Main menu

Background

၀န်ထမ်းများ၏ စတော့ပိုင်ဆိုင်မှု အစီအစဉ်

Mon, 05/05/2025 - 14:30 -- journal_editor

ကုမ္ပဏီတစ်ခုမှ ထုတ်ဝေထားသည့် စတော့ရှယ်ယာများကို ၎င်းကုမ္ပဏီ၏ ဝန်ထမ်းများအား ပိုင်ဆိုင်ခွင့်ပေး သည့်အစီအစဉ် ကို Employee Stock Ownership Plan (ESOPဟုခေါ်သည်။ နှဥဏ ရှယ်ယာများသည် ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများရရှိသည့် လုပ်ခလစာများ၏ တစ်စိတ်တစ် ပိုင်းဖြစ်ပြီး ကုမ္ပဏီ၏ စွမ်းဆောင်ရည်မြင့်တက်ရေးနှင့် ရှယ်ယာ  ဈေးနှုန်းများ မြင့်တက်စေရေးတို့ကို ရည်ရွယ်၍  နှဥဏ အစီ အစဉ်ကို ဆောင်ရွက်လေ့ရှိသည်။ ဤအစီအစဉ်ကို ဝန်ထမ်းများ သို့ ပါဝင်ခွင့်ပြုခြင်းဖြင့် ကုမ္ပဏီ၏ အကျိုးစီးပွားကို ပိုမိုတိုးတက် လိုစိတ်ဖြစ်ပေါ်စေသလို ရှယ်ယာရှင်များအတွက် အကောင်းဆုံး ဖြစ်စေရန် မည်သို့ ဆောင်ရွက်မည်ဆိုသည့် တွန်းအားများလည်း ဖြစ်ပေါ်စေသည်။ 
ကုမ္ပဏီသည် ဝန်ထမ်းများအား အပိုစရိတ်များ မကုန်ကျ စေဘဲ ရှယ်ယာပိုင်ဆိုင်ခွင့်များကို ပေးအပ်လေ့ရှိသည်။ ကုမ္ပဏီ သည် ဝန်ထမ်းများပိုင်ဆိုင်သည့် ရှယ်ယာများကို လုံခြုံအပ်နှံဌာန ((trustee))များတွင် အပ်နှံထားပြီး အရင်းနှင့် တိုးပွားလာသည့် ငွေ များကို ဝန်ထမ်းဘဝ ကုန်ဆုံးသည်အထိ ထိန်းသိမ်းထားရှိသည်။ ကုမ္ပဏီသည် ဝန်ထမ်းများထည့်ဝင်ထားသည့် ငွေမှ နှစ်စဉ်ရရှိ သည့် အမြတ်အစွန်းများကို  ထပ်မံထည့်ဝင်စေပြီး ဝန်ထမ်းဘဝမှ အနားယူသည့်အချိန်မှသာ  ပြန်လည်ထုတ်ပေးလေ့ရှိသည်။ ဝန်ထမ်း အငြိမ်းစားယူသည့် အချိန် (သို့) အလုပ်မှ ထွက်ခွာသည့် အချိန်တွင်  ကုမ္ပဏီသည် ၎င်းဝန်ထမ်း၏ ပိုင်ဆိုင်ထားသည့် ရှယ်ယာများအားလုံးကို အပြီးအပိုင် ပြန်လည်ဝယ်ယူလိုက်ကာ ငွေများကိုအမ်းလိုက်သည်။ သို့သော် ဝန်ထမ်းသည် ရှယ်ယာများ ကို ယူဆောင်သွားခွင့်မရှိဘဲ ငွေသားဖြင့်သာ တစ်လုံးတစ်ခဲတည်း ခံစားခွင့် ရှိသည်။ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများသည် မိမိ ထည့်ဝင်ထားသည့် ငွေပမာဏကိုသာ ခံစားခွင့်ရှိသည်။ ကုမ္ပဏီ တစ်ခုချင်းစီ၏ ESOP  အစီအစဉ်အပေါ် မူတည်ကာ အရစ်ကျ ထုတ်ယူခြင်း သို့မဟုတ် တစ်လုံးတစ်ခဲတည်း ပေးအပ်ခြင်းကို ပြုလုပ်နိုင်သည်။ ဝန်ထမ်း အငြိမ်းစားယူချိန်တွင် ကုမ္ပဏီအနေ နှင့် ပြန်လည်အမ်းပေးလိုက်သည့် ရှယ်ယာများကို အခြားသူသို့ ပြန်လည်ဖြန့်ချိခြင်း  သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်နိုင် သည်။ 
ဝန်ထမ်းများအားလုံးမှ ပိုင်ဆိုင်သည့် ကော်ပိုရေးရှင်းများ လည်းရှိသည်။ ၎င်းတို့သည် သမဝါယမ အသင်းများနှင့် ပုံစံတူ သည်။ သို့သော် ကွဲလွဲသည့်အချက်မှာ ရှယ်ယာထည့်ဝင်သည့် ပမာဏ တူညီစွာ မရှိခြင်းပင်ဖြစ်သည်။ အဆိုပါကော်ပိုရေးရှင်း အများစုတွင် ဝန်ထမ်းများကို မဲပေးပိုင်ခွင့် ပြုထားပြီး အချို့သာ ဝါရင့်ဝန်ထမ်းကြီးများကို ရှယ်ယာအရေအတွက် ပိုမိုခံစားခွင့်ပေး ထားခြင်းလည်းရှိသည်။ 
အဆိုပါစတော့ပိုင်ဆိုင်မှု  အစီအစဉ်တွင် အပိုဆောင်း အကျိုးခံစားခွင့်များပါရှိပြီး ဝန်ထမ်းများကို ကုမ္ပဏီအား ရန်လို စေသည့်  အပြုအမူများကို အကာအကွယ်ပြုထားသည့်အပြင် ကုမ္ပဏီတစ်ခုချင်းစီ၏ ကော်ပိုရိတ် အစဉ်အလာများအရ ကုမ္ပဏီ စီမံခန့်ခွဲမှုအဖွဲ့မှ လိုအပ်သလို ထိန်းကျောင်းနိုင်သည့်  အခွင့် အရေးကို ဖန်တီးထားသည်။ သို့အတွက် ကုမ္ပဏီဝန်ထမ်းများအနေ နှင့် ကုမ္ပဏီရှယ်ယာများကို လိုအပ်သလောက် ဝယ်ယူခွင့်ကိုလည်း ထိန်းချုပ်ထားသည်။
 ESOP အစီအစဉ်များကို အောက်ပါအတိုင်း ထပ်မံခွဲခြား ထားသည်။

• Direct Purchase Program
ဤအစီအစဉ်သည် ဝန်ထမ်းအား ၎င်း၏အခွန်ဆောင်ပြီး သား လစာမှ ဝန်ထမ်းတာဝန်ထမ်းဆောင်သည့်  ကုမ္ပဏီအသီး သီး၏ စတော့များကို တိုက်ရိုက်ဝယ်ယူခွင့်ရှိသည့် အစီအစဉ် ဖြစ်သည်။ အချို့သောနိုင်ငံများတွင် အခွန်တာဝန်ကျေသော ဝန်ထမ်းများအတွက် ကုမ္ပဏီရှယ်ယာများကို လျှော့နှုန်းဖြင့် ဝယ်ယူခွင့်အစီအစဉ်Special Tax Qualified Plan များကို ချမှတ် ထားသည်။

• Restricted Stock
ဤအစီအစဉ်သည် ကုမ္ပဏီဝန်ထမ်း တစ်ဦးအနေဖြင့် အချိန်ကာလတစ်ခု အထိတာဝန်ထမ်းဆောင်ပြီးချိန် (သို့ မဟုတ်) သတ်မှတ်ထားသည့် ရည်မှန်းချက် ပြည့်မီသည့် အချိန်တွင် လက် ဆောင်ပေးခြင်း သို့မဟုတ် ဝယ်ယူခွင့်ပြုသည့် အစီအစဉ်တစ်ခု ဖြစ်သည်။ အရည်အချင်း ပြည့်မီသည့် ဝန်ထမ်းအနေနှင့် သတ် မှတ်ကာလအတွင်း မိမိကုမ္ပဏီ၏ ရှယ်ယာများကို ပုံသေဈေးနှုန်း ဖြင့် ဝယ်ယူခွင့်ပြုသည့် အစီအစဉ်ဖြစ်သည်။

• Phantom Stock
ဤအစီအစဉ်သည် စွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်း များသို့ ဆုကြေးပေးအပ်သည့် အစီအစဉ်ဖြစ်သည်။ ပေးအပ်သည့် ငွေသားဆုကြေးကို ရှယ်ယာပေါက်ဈေးဖြင့် တန်ဖိုးသတ်မှတ်ကာ ပေးအပ်ခြင်းဖြစ်သည်။

•  Stock Appreciation Right
ဤအစီအစဉ်သည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအဖွဲ့ သို့မဟုတ် ဝန်ထမ်းများသို့ ကုမ္ပဏီ ဝင်ငွေများ တိုး တက်ရရှိခြင်းအတွက် ဆုကြေးပေးသည့်အစီအစဉ်ဖြစ်သည်။ အဆိုပါ ဝန်ထမ်းများ မူလ ပိုင်ဆိုင်သည့် ရှယ်ယာအရေအတွက်အလိုက် ရှယ်ယာအသစ်များ အချိုးကျထည့်ပေးခြင်း သို့မဟုတ် ငွေသားများ ပေးအပ်ခြင်း ပြု လုပ်ခြင်းဖြစ်သည်။
ESOP ၏ အကျိုးကျေးဇူးများ
ESOP အစီအစဉ်သည် ကုမ္ပဏီဝန်ထမ်းများအနေနှင့် မိမိ  တာဝန်ထမ်းဆောင်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းတွင် ပြန်လည် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကောင်းမွန်သည့် ရလဒ်များ ရရှိစေရန် စီမံ ရေးဆွဲထားခြင်းဖြစ်သည်။ အဆုံးတွင် ဝန်ထမ်းများသည် ကုမ္ပဏီ ၏ ရှယ်ယာများကို ပိုင်ဆိုင်လာပြီး ကုမ္ပဏီကို အောင်မြင်တိုးတက် အောင် ဆောင်ရွက်လိုသည့်စိတ်များ ဖြစ်ပေါ်စေကာ ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများ မြင့်တက်စေရန် လှုံ့ဆော်မှုများကိုဖြစ်စေ မည်ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီစတော့များ ပိုင်ဆိုင်ကြသည့် ဝန်ထမ်းများအနေနှင့် မိမိကုမ္ပဏီတွင် ရေရှည်တာဝန်ထမ်းဆောင် လိုသည့်စိတ်များ ဖြစ်ပေါ်လာစေကာ အလုပ်ထွက်သည့်နှုန်းများ လည်း လျော့ကျသွားစေနိုင်မည်ဖြစ်သည်။ 
ESOP အစီအစဉ်တွင်ပါဝင်သည့် ဝန်ထမ်းများ၏ ရှယ်ယာ များကိုTrust ဌာနများတွင် အပ်နှံထားပြီး ဝန်ထမ်း အလုပ်မှ အနားမယူမချင်း ထုတ်ခွင့်မရှိပါ။ ဝန်ထမ်းအလုပ်မှ ထွက်သည့် အချိန်  သို့မဟုတ် အနားယူသည့် အချိန်တွင်မှသာ အဆိုပါရှယ် ယာများကို ထုတ်ယူကာ ဈေးကွက်တွင် ရောင်းချခြင်း သို့မဟုတ် ကုမ္ပဏီသို့ ပြန်လည်ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်သည်။ အဆိုပါ ရှယ်ယာများကို ပြန်လည် မရောင်းချမချင်း အခွန်ပေးဆောင်ရန် မလိုအပ်ပါ။ 
ESOPအစီအစဉ်၏ ဆိုးကျိုးများ
ESOP အစီအစဉ်တွင် ပါဝင်သော ဝန်ထမ်းများအနေနှင့် မိမိတို့စုဆောင်းငွေများကို ကုမ္ပဏီရှယ်ယာများ ဝယ်ယူရခြင်း ကြောင့် အခြားသော စုဆောင်းငွေ Saving  အခွင့်အရေးများ မရှိ တော့ခြင်း၊ အခြားသော ခွဲခြမ်းစိတ်ဖြာ  ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အရေးများကို ဆုံးရှုံးစေနိုင်သည်။ ဘဏ္ဍာရေးကျွမ်းကျင်သူ များက မိမိတို့ပိုင်ဆိုင်ပစ္စည်း Asset တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ထက်ပို၍ ကုမ္ပဏီစတော့များကို မဝယ်ယူရန် အကြံပြုထားပါ သည်။ အကယ်၍ မိမိတို့ကုမ္ပဏီ၏ စွမ်းဆောင်ရည်ကျဆင်းမှု၊ ဝင်ငွေလျော့ကျမှုများဖြစ်လာပါက ရှယ်ယာဈေးနှုန်းများလည်း ကျဆင်းနိုင်ကာ အလုပ်မှ ထွက်ခွာနိုင်သည့်အခြေအနေများလည်း ပေါ်ပေါက်နိုင်သည်။ သို့သော် ဤကဲ့သို့ အခြေအနေမျိုးဖြစ်လာပါ ကလည်း ကုမ္ပဏီအနေဖြင့် ငွေစုဆောင်းသည့် အစီအစဉ်တွင် ရရှိနိုင်သည့် ပြန်ရနှုန်းများကို ပေးနိုင်သည့်  တုံ့ပြန်ဆောင်ရွက် မှုများ ဆောင်ရွက်ခြင်းဖြင့် ဆုံးရှုံးနိုင်ခြေများကို အကာအကွယ် ရရှိစေနိုင်သည်။ 
အောင်မြင်သည့် ESOP ဖွဲ့စည်းပုံ
•    ပညာရည်မြင့်မားပြီး လုပ်ခလစာကောင်းမွန်သည့် ဝန်ထမ်း အင်အားစု ရှိရန်လိုအပ်သည်။  ဤအချက်သည် လွန်စွာ အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ဝန်ထမ်းများကို ပိုင်ရှင်အဖြစ် စိတ်ဓာတ်များသွတ်သွင်းပေးရခြင်း၊ လွှဲပြောင်း ရယူနိုင်သည့် အရည်အချင်းများရှိရန်  လိုအပ်ခြင်းကြောင့် ဖြစ်သည်။ 
•    ကုမ္ပဏီသည် ငွေသားစီးဆင်းမှုCash flow အသင့်အတင့်ကောင်းမွန်ရန်လိုအပ်သည်။ ထို့အပြင် အရည်အချင်းပြည့်ဝ သည့်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့လည်း ရှိရန်လိုအပ် သည်။
ESOP  အစီအစဉ်သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့ (Private Equity Fund) များနှင့် တည်ထောင်သူပိုင်ရှင်များ အတွက် ထွက်ပေါက်ဗျူဟာ (Exit Strategy တစ်ခုဖြစ်သည်။ မိမိကုမ္ပဏီ ၏ ရှယ်ယာများကို ရောင်းထုတ်လိုသည့်အခါဖြစ်စေ၊ အခြားသော ကုမ္ပဏီတစ်ခုက ဝယ်ယူလိုသည့်အခါဖြစ်စေ ESOP  အစီအစဉ်ကို ကြားခံထားကာ  ဆောင်ရွက်လေ့ရှိကြသည်။ သို့ သော်လည်း Exit Strategy ပြုလုပ်နိုင်ရန်အတွက် ကုမ္ပဏီသည် အောက်ဖော်ပြပါ အချက်များနှင့် ပြည့်စုံရန် လိုအပ်သည်။ 
•    စီးပွားရေးလုပ်ငန်းရှင်၊  ကုမ္ပဏီပိုင်ရှင်များအနေနှင့် ၎င်းတို့ ၏ စတော့များကို ဝန်ထမ်းများသို့ သင့်တင့်မျှတသည့် ဈေး နှုန်းဖြင့် ပေးအပ်ထားခြင်းနှင့် အရည်အချင်းပြည့်ဝသည့် ကုမ္ပဏီ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းထားခြင်း။
•    ကုမ္ပဏီများ (အထူးသဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့ Private Equity Fund) များအနေနှင့် ကုမ္ပဏီ ဝယ်ယူ ခြင်း ပေါင်းစည်းခြင်းအတွက် စရိတ်စကများ သက်သာလို သည့်အခါ (သို့မဟုတ်) ပြိုင်ဘက်ကုမ္ပဏီများနှင့် ယှဉ်၍ ဈေးပြိုင်ဝယ်ယူလိုခြင်း။
•    ကုမ္ပဏီ တိုးချဲ့ရေးအတွက်  လက်ရှိ ရယူထားသည့် ချေးငွေ များကို ဖယ်ထုတ်လိုသည့်အခါ။

 

ထွန်းသက်ထွန်း