊ ကုမ္ပဏီကြီးများကလည်း ၎င်းတို့လိုအပ်သည့် ကာလရှည်ဘဏ္ဍာ ငွေလိုအပ်ချက်အရလည်း ထုတ်ဝေကြသည်။
နိုင်ငံတော်အစိုးရမှ ထုတ်ဝေသည့် ငွေချေးစာချုပ်များသည် ငွေချေးစာချုပ်အတွက် ကျောထောက်နောက်ခံ အဖြစ်အာမခံ ပစ္စည်းများ ၊ ပိုင်ဆိုင်ပစ္စည်းများကို တင်ပြရန်မလိုဘဲ ထုတ်ဝေနိုင် သည်။ နိုင်ငံတော်မှ လွဲ၍အခြားသောအဖွဲ့အစည်းများမှာ ထုတ် ဝေသည့် ငွေချေးစာချုပ်များအတွက်မူ ထုတ်ဝေမည့်အဖွဲ့၏ ကျောထောက်နောက်ခံ တောင့်တင်းမှုကို ပြသသည့်အနေဖြင့် လည်းကောင်း၊ အချိန်စေ့လျှင် ပြန်အမ်းနိုင်ခြေ အပြည့်အဝရှိ သည်ကို ပြသည့်အနေနှင့်လည်းကောင်း မိမိတို့ပိုင်ဆိုင်ထားသည့် ပစ္စည်းစာရင်းများကို တင်ပြကြရသည်။
အချို့သော သက်တမ်းကြာရှည်စွာအောင်မြင်မှုရရှိလာပြီး နာမည်ကောင်းရရှိထားသော ကုမ္ပဏီများသည်လည်း မိမိတို့၏သိက္ခာသမာဓိကို အခြေခံကာ ထုတ်ဝေကြပြီး ငွေချေးစာချုပ် ထုတ်ဝေရာတွင် ကျောထောက်နောက်ခံ အပေါင်ပစ္စည်းများ မပါ ဝင်ဘဲ ထုတ်ဝေကြသည်။ ယင်းကို ဒီဘင်ချာ(Rating Agencies)ဟု ခေါ် ဆိုသည်။
ငွေချေးစာချုပ်များကို ထုတ်ဝေရာတွင် ထုတ်ဝေသည့်အဖွဲ့ အစည်းများ၏ ငွေကြေးခိုင်မာမှုမည်မျှ ရှိ၊ မရှိ၊ စီမံခန့်ခွဲမှုမည်မျှ ကောင်းမကောင်း၊ လုပ်ငန်း၏ ရှေ့အလားအလာများ၊ ဆုံးရှုံးနိုင် ခြေရှိမှုများကို အကဲဖြတ်ပေးသည့်အဖွဲ့ Rating Agencies))များ လည်း ပေါ်ပေါက်လာရသည်။ ယင်းအဖွဲ့တို့သည် ငွေချေးစာချုပ် ထုတ်ဝေမည့်အဖွဲ့များကို ကွင်းဆင်းစစ်ဆေးခြင်း၊ စာရင်းဇယား များကို စစ်ဆေးခြင်း၊ အုပ်ချုပ်စီမံခန့်ခွဲသူများ၏ အရည်အချင်း၊ ငွေကြေးသုံးစွဲမည့် ရည်ရွယ်ချက်၊ ဈေးကွက်၏ အနေအထား စသည်တို့ကို သုတေသနပြုလုပ် တွက်ချက်ကာ ဆုံးရှုံးနိုင်ခြေ အဆင့်အတန်း သတ်မှတ်ချက်Rating များကို ထုတ်ပြန်ကြေညာ ပေးရသည်။ Rating များမှာAAA AA A A+ BBB BB B B+ CCC CC C+ စသည်ဖြင့် သတ်မှတ်ပေးကြပြီး ဗဗဗ မှာ ဆုံးရှုံးနိုင်ခြေ အနည်းဆုံးဖြစ်သည်။AAA မှာ ဆုံးရှုံးနိုင်ခြေ အများဆုံးဖြစ်သည်။ အများအားဖြင့် နိုင်ငံတော်အစိုးရမှထုတ်ဝေ သည့် ငွေချေးစာချုပ်များသည် CCC အဆင့်ရှိ ငွေချေးစာချုပ်များ ဖြစ်သည်။ ထို့ကြောင့် အစိုးရငွေချေးစာချုပ်များသည် အခြား သော ငွေတိုက်စာချုပ်များအတွက် နှိုင်းယှဉ်စရာ နမူနာပြစံနှုန်း benchmark အဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာပေါ်တွင် ထင်ရှား သော အဆင့်အတန်း သတ်မှတ်သည့်အဖွဲ့များမှာ Standard and Poors , Moodys, Fitch စသည်တို့ဖြစ်ပါသည်။
စွန့်စားမှုနှင့် ရလဒ်
ငွေချေးစာချုပ် ထုတ်ဝေသူများသည် မိမိတို့ကိုသတ်မှတ် ထားသော အဆင့်အတန်းကိုလိုက်၍ အတိုးနှုန်းနှင့်ကာလ သတ် တမ်းအမျိုးမျိုးကို သတ်မှတ်ထုတ်ဝေကြသည်။ ဥပမာ – AAA အဆင့်ရှိ ငွေချေးစာချုပ်ကို ငွေချေးစာချုပ်ကို တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်းနှင့် ထုတ်ဝေချိန်တွင်BBB အဆင့်ရှိငွေချေးစာချုပ်ကို ၅ ရာခိုင်နှုန်းထက်မြင့်သည့် အတိုးနှုန်း ဥပမာ- (၇) ရာခိုင်နှုန်းနှင့် ထုတ်ဝေကြသည်။ ဆိုလိုသည်မှာ စွန့်စားမှုများများ ရယူပါက အတိုးများများရနိုင်ပြီး စွန့်စားမှုမရယူလိုသူများက အတိုးနည်း နည်းရသည့်သဘောဖြစ်သည်။ သို့သော် ဤသည်မှာ မိမိတို့ ဝယ် ယူသူများ၏ ဆုံးဖြတ်ချက်ဖြစ်သည်။
ငွေချေးစာချုပ် ဝယ်ယူရင်းနှီးမြှုပ်နှံသူ အမျိုးမျိုးရှိသည်။ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများရှိသလို အဖွဲ့အစည်းလိုက် ရင်းနှီး မြှုပ်နှံသူများဖြစ်သည့် ပင်စင်ရန်ပုံငွေအဖွဲ့များ၊ အာမခံရန်ပုံငွေ အဖွဲ့များ၊ အကျိုးတူရန် ပုံငွေအဖွဲ့များ၊ ယုံကြည်အပ်နှံစီမံခန့်ခွဲ သည့် အဖွဲ့များ၊ ဘာသာရေးအဖွဲ့များ၊ သက်သာချောင်ချိရေးအဖွဲ့ များက ဝယ်ယူရင်းနှီးကြသည်။ ရင်းနှီးမြှုပ်နှံသူတို့သည် မိမိတို့ ၏ ဘဏ္ဍာရေး စီမံချက်အရစိတ်ကူးအမျိုးမျိုးဖြင့် ဝယ်ယူ စုဆောင်း ကြသဖြင့် မိမိတို့ဝယ်ယူကြသည့် ငွေချေးစာချုပ်အမျိုးအစားများ မှာလည်း တူညီမှုမရှိနိုင်ပါ။ အချို့သောအဖွဲ့များက ဆုံးရှုံးနိုင်ခြေ များသည့် ငွေချေးစာချုပ်များကို အတိုးများများနှင့် ဝယ်ယူကြ သလို အချို့ဆုံးရှုံးနိုင်ခြေကို မခံလိုသူများကလည်း စိတ်ချရပြီး အတိုးနည်းသည့်ငွေချေးစာချုပ်များကို ဝယ်ယူကြသည်။
ငွေချေးစာချုပ်အတိုးနှုန်းနှင့် ဘဏ်တိုးနှုန်းတို့ ဆီးဆောစနစ်
ငွေချေးစာချုပ်များတွင်ပေးသော အတိုးနှုန်းသည် နိုင်ငံ တော်အစိုးရမှ သတ်မှတ်ပြဋ္ဌာန်းသော ဘဏ်တိုးနှုန်းနှင့်တိုက်ရိုက် ဆက်စပ်လျက်ရှိသည်။ အစိုးရအတိုးနှုန်းများ လျှော့ချလိုက်သော အချိန်တွင် ငွေချေးစာချုပ် များ၏အတိုးနှုန်းမှာ အမြင့်တွင်ရောက် နေပါက ယင်းငွေချေးစာချုပ်များကို ဈေးကွက်တွင် အပိုကြေး premium များ ပေးကာ ဝယ်ယူရောင်းချလေ့ရှိကြသည်။ ငွေချေး စာချုပ်များ ဈေးကောင်းသည့် အချိန်ဟု သတ်မှတ်ကြသည်။ အကယ်၍ အစိုးရမှ အတိုးနှုန်းများကို မြှင့်တင်လိုက်၍ ငွေတိုက် စာချုပ်များက အတိုးနှုန်းအောက် ရောက်သွားချိန်တွင် ယင်းငွေ တိုက်စာချုပ်များကို ဈေးကွက်တွင်လျှော့နှုန်းdiscount ဖြင့် အရောင်းအဝယ်ပြုလုပ်ကြသည်။ ယင်းအချိန်သည်ငွေချေးစာချုပ် ကိုင်ဆောင်ထားသူများ မျက်နှာငယ်ချိန်ဖြစ်သည်။ ထို့ကြောင့် အချို့ငွေချေးစာချုပ်များတွင် အတိုးနှုန်းဒဏ်ကို ကာကွယ်ရန် ထုတ်ဝေထားသည့် ငွေချေးစာချုပ်များကို အချိန်မစေ့မီ ပြန်လည် ခေါ်ယူနိုင်သော အင်္ဂါရပ် Call featuresများ ထည့်သွင်းကာ ရောင်းချလေ့ရှိကြသည်။ဥပမာ- အတိုးနှုန်းများ ချလိုက်ချိန်တွင် မိမိတို့ ထုတ်ဝေထားသည့် ငွေချေးစာချုပ်များသည် အတိုးကြီး ကြီးပေးနေရပါက တွက်ခြေမကိုက်သောကြောင့်မူလ ထုတ်ဝေစဉ် ကတည်းကအချိန် မတိုင်မီပြန်ခေါ်ခွင့်များ ထည့်သွင်းရေးဆွဲထား ခြင်းဖြစ်သည်။ သို့သော် အချိန်မတန် မီပြန်ခေါ်ပါက အပိုကြေး ပေးကာ ခေါ်လေ့ရှိသည်။
ငွေချေးစာချုပ်အမျိုးအစားများ
ကမ္ဘာပေါ်တွင် ငွေကြေးစနစ်များတိုးတက်ထွန်းကားလာ သည်နှင့်အမျှ ငွေချေးစာချုပ်များကိုလည်း အမျိုးအစားစုံလင်စွာ ဖြင့် ထုတ်ဝေလာကြပါသည်။ ၎င်းတို့မှာ-
(က) Straight bond
(ခ) Debenture
(ဂ) zero coupon bond
(ဃ) bond with warrant
(င) convertible bondစသည်တို့ဖြစ်သည်။
Straight bond ဆိုသည်မှာ ငွေချေးစာချုပ်များကို ထုတ် ဝေစဉ်က အခြားသော မက်လုံးများမပါဝင်ဘဲ နှစ်စဉ် ပေးဝေသည့် အတိုးနှုန်းနှင့် သက်တမ်းကုန်လျှင် အရင်းငွေသာ ပြန်လည်ရနိုင် သည့်ငွေချေးစာချုပ်များ ဖြစ်သည်။ အခြားသောလဲလှယ်ခွင့်များ မပါဝင်ပါ။
Debenture ဆိုသည်မှာ ထုတ်ဝေသူသည့် ၎င်း၏သက်တမ်း ရှည်ကြာကာနာမည်ကောင်းရမှု၊ စိတ်ချရမှုအပေါ် မူတည်ကာ အာမခံပစ္စည်းများ ကျောထောက်နောက်ခံမပါဝင်ဘဲ ထုတ်ဝေ သည့် ငွေချေးစာချုပ်များဖြစ်သည်။ စိတ်ချရမှုအားကောင်းသော ကြောင့် အတိုးပေးငွေ၊ အခြားငွေချေးစာချုပ်များထက် နည်းပါး ပါသည်။
Zero coupon bondဆိုသည်မှာ ထုတ်ဝေသူက အတိုးနှုန်း တစ်ခုသတ်မှတ်လိုက်ကာ အတိုးမပေးသော်လည်း စတင်ရောင်း ချစဉ်ကတည်းက လျော့နှုန်းနှင့်ရောင်းချပြီး အချိန်စေ့လျှင် ဝယ် ယူစဉ်ကထက် ငွေပိုမိုရရှိစေသည့် ငွေချေးစာချုပ်များဖြစ်သည်။
Bond with warrant ဆိုသည်မှာ ထုတ်ဝေသည့် ငွေချေး စာချုပ်တွင် တမေမညေအ ဟုခေါ် ဆိုသော စာရွက်ကလေးတစ်ခုတွဲ ထားကာ ယင်းစာရွက်ကလေးသည် တစ်ချိန်တွင် ထုတ်ဝေသော ကုမ္ပဏီ၏ သာမန်ရှယ်ယာများကို ဝယ်ယူပိုင်ခွင့်ဖြစ်သည်။ ဥပမာ- တမေမညေအငါးစောင်လျှင် ရှယ်ယာတစ်စောင်နှင့် လဲလှယ် ပိုင်ခွင့်ဖြစ်သည်။ ယင်း တမေမညေအ များကို သီးခြားဖြုတ်ယူ၍ တန်ဖိုး တစ်ခုသတ်မှတ်ကာ စတော့ဈေးကွက်တွင်ရောင်းဝယ်နိုင်ကြပါသည်။
Convertible bondဆိုသည်မှာ မူလက ငွေချေးစာချုပ် အဖြစ် ထုတ်ဝေသော်လည်း ကြိုတင်သတ်မှတ်ထားသည့် သက် တမ်းတစ်ခုရောက်သည်နှင့် ရှယ်ယာအဖြစ် ပြောင်းလဲသတ်မှတ် နိုင်သည့် ငွေချေးစာချုပ်များဖြစ်ပေသည်။
Reference: Investment guide book
ထွန်းသက်ထွန်း