စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်)တွင်ဖွင့်လှစ်သော ရက်တို သင်တန်းဖြစ်သည့် ပို့ကုန်လုပ်ငန်းစတင် လုပ်ကိုင်နည်း သင်တန်းအမှတ်စဉ် (၁၂) သင် တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ် ညီလာခံခန်းမ၌ ကျင်းပ ခဲ့သည်။
သင်တန်းကာလမှာ ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိဖြစ်သည်။ ရက်တိုသင်တန်းကို တစ်လလျှင် တစ် ကြိမ်ဖွင့်လှစ်ပြီး သင်တန်းတွင် ပို့ကုန်လုပ်ငန်း စတင်လုပ်ကိုင်ရာ၌ လွယ်ကူ စေရန် ဆက်စပ် ဌာနများဖြစ်သော အကောက်ခွန်ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ရက်တိုတိုနှင့် ထိရောက်စွာ သိရှိစေရန် သင်ကြား ပေးခဲ့သည်။
လစဉ် ဖွင့် လှစ်သော ရက်တို သင်တန်းကို သင်တန်းသား/သင်တန်းသူ ၁၀ဝ နီးပါးခန့် တက်ရောက်ခဲ့ကြပြီး ယခု သင်တန်းအမှတ်စဉ် (၁၂) တွင် ၈၄ ဦး တက်ရောက်ခဲ့သည်။ သင်တန်းအမှတ်စဉ် (၁) မှ အမှတ်စဉ် (၁၂)ထိ သင်တန်းသား ၉၀၆ ဦး တက် ရောက်ခဲ့ပြီးဖြစ်သည်။
သင်တန်းဆင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်း ဆင်း အောင်လက်မှတ်များ ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ ဦးစီးဌာနလက် အောက်ရှိ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ အပါအဝင် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့သည်။
TTI