Main menu

Background

၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

Mon, 04/07/2025 - 10:55 -- journal_editor

စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးက ၂၀၂၅ ခုနှစ်  ကမ္ဘာ့စားသုံးသူ အခွင့်အရေးများ နေ့ အခမ်းအနားကို  မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမတွင် မတ် ၁၀ ရက်က ကျင်းပခဲ့သည်။ 
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်  အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စားသုံးသူ ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော် ကျော်လွင်နှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၄၀ဝ ဦး တက်ရောက်ခဲ့သည်။ 
အခမ်းအနားကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပြီး ပထမပိုင်းအခမ်းအနား စတင်ချိန်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့နှင့်ပတ်သက်သည့်  Video clipအား ဖွင့် လှစ်ပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 
ဆက်လက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်က   ကြိုဆိုနှုတ်ခွန်းဆက်စကား   ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း သမီးပျိုများက ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကို ၂၀၂၅ ခုနှစ်  ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့  အထိမ်းအမှတ် ကျောက်စီ ပန်းချီကားအား ဂါရဝပြုပေးအပ်ခဲ့ပြီး ဧည့်သည်တော်ကြီးများ နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ 
ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်  အဖွဲ့ဝင်ဝန်ကြီးများက ပြခန်းများအားလှည့် လည်ကြည့်ရှုပြီး အခမ်းအနား တက်ရောက်လာကြသူများ အား လန်းဆန်းစာဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ပထမပိုင်းအခမ်း အနားအောင်မြင်ပြီးမြောက်ခဲ့သည်။ ဒုတိယပိုင်း အခမ်းအနား စတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်တိုင်း  ဒေသကြီးဦးစီးမှူးက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ စတင်ပေါ်ပေါက်လာခဲ့သည့် အခြေအနေများ၊ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း  လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့သည်။ 
ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ စုစုပိုင်က အစားအသောက်  ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ သိကောင်းများ၊ အစာအာဟာရဆိုင်ရာသိပ္ပံနှင့် နည်း ပညာအသင်းမှ ဘဏ္ဍာရေးမှူး ဒေါက်တာရီရီမြင့်က စားသုံး သူများအတွက် ဓာတုဆိုးဆေးများ အသုံးဝင်ပုံနှင့် အန္တရာယ် များခေါင်းစဉ်တို့ဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်။ 
ဆက်လက်၍   ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းများ အပါအဝင် ဟောပြော ဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲမှ Óဏ် စမ်းပ‌ဟေဠိ ပြိုင်ပွဲကျင်းပ၍ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး ဧည့်သည် တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကာ ဒုတိယ ပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ 

မြသူ (DOCA YGN)