Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Mon, 06/02/2025 - 13:22 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက်တွင်Thai Rice Exporter Association Website  တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၆ ဖြင့်လည်း ကောင်း၊ ဧည့်မထ(၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၄ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ 
ထိုင်းဆန်ဈေးနှုန်းများမှာ (၁၀ဝ ရာခိုင်နှုန်း) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၅ ဖြင့်လည်းကောင်း၊ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၀ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၅ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၉ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀ဝ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၂ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၆ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၇၂ ဖြင့်လည်းကောင်း၊ ပေါင်းဆန် (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၉ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association Website  တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀ဝ ရာခိုင်နှုန်း) ဘီဂရိတ်ဆန်၊ ဧည့်မထ (၂၅ ရာခိုင် နှုန်း) ဆန်နှင့် ဧည့်မထ (၅ ရာခိုင်နှုန်း)  ဆန်ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ 
အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက် လျက်ရှိပြီး ပါကစ္စတန်နိုင်ငံ၏ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက် ရှိကာ ဗီယက်နမ်နိုင်ငံ၏ ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ဗီယက်နမ်နိုင်ငံ သည် ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနေချိန်၌ ပြည်ပသို့တင်ပို့ရန် ဝယ်လိုအားကို  ဖြည့်ဆည်းနိုင်ရေးအတွက် ဆန်တင်သွင်းမှု ပမာဏကို မြှင့်တင်ရန် လိုအပ်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ နောက်၌ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန် တင်သွင်းသူဖြစ်လာနိုင်သည်ဟု အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ နောက်ဆုံးထုတ်ပြန်သော ကမ္ဘာ့လယ်ယာထွက်ကုန် ရောင်းလိုအားနှင့် ဝယ်လိုအား ခန့်မှန်းချက်၌ ဖော်ပြခဲ့သည်ကို သိရှိရသည်။  ဗီယက်နမ်နိုင်ငံ၏  ဆန်ကို ပုံမှန်ဝယ်ယူသည့် ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် ဝယ်လိုအား တန်ချိန် ၅ ဒသမ ၅ သန်း ဖြင့် ကမ္ဘာ့ဆန်အများဆုံး တင်သွင်းသူအဖြစ် ဆက်လက်တည်ရှိ နေချိန်တွင် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ တန်ချိန် ၄ သန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄ ဒသမ ၁ သန်းရှိမည်ဟုUSDA က ခန့်မှန်းထားကြောင်း သိရှိရသည်။
ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့်  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကားဈေး)တွင် ပေါ်ဆန်းနယ်စုံ(အဟောင်း) (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၂၅၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်း(အဟောင်း) ဆန်တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀ မှ ၁၅၀ဝ၀ဝ ပေါက်ဈေးရှိပါသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန်ဆန်တစ်အိတ်လျှင် ကျပ် ၅၇၅၀ဝ မှ ၅၈၅၀ဝ ကြား နှင့် ငစိန်ဆန်တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀ မှ ၆၅၀ဝ၀ ကြားပေါက် ဈေးရှိကြောင်း သိရှိရသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ဆန်ကွဲ တင်ပို့နိုင် မှုတွင် ဧည့်မထဆန်၊ ပေါင်းဆန်နှင့် ပေါ်ဆန်းဆန် စသည့် အမျိုး အစားတို့ တင်ပို့ခဲ့ကာ ဆန်တန်ချိန် ၄၅၇၁၇ တန် ပိုမို တင်ပို့ခဲ့သော် လည်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၉၅ သန်း လျော့နည်းခဲ့ပြီး ဆန်ကွဲတင်ပို့မှုတွင် တန်ချိန် ၆၅၆၈၉ တန်နှင့် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၈ ဒသမ ၄၆၃ သန်း ပိုမိုရရှိ သည်။ 
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် မေ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဆန်ချော(အသစ်)တစ်အိတ်လျှင် ၂၇၄ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ် လျှင် ၆၂၄ ကျပ်နှုန်းရှိသောကြောင့် ဆန်သစ်တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရသည်။ 

 

P&S