Main menu

Background

ရွှေပါဝင်မှုနှုန်းနှင့် ရွှေအရည်အသွေးကို X Ray စက်ဖြင့် စစ်ပေးမည်

Mon, 08/04/2025 - 10:35 -- journal_editor

ရွှေပါဝင်မှုနှုန်းနှင့် ရွှေအရည်အသွေး ပြည့်စုံမှုရှိ၊ မရှိအား  စစ်ဆေးပေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင်များအသင်းချုပ်မှ သိရသည်။ 
ယင်းသို့ စစ်ဆေးခြင်းအား XRF Machine (X-Ray) ဖန်ချောင်းစက် ဖြင့် စစ်ဆေးပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ အရည်အသွေးထောက်ခံချက် ထုတ်ပေးမည်ဖြစ်သည်။ သတ်မှတ်ကာလ အတွင်း  ရွှေဆိုင်မှ ဝယ်ယူလာသည့် မည်သည့်ရွှေထည်ပစ္စည်းကိုမဆို ဘောက်ချာတွင် ပါဝင်သော ရွှေအမျိုးအစားနှင့် ရွှေအရည်အသွေး စံချိန် စံညွှန်းများအရ  ပြည့်မီရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရွှေဆိုင် ဘောက်ချာတွင် ရွှေပါဝင်မှုနှုန်းနှင့် ရွှေအရည်အသွေး ပြည့်စုံ မှုရှိ၊ မရှိ စတင်စစ်ဆေးသည့်အချိန်နှင့် ကိုက်ညီရမည်ဖြစ်ပြီး စတင်စစ် ဆေးသည့်   အချိန်ကာလမတိုင်ခင်  ဝယ်ယူရရှိထားသော  ဘောက်ချာ အဟောင်း၏ ရွှေထည်ပစ္စည်းများကို စစ်ဆေးပေးမည် မဟုတ်ကြောင်း အသိပေးထားသည်။
အဆိုပါ အစီအစဉ်ကို မကြာမီ စတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး စားသုံးသူများ  မနစ်နာစေရေးအတွက် စားသုံးသူကာကွယ်ရေးအဖွဲ့နှင့်  ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ 
    ရွှေဆိုင်များအား  တစ်ကျပ်သားအလေးချိန် စနစ်သစ်ဖြစ်သည့် ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရမည်ဆိုသည့် သတ်မှတ် ချက်ကို လိုက်နာမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး ရွှေဆိုင်များ အနေဖြင့် စနစ်သစ်ချိန်ခွင်ဖြင့် ရောင်းဝယ်ကြောင်း ပိုစတာကပ်ထားရမည် ဖြစ်ကြောင်း သိရသည်။                                                                

  ကိုတိုး