Main menu

Background

ရွှေအလေးချိန်စနစ်သစ် လိုက်နာမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးမည်

Mon, 08/04/2025 - 10:28 -- journal_editor

ရွှေဆိုင်များအနေဖြင့် ရွှေအလေးချိန်စနစ်သစ်ဖြင့် ရောင်းချရန် ညွှန် ကြားမှုကို   လိုက်နာခြင်းရှိ၊ မရှိ  ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်ထားသည်။
အလေးချိန်စနစ်သစ်နှင့် ပတ်သက်၍ အသိပညာပေးကာလပြီးလျှင် ကွင်းဆင်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရန်ရှိ‌ကြောင်း အသိပေးထား ခြင်းဖြစ်သည်။ ရွှေဆိုင်များအနေဖြင့် ရွှေတစ်ကျပ်သားအလေးချိန် စနစ်သစ် ဖြစ်သော ၁၆ ဒသမ၃၂၉၃၂၅ဂရမ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ် ကြောင်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက ညွှန် ကြားထားခြင်းဖြစ်သည်။ ထို့ပြင် ရွှေဆိုင်များအနေဖြင့် ရွှေရောင်းဝယ်ရာတွင် စနစ်သစ်ချိန်ခွင် နှင့် ရောင်းဝယ်လျက်ရှိကြောင်း ပိုစတာကပ်ရမည်ဖြစ်ပြီး ကွင်းဆင်း စစ်ဆေးလျှင် ပြည့်စုံနေရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရွှေအလေးချိန်စနစ်သစ်ဖြင့် ပတ်သက်၍ အသိပညာပေး ခြင်းများ  ပြုလုပ်လျက်ရှိပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာ ကြီးကြပ်ရေး တာဝန်ရှိသူများက စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။Digital  scale  ချိန်ခွင်များကို ရွှေအသင်း အသိအမှတ်ပြု ကုမ္ပဏီ များ၌ လိုအပ်သည့် အမှတ်တံဆိပ်ချိန်ခွင်များကို ဝယ်ယူနိုင်ကြောင်းလည်း အသိ ပေးဖော်ပြထားသည်။                                                                      

 

 ကိုတိုး