Main menu

Background

မအူပင်မြို့နယ်တွင် ကြက်ဥ ဈေးကောင်းရရှိ၍ ဥစားကြက် မွေးသူများပြားလာ

Mon, 05/05/2025 - 11:51 -- journal_editor

ဧရာဝတီတိုင်းအတွင်းရှိ မအူပင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သူ တောင်သူများ၊  ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လာသူများနှင့် စီးပွား ရေးလုပ်ငန်းရှင်များလည်းရှိသည်။ မွေးမြူရေးလုပ် ငန်းတွင် ငါးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ပြီး တစ်ဖက်တစ်လမ်း ဝင်ငွေပိုမိုရရှိနိုင်ရန်နှင့် ငါး မွေးမြူရာတွင် အထောက်အကူပြုစေရန်အတွက် ကြက်နှင့်  ဘဲများကို ငါးကန်များတွင် တွဲဖက်၍ မွေးမြူလာကြသည်။  
ထိုသို့ တစ်ပိုင်တစ်နိုင်မှစ၍ စီးပွားဖြစ်မွေး မြူရာတွင် မွေးမြူသည့် တိရစ္ဆာန်အတွက်သင့်လျော် ကောင်းမွန်သည့်  မွေးမြူရေးခြံကို  တည်ဆောက် ပေးရန်လိုအပ်ပြီး  စနစ်တကျ  မွေးမြူနိုင်မှသာ ကြက်ဥ/ဘဲဥ အထွက်ကောင်းမွန် မည်ဖြစ်သည်။ ကြက်ခြံများကို  ရာသီဥတုဒဏ်ကို ခံနိုင်ရန်အတွက် နေဒဏ်၊  မိုးဒဏ်၊ လေဒဏ်များကို   ခံနိုင်သည့် အဆောက်အဦးများ လိုအပ်သည်။  အသားတိုး ကြက်မွေးမြူပါက ပြင်ပလူနှင့်အခြားသောသတ္တဝါ များ  ဝင်ရောက်မှုမရှိစေရန်  ကြက်ခြံကို တည် ဆောက်ရမည်ဖြစ်သည်။ ကြက်များအား သဘာဝ လွှတ်ထားခြင်းထက်  ခြံလှောင်မွေးမြူခြင်းဖြင့် အစာကျွေးခြင်း၊ ရေတိုက်ခြင်း၊ ဖမ်းယူခြင်း၊ ချိန် တွယ်ခြင်း၊ ရောင်းချခြင်း အစရှိသဖြင့် ကြက်ခြံစီမံ ခန့်ခွဲမှုများကို ဆောင်ရွက်ရာတွင် ပို၍လွယ်ကူစေ သည်။ 
တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများမှ  ကြက်ဥနှင့်  ဘဲဥများ ထွက်ရှိမှုနှင့် ရောင်းအား ကောင်းမွန်လာမှုကြောင့် တိုးချဲ့မွေးမြူ လုပ်ကိုင် သူများပြားလာသည်။   ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင်  သွင်းအားစုများဖြစ်သည့် အစာ နှင့်  ဆေးဈေးများ  အနည်းငယ်မြင့်တက်လာပြီး ကြက်ခြံဆောက်လုပ်ရေးစရိတ်လည်း အနည်းငယ် မြင့်တက်လာသည့်အပြင်   အထွေထွေကုန်ကျ စရိတ်နှင့်  လုပ်အားခများ မြင်တက်လာသော ကြောင့် ကြက်ဥဈေးနှုန်းများမြင့် တက်လာခြင်း ဖြစ်ကြောင်း  သိရသည်။ 
ဥစားကြက်များကို အကောင် ၁၀ဝ လျှင် ငွေကျပ် ၃၀ဝ၀ဝ၀ နှုန်းဖြင့် ဝယ်ယူမွေးမြူရကြောင်း သိရသည်။ ယခင်ကဆိုလျှင် ငွေကျပ် ၂၅၀ဝ၀ဝ ဖြင့် ဝယ်ယူမွေးမြူရသည်။ ဥစားကြက်များ ၁၆ ပတ်သား တစ်ကောင်လျှင် လက်ရှိဈေးနှုန်း ငွေ ကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် ဝယ်ယူမွေးမြူရသည်။ ကြက်အကောင်ရေတိုးပွားရန် ကြက်သားဖောက် ၍ မွေးမြူကြောင်းနှင့် ကြက်အကောင်ပေါက် ပြန် လည်ရောင်းချခြင်းများလည်းရှိကြောင်း  ကြက်ခြံ လုပ်ငန်းရှင်ထံမှ သိရသည်။ 
အသားငါးဈေးများနှင့်အတူ  ကြက်ဥနှင့် ဘဲဥဈေးများလည်း မြင့်တက်လာသဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစ၍ စားသုံးသူများ သက် သာသော  ဈေးနှုန်းဖြင့်  ဝယ်ယူရရှိနိုင်ရန် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏  လမ်းညွှန်မှုဖြင့်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ   ဦးဆောင်၍  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ကြက်ခြံ/ဘဲ ခြံမွေးမြူရေးလုပ်ငန်း ရှင်များ၊ အရောင်းဒိုင်များပူးပေါင်း၍ ကြက်ဥတစ် လုံးလျှင် ကျပ် ၃၅၀၊ ဘဲဥတစ်လုံးလျှင် ကျပ် ၅၀ဝ နှုန်းဖြင့်  ပြည်သူများ လက်ဝယ်အရောက် နေ့စဉ် ရောင်းချပေးလျက်ရှိသည်။ 
ရောင်းချမှုအနေဖြင့်   မအူပင်ခရိုင်အတွင်း ရှိ  (မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ) တွင်   တနင်္လာနေ့မှ  သောကြာနေ့အထိ  တစ်ရက်လျှင် ကြက်ဥအလုံးရေ ၂၅၅၀ဝ နှင့်    ဘဲဥအလုံးရေ ၂၅၀ဝ ကို  ပုံမှန်ရောင်းချပေးနေကြောင်း သိရ သည်။ အခြားသော ကြက်သား၊ ငါးနှင့် ဆီများကို လည်း ရောင်းချပေးနေပြီး စားသုံးသူရေးရာဦးစီး ဌာနမှ နေ့စဉ်ရောင်းချမှု  ပိဿာနှင့် ကြက်ဥ၊ ဘဲဥ အလုံးရေစာရင်းများကို ကြီးကြပ် ကြပ်မတ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
မအူပင်ခရိုင်သည်  စိုက်ပျိုးရေးကို အဓိက ထားစိုက်ပျိုးသလို  မွေးမြူရေးလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိရာ  မွေးမြူရေးခြံမှ ထွက်ရှိသော ငါး၊ ကြက်ဥနှင့် ဘဲဥများကို ရန်ကုန်သို့ အဓိကထား တင်ပို့ရောင်းချနေကြောင်း သိရသည်။ မအူပင် မြို့နယ်အတွင်း ကြက်ခြံမွေးမြူရေးလုပ်ငန်းကို  ၂၀၁၅ ခုနှစ်က စတင်လုပ်ကိုင် ဆောင်ရွက်လာကြ သည်။ မအူပင်မြို့နယ်တွင် ဥစားကြက်ခြံ ၁၇၁ ခြံရှိပြီး အကောင်ရေ ၉၀၅၀ဝ၀ ဥစားကြက်ခြံပိုင်ရှင် ၂၂ဦး နှင့် အသားစား ကြက်ခြံ ၁၂၅ ခြံရှိပြီး မွေးမြူ အကောင်ရေ ၅၈၀ဝ၀ဝ မွေးမြူသူလုပ်ငန်းရှင် ၃၇ ဦးရှိကြပြီး   ၎င်းခြံများမှ  ကြက်ဥ၊ ဘဲဥများကို မြို့နယ်တွင်းရှိ လက်ကားဒိုင်များသို့ ရောင်းချခြင်း နှင့်   နီးစပ်ရာမြို့များနှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ကြောင်း သိရသည်။  
မအူပင်မြို့နယ်၌  ဧပြီနောက်ဆုံးပတ်တွင် ကြက်ဥအလုံး ၃၀ ပါ    တစ်ကတ်လျှင်  ငွေကျပ် ၁၃၅၀ဝ ဘဲဥဈေး အလုံး ၃၀ ပါ တစ်ကတ်လျှင် ကျပ်  ၁၅၉၀ဝ၊ လက်လီဈေးအနေဖြင့် ကြက်ဥ တစ်လုံးလျှင် ကျပ် ၅၀ဝ၊  ဘဲဥ တစ်လုံးလျှင် ကျပ် ၆၀ဝဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ 
မအူပင်မြို့နယ်မှ      မွေးမြူထွက်ရှိသော ကြက်ဥ၊ ဘဲဥများကို မွေးမြူရေးခြံလုပ်ငန်းပိုင်ရှင် များက တစ်ပတ်လျှင် ခြောက်ဘီးကား တစ်စီးဖြင့် ရန်ကုန်သို့ တင်ပို့လျက်ရှိကြောင်း ကြက်ဥ၊ ဘဲဥ များဈေး ကောင်းရလာသည့်အတွက် မွေးမြူရေး လုပ်ငန်းရှင်များ၊  ကြက်ခြံပိုင်ရှင်များ  တွက်ခြေ ကိုက်ကြောင်း သိရသည်။ 

သဇင် (မအူပင်)