Main menu

Background

ဓာတ်သတ္တု(ရွှေ) ရည်ညွှန်ဈေး ၅၇ သိန်းကျော်တွင်ရှိနေ

Mon, 06/02/2025 - 13:12 -- journal_editor

သိပ်သည်းဆ ၁၉ ဒသမ ၂၅ နှင့်အထက်ရှိသော စံချိန်မီရွှေ တစ်ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း ကျပ် ၅၇၆၀ဝ၀ဝ ဖြစ်ကြောင်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရ အဖွဲ့က   အပ်နှင်းသည့်  အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ် ခဲ့ပြီးနောက် နေ့စဉ်ရွှေရည်ညွန်း‌ဈေးနှုန်းအား သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စံချိန်မီရွှေ ရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်ခြင်းမရှိသူများနှင့် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမှု မရှိသူများ  အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေး ကြေညာထားကြောင်း သိရသည်။ 

ကိုတိုး