Main menu

Background

သတ်မှတ်ချိန်ရာသီကာလများနှင့် ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေများ

Mon, 07/07/2025 - 12:59 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် တည်ရှိပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်း သုံးခုအနက် အရှည်ဆုံး ကမ်းရိုးတန်းတစ်ခုဖြစ်သည်။ ကမ်းရိုးတန်းမိုင် ၂၀ဝ ရှိပြီး ပင်လယ်ထွက်ကုန်များဖြင့် အသက်မွေးဝမ်းကျောင်းပြု၍   ရေထွက်ကုန်များဖြင့် ထင်ပေါ်ကျော်ကြားသော မြို့လည်းဖြစ်သည်။ ပင်လယ် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများဖြင့် စည်ကားသော မြို့လည်းဖြစ်သည်။ ကမ်းနီးငါးဖမ်းလှေများသည် လှေငယ်များဖြင့် ကျေးရွာ အနီးအနားရှိ ရေမိုင် ၁၀ မိုင်အတွင်း ဖမ်းဆီး၍ရပြီး ကမ်း ဝေးငါးဖမ်းလှေများသည် ကျွန်းများဖြင့် ဝေးကွာသော ပင်လယ်ရေမိုင် ၁၀ မိုင်မှ မိုင်၂၀ဝ အတွင်းတွင် ဖမ်းဆီး ရန် ခွင့်ပြုထားသည်။ ကမ်းဝေး  ငါးဖမ်းလှေများတွင် ဝါလတ်လှေ၊ ကျားပိုက် လှေ၊ ကင်းမွန်မီးထွန်းလှေနှင့် ဝါတန်း (ဝိုင်းချုပ်) လှေများဟူ၍ အမျိုးမျိုးရှိသည်။
ဝါလတ်လှေများသည် ငါးမျိုးစုံဖမ်းဆီးပြီး ကျားပိုက် လှေများသည် ငါးနှင့် ပုစွန်ကို အများဆုံး ဖမ်းဆီးလေ့ရှိကြ သည်။ ဝါတန်းလှေများသည် ပလာတူးနှင့် ငါးသလောက် ကို အဓိကထား ဖမ်းဆီးကြသည်။ ကင်းမွန်ဝါတန်းလှေ များသည် ပုံမှန်အတိုင်း ကင်းမွန်ပေါ်ချိန် ပွင့်လင်းရာသီ တွင် ဖမ်းကြသည်။ ပုံမှန်အားဖြင့် အောက်တိုဘာမှ မေလ အထိသာ  လုပ်ငန်း ခွင်ဝင်ရောက်ကြပြီး မိုးရာသီရောက် လျှင် လုပ်ငန်းရပ်နားလေ့ရှိကြောင်း  သိရသည်။
ငါးမဖမ်းရရာသီကို ငါးသားပေါက်ရာသီများဖြစ် သော ဧပြီ၊ မေ၊ ဇွန်လများတွင် ငါးဖမ်းခွင့် ပိတ်ထားပြီး ငါး သားပေါက်ရာသီပြီးပါက ပြန်လည်ဖမ်းခွင့်ပြုလျက်ရှိသည်။ ကမ်းဝေးလှေများကို ငါးသားပေါက်ရာသီတွင် ရာခိုင်နှုန်း အလိုက် ခွင့်ပြုပြီး တစ်ခါ တစ်ရံ ဇွန်လတွင် ခွင့်ပြုခဲ့ပြီး တစ်ခါတစ်ရံ ဧပြီလများတွင်လည်း လတိုးခွင့်ပြုကြောင်း သိရသည်။ ယခုနှစ် ငါးသားပေါက်ရာသီကို ဧပြီ၊  မေ၊  ဇွန်လများဟူ၍  သတ်မှတ်ပြီး ဧပြီလကို လုပ်ငန်းရှင်များ ၏ တောင်းဆိုမှုကြောင့် လတိုး သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
ပုံမှန်  ငါးဖမ်းရာသီ သတ်မှတ်ချက်ရှိသော်လည်း သက်တမ်းတိုး ငါးဖမ်းလိုင်စင်အနေဖြင့် ရက် ၆၀ (နှစ်လ) ခွင့်ပြုကြောင်း သိရသည်။ ရက် ၆၀ ပြည့်ပါက ကမ်းသို့ပြန် လည် ဝင်‌ရောက်ရမည်ဖြစ်ပြီး သတ်မှတ်ငါးဖမ်းကာလ မတိုင်မီ  လိုင်စင်ပြန်လည်ဆောင်ရွက်ပြီး ထွက်ခွာနိုင် ကြောင်း သိရသည်။ ရရှိလာသောငါးများကို အထူးစစ် ဆေးရေးအဖွဲ့ထံ တင်ပြအစစ်ဆေးခံရပြီးမှ အခြားနေရာ များသို့တင်ပို့ရကြောင်း သိရသည်။ လတိုးမြှင့် သတ်မှတ် ချိန်များတွင် အချို့ငါးဖမ်းလှေများ စက်သုံးဆီ ဈေးနှုန်း မြင့်မားမှုကြောင့် ပြန်လည်မထွက်ခွာဘဲ ရပ်နားထားလေ့ ရှိကြောင်း သိရသည်။    
ငါးဖမ်းလှေတစ်စင်းအနေဖြင့် အထွက်စရိတ်အပြင် ရာသီဥတုဆိုးရွားမှု၊ ငါးရရှိသည့်ပမာဏ နည်းပါးမှု၊ ထိုင်း နိုင်ငံတွင် ငါးဈေး ချထားမှုများကြောင့် လုပ်ငန်းလုပ်ကိုင် ရန် အခက်အခဲများ စွာ ရှိလာကြောင်း   ငါးဖမ်းလှေတစ်စင်း ပင်လယ်ပြင်ကို ထွက်သွား ပါက ငါးသေချာပေါက်ရမည်ဟု တွက်ထား၍ မရကြောင်း၊  ရာသီဥတု ဆိုးရွားလာပါက  ကျွန်းများတွင် ခေတ္တခိုလှုံပြီး  ငါးဖမ်းကွက်ကို ငါးထွက် ဆွဲလိုက်နှင့် သတ်မှတ်ရက်ပြည့်ပါက တချို့လှေများသည် ကမ်းတွင် ထိုးထားကြပြီး လုပ်ငန်းရပ်နားလိုက်သည့် ပုံစံ မျိုး မဟုတ်သော်လည်း တွက်ခြေမကိုက်သဖြင့် ကမ်းထိုး ပြီး  ငါးဖမ်းမထွက်တော့သည့် ပုံစံမျိုးပါဟု ငါးဖမ်းလှေ လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းဝေးငါးဖမ်း လှေနှင့် ကမ်းနီးငါးဖမ်းလှေများသည် ထောင်နှင့် သောင်း နှင့်ချီရှိပြီး   ရေလုပ်ငန်းမှာ  တိုင်းဒေသကြီး၏ အဓိက စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။ 
ကမ်းရိုးတန်းရေပြင်တွင်   ငါးသယံဇာတများကို ယခင်က မိရိုးဖလာ ဖမ်းဆီးရောင်းချခြင်းများသာရှိခဲ့ပြီး ယခုအခါ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ငါး သယံဇာတကို ရေရှည်ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း ရေးသားလိုက်ပါသည်။      

 

  မာ၊ ကျော်နိုင်(မြိတ်)