ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများ မှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ ဖြင့်လည်း ကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၅ ဖြင့်လည်းကောင်း၊ ထိုင်းဆန်ဈေးနှုန်းများမှာ (၁၀ဝ ရာခိုင်နှုန်း)ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၂ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၈၇ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၆ ဖြင့်လည်း ကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို သိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၆ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၂ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၁ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၆၆ ဖြင့်လည်းကောင်း၊ ပေါင်းဆန် (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၁ ဖြင့်လည်းကောင်း အသီး သီးရှိခဲ့သည်။
Thai Rice Exporter Association တွင် ဖော်ပြချက်အရ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဆန်ဈေးနှုန်းများမှာ ယခင်တစ်ပတ် နှင့် နှိုင်းယှဉ်ပါက ဗီယက်နမ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆန်ဈေး နှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃) ဒေါ်လာ မြင့် တက်မှုရှိပြီး ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၏ ဆန်ဈေးနှုန်းများ မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၆ - ၁၁) ဒေါ်လာ ကျဆင်း လျက်ရှိကြောင်း တွေ့ရှိရသည်။Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၇၁ ရာခိုင်နှုန်း ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရသည်။
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရှေ့လာမည့် မိုးရာသီ ကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာ နိုင်မည့် အကျပ်အတည်းများကို လျော့ပါးစေရေးအတွက် ကြိုတင် ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆန်မက်ထရစ် တန်ချိန် ၄၀ဝ၀ဝ၀ တင်သွင်းရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းဝန်ချုပ်ရုံး၌ ဇူလိုင် ၁၅ ရက်တွင် ကျင်းပခဲ့သည့် ဘဏ္ဍာရေးအတိုင်ပင်ခံက သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ရသော စားနပ်ရိက္ခာစီမံကိန်းနှင့် စောင့် ကြည့်ကြပ်မတ်ရေးကော်မတီ၏ အစည်းအဝေးမှ အဆိုပါ ဆုံး ဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာ သိုလှောင်မှုသည် ဆန်နှင့် ဂျုံအပါအဝင် မက်ထရစ် တန်ချိန် ၁၃ သိန်းအထိ ရှိနေမည်ဖြစ်ကြောင်း၊ နွေစပါး မက်ထရစ် တန်ချိန် ၃ ဒသမ ၅၀ သိန်း စုဆောင်းရန် ရည်မှန်းချက်ကို ကျော် လွန်လျက် လက်ရှိကာလ တွင် တန်ချိန် ၃ ဒသမ ၇၆ သိန်းခန့်ကို အစိုးရက ဝယ်ယူစုဆောင်းထားပြီးဖြစ်ကြောင်း၊ အရန်ဆန် စုဆောင်းရန် ရည်မှန်းချက်မှာ မက်ထရစ်တန်ချိန် ၁၄ သိန်းဖြစ်ပြီး ယခုအချိန်အထိ တန်ချိန် ၉ ဒသမ ၅၀ သိန်း စုဆောင်းပြီးဖြစ်ကာ ရည်မှန်းချက်ကို အပြည့်အဝရရှိမည်ဟု မျှော်မှန်းထားပြီး သြဂုတ် လ လလယ်ပိုင်း၌ ဆန်ဝယ်ယူရေးလုပ်ငန်းစဉ်ကို ရပ်ဆိုင်းမည်ဖြစ် ကြောင်း သိရသည်။
မြန်မာ့ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကား ဈေး)တွင် ပေါ်ဆန်းနယ်စုံ(အဟောင်း) (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ) တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၂၅၀ဝ၀ ပေါက်ဈေး ရှိပြီး ရွှေဘိုပေါ်ဆန်း(အဟောင်း)ဆန်တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ မှ ၁၅၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သည့် ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၅၇၅၀ဝ မှ ၅၈၅၀ဝ ကြားနှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀ မှ ၆၈၀ဝ၀ ကြား ပေါက် ဈေးရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းဆန်ဈေးနှုန်း များမှာလည်း ယခင်တစ်ပတ်အတိုင်း ပြောင်းလဲမှုများမရှိဘဲ တည် ငြိမ်လျက်ရှိကြောင်း တွေ့ရသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ဇူလိုင် ၃၀ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဆန်ချော (အသစ်)တစ်အိတ်လျှင် ၂၇၃ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၆၂၅ ကျပ်နှုန်းရှိသောကြောင့် ဆန်သစ်တစ်အိတ်လျှင် ၁၇၀ဝ၀ဝ ကျပ် ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပ ငွေလဲ နှုန်းအနေဖြင့် ၁ ဘတ်လျှင် ၁၃၈ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
P&S