ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၅ ခုနှစ် မေ ၂၆ ရက်Global Petrol Prices Website တွင်ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် မြန်မာနိုင်ငံသည် ယခုတစ်ပတ်တွင် ၄ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ် ခဲ့ပြီး El Salvador နှင့် အမေရိကန်နိုင်ငံတို့တွင် ၁ ဒသမ ၆၀ ရာခိုင် နှုန်း၊ ဘာဘေဒိုနိုင်ငံတို့တွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် လက်ဘနွန် နိုင်ငံတွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၁ နိုင်ငံရှိကြောင်း တွေ့ရှိရ သည်။
Global Petrol Prices Website ၏ ယခုတစ်ပတ်အတွက် မေ ၂၆ ရက် ဖော်ပြချက်၌ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘူတန်၊ ကိုလံဘီယာ၊ အီသီယိုး ပီးယား၊ ဟန်ဂေရီ၊ မော်ရိုကို၊ စပိန်၊ သီရိလင်္ကာနှင့် ဇမ်ဘီယာ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံတွင် ယခင်တစ်ပတ်ဈေး နှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေ ကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ လာအို၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ နော်ဝေ၊ ပိုလန်၊ ဖင်လန်၊ အာဂျင်တီးနားနှင့် ဒိန်းမတ် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁၇ ဒသမ ၄၀ ရာခိုင်နှုန်း ထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၅ ခုနှစ် မေ ၂၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေ ဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၄ ဒသမ ၁၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင် နိုင်ငံတွင် သုည ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက် ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် သုည ဒသမ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် သုညဒသမ ၆၀ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် သုည ဒသမ ၇၀ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံတွင် ၄ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံ နိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲ မရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၅ ခုနှစ် မေ ၂၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် မြန်မာနိုင်ငံသည် ယခုတစ်ပတ်တွင် ၅ ဒသမ ဝ၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဘာဘေဒို နှင့် နီပေါနိုင်ငံတို့တွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်း၊ ဂျမေကာနိုင်ငံတွင် ၂ ဒသမ ဝ၀ ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံတွင် ၁ ဒသမ ၇၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံ ပေါင်း ၂၄ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ စင်ကာပူ၊ လာအို၊ ဂျပန်၊ တရုတ်(တိုင်ပေ)၊ တရုတ်၊ အာဂျင် တီးနား၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ ပိုလန်၊ ကနေဒါနှင့် ဒိန်းမတ် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၂ ဒသမ ၈၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၅ ခုနှစ် မေ ၂၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၅ ဒသမ ဝ၀ ရာခိုင် နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်း၊ မလေးရှား နိုင်ငံတွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံတွင် ၁ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် လာအို နိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့်ဈေးနှုန်းကျဆင်းခဲ့ကာ ကျန် အာဆီယံ နိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ မေ ၂၈ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၈၇၀ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၉၂၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၄၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၀၁၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီး များ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာ ရာတွင် ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၉၆၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၄၇၀၊ မြိတ်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၁၀ဝ၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၃၂၀ဝ ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၂၉၂၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၄၀၊ ပြည်မြို့တွင် ဓာတ်ဆီတစ်လီတာ လျှင် ကျပ် ၂၈၅၀၊ ဒီဇယ် တစ်လီတာလျှင် ၂၃၆၅ ကျပ်ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး များ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်း ယှဉ်လျှင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၂၀ ဈေးနှုန်းနှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၁၃၀ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း လေ့ လာသုံးသပ် တင်ပြအပ်ပါသည်။
Background