Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Mon, 08/04/2025 - 11:18 -- journal_editor

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၄ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၃၆၃ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၃၀ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၃၃၂ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည် လည်း ဇူလိုင် ၂၄ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၈၄၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင်လ ၃၀ ရက်တွင် ကျပ် ၇၈၀ဝ၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ ကြောင်းကို ရွှေဈေးကွက် အတွင်းမှ သိရှိရသည်။
Trading Economicတွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်USD ၆၄ ဒသမ ၇၅ ဘီလီယံ ရှိလာရန် မျှော်မှန်းထားကြောင်းTrading Economics global macro model  နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက်အရ သိရှိရသည်။Econometric Model အရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင်USD ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင်USD ၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက် တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည် တွင်းအသားတင်ထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP တိုးတက်မှု နှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်း ထားခဲ့သည်ကို တွေ့ရှိရသည်။
ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန် ချက်အရ ဇူလိုင် ၂၄ ရက်မှ ဇူလိုင် ၃၀ ရက်ထိတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀ဝ ကျပ်ဖြစ်သည်။ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း (ဗဟိုဘဏ် သတ်မှတ်နှုန်းထား)မှာ တည်ငြိမ် လျက်ရှိပါသည်။

P&S