Main menu

Background

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး ၄/၂၀၂၅ သို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား

Mon, 08/04/2025 - 10:06 -- journal_editor

နေပြည်တော်၊ ရုံးအမှတ်- ၃ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ - ၁ ၌ ဇူလိုင် ၂၉ ရက် နံနက်က ကျင်းပခဲ့သည့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ အစည်းအဝေး ၄/၂၀၂၅ သို့ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အဖွင့်အမှာစကားပြောကြား ခဲ့သည်။
မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌက    အမှာ စကား  ပြောကြား ရာတွင် ၃/၂၀၂၅ အစည်းအဝေးဆုံး ဖြတ်ချက်များကို အကောင်အထည်ဖော်ရာ၌ လုပ်ငန်း အဖွဲ့များဖွဲ့စည်းရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ် ှဥဏ ကို ဖြန့်ဝေထားရှိပြီးဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီး ဌာနမှ ကျင်းပသည့် အသိပညာပေးဆွေးနွေးပွဲ လျာ ထားစာရင်းများကိုလည်း အဖွဲ့ဝင်များသို့ ဖြန့်ဝေထား ပြီးဖြစ်၍ တက်ရောက်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်း စီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ စည်း မျဉ်းကို  ၂၀၂၄ ခုနှစ် သြဂုတ် ၆ ရက်တွင် အမိန့်ကြော် ငြာစာအမှတ် (၅၈/၂၀၂၄) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါ ကြောင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲ သည့်အဖွဲ့ အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက် ထားခြင်းကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်မှစ၍  တရား ဝင်လက်ခံ ဆောင်ရွက်ကြောင်းနှင့်စပ်လျဉ်းပြီး မူပိုင် ခွင့်ဆိုင်ရာ  အေဂျင်စီ၏   ကြေညာချက်အမှတ် (၁/၂၀၂၅) ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့သော မူပိုင် ခွင့်ဆိုင်ရာ ညီလာခံ-၂၀၂၅ ၏ ဆက်လက်ဆောင်ရွက် မည့် ရှေ့ လုပ်ငန်းစဉ်များတွင်လည်း စာပေနှင့် အနု ပညာမူပိုင်ခွင့်ဆိုင်ရာစု  ပေါင်းစီမံခန့်ခွဲသည့် အဖွဲ့ အစည်းများ  စနစ်တကျ  ပေါ်ထွန်းလာနိုင်စေရေး ဆောင်ရွက်ရန်ပါဝင်ကြောင်း ဆွေးနွေးပြောကြားခဲ့ သည်။ 
ဆက်လက်၍ မူပိုင်ခွင့် ဆိုင်ရာအေဂျင်စီ အတွင်း ရေးမှူးမှ အေဂျင်စီသို့ တင်ပြသည့် အမှာစာများအား ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် အေဂျင်စီ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့် ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြခဲ့ရာ မူပိုင် ခွင့်ဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း က ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ပြီး  နိဂုံးချုပ် စကားပြောကြားကာ  အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။ 

MOC(IR)