Main menu

Background

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်လှစ်

Mon, 04/07/2025 - 10:02 -- journal_editor

မတ် ၂၂ ရက်နံနက်က စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာန၊   ပို့ကုန်သွင်း ကုန်ရုံး      ရန်ကုန်တိုင်းဒေသကြီးတွင် အပြည်ပြည်ဆိုင်ရာ      ကုန်သွယ်မှု အခြေခံသင်တန်း   (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးကျော်ရွှေထွန်း တက်‌ ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊   ဝန်ကြီးဌာန  လက် အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူ များ၊  မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် UMFCCI မှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်းမှ သင်တန်းသားဟောင်းများ၊ သင်တန်းနည်းပြများနှင့် အပြည်ပြည် ဆိုင်ရာ  ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၁၁)မှ  သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းမှာ သင်တန်း ကာလ    လေးလကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊  သင်တန်းသူ  ၁၀၅ ဦး တက်ရောက်ကြောင်း     သိရသည်။

TTI