ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ဇူလိုင် ၂ ရက် တွင် ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည ျွှနဘျငအန တွင် ဖော်ပြ ချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ % တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၀ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ % တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၆ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ % ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၁ ဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ % တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၅ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅% ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၉၀ ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၀၅ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည် ကို လေ့လာ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ % တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၆ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၁ ဖြင့် လည်း ကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ % တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၄ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ % တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၀ ဖြင့် လည်းကောင်း၊ ပေါင်းဆန် ၅ % တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၇ ဖြင့်လည်း ကောင်း အသီးသီး ရှိခဲ့သည်ကို လေ့လာတွေ့ရှိရ သည်။ ။
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (ဃဏနဃ) မူဘောင်အောက်တွင် နှစ်နိုင်ငံအကြား ပိုမိုခိုင်မာသော ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခဲ့ရာ တရုတ်နိုင်ငံသို့ ပါကစ္စတန်၏ ဆန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ ငါးလတွင် ၁၂၁ ရာခိုင်နှုန်းအထိ သိသာစွာ မြင့်တက်လာခဲ့ကြောင်း ဏွှဠ ျွှသမိူ ပါကစ္စတန် သတင်းဌာန၏ ဖော်ပြထားချက်အရ သိရှိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန် ၂၇ ရက် အထိ (ယာယီ) စာရင်းများအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲ တန်ချိန် ၂၇၄၈၅၄ တန်၊ အမေရိကန်ဒေါ်လာ ၉၅ သန်း ကျော် တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကားဈေး)တွင် ပေါ်ဆန်းနယ်စုံ(အဟောင်း) (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၂၅၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်း(အဟောင်း) ဆန်တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ မှ ၁၅၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၅၇၅၀ဝ မှ ၅၈၅၀ဝ ကြားနှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀ မှ ၆၅၀ဝ၀ ကြား ပေါက် ဈေးရှိကြောင်း သိရှိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၇ ရက်အထိ (ယာယီ) စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၃၂၉၆၃၆ ဒသမ ၇၅၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၈၅၆ သန်း၊ ဆန်ကွဲ တန်ချိန် ၂၇၆၆၄၉ ဒသမ ၅၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၆၅၈ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၆၀၆၂၈၆ ဒသမ ၂၅၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ၅၁၄ သန်းရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန် တန်ချိန် ၂၃၇၇၀ဝ ဒသမ ၅၈၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၈၃၆ သန်း၊ ဆန်ကွဲ တန်ချိန် ၁၉၂၄၆၀ ဒသမ ၂၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၉၈၂ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၄၃၀၁၆၀ ဒသမ ၈၃၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၈၁၈ သန်း တင်ပို့ခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ဇူလိုင် ၃ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဆန်ချော (အသစ်)တစ်အိတ်လျှင် ၂၆၉ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၆၃၄ ကျပ်နှုန်းရှိသောကြောင့် ဆန်သစ်တစ်အိတ်လျှင် ၁၇၀ဝ၀ဝ ကျပ် ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ဇူလိုင် ၃ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပ ငွေလဲနှုန်းအနေဖြင့် တစ် ဘတ်လျှင် ကျပ် ၁၄၀ နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရ သည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ကျိုင်းတုံမြို့တွင် ကျပ် ၅၂၀ဝ ဖြင့် အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်၊ ပုသိမ်၊ ပြည်၊ ပဲခူးနှင့် ပျဉ်းမနားမြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
ွှမေိငညါ နခသညသာငချ ျွှနဘျငအန တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၃ ဒသမ ၂၇ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ဇူလိုင်လ လဆန်းပိုင်းတွင် နိုင်ငံတကာတွင် ဖြစ်ပေါ် နေသော ဆန်ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁ ဒေါ်လာ) မြင့်တက်မှုရှိပြီး ထိုင်းနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ တစ်တန်လျှင် (၈ ဒေါ်လာမှ ၁၁ ဒေါ်လာ)၊ ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၁ ဒေါ်လာ)၊ ပါကစ္စတန် နိုင်ငံ၏ ဆန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၂ ဒေါ်လာမှ ၄ ဒေါ်လာ) ကျဆင်းလျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းဆန်ဈေးနှုန်းများမှာလည်း ယခင်တစ်ပတ်အတိုင်း ပြောင်းလဲမှုများမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်းကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
P&S