Main menu

Background

စက်သုံးဆီ(ဓာတ်ဆီ၊ ဒီဇယ်ဆီ) ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Mon, 08/04/2025 - 11:40 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဇူလိုင် ၂၈ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ အနက် အာဖဂန်နစ္စတန်နိုင်ငံသည် ယခုတစ်ပတ်တွင် (၆ ဒသမ ၇၀ ရာခိုင်နှုန်း) ဖြင့်  ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ပါရာဂွေးနိုင်ငံ တွင် (၆ ရာခိုင်နှုန်း)၊ ဆီးရီးယားနိုင်ငံတွင် (၄ ရာခိုင် နှုန်း)နှင့် လတ်ဗီးယားနိုင်ငံတွင် (၂ ဒသမ ၈၀ ရာခိုင်နှုန်း) ဖြင့် ဈေး နှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၂ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။ 
Global Petrol Prices Website ၏ ယခုတစ်ပတ်အတွက် ဇူလိုင် ၂၈ ရက် ဖော်ပြချက်၌ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဘာဘေဒို၊ ဘူတန်၊ ကိုလံဘီယာ၊ အီသီယိုးပီးယား၊ လီဆိုသို၊ မော်ရိုကို၊ နီပေါ၊ ပီရူး၊ ကာတာ၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများ အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
အာဆီယံနိုင်ငံများ၏ ဇူလိုင် ၂၈ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ထိုင်းနိုင်ငံတွင် (သုည ဒသမ ၇၀ ရာခိုင်နှုန်း)၊ ဗီယက်နမ် နိုင်ငံတွင် (၁ ဒသမ ၁၀ ရာခိုင်နှုန်း)၊ လာအို နိုင်ငံတွင် (၁ ဒသမ ၇၀ ရာခိုင်နှုန်း)နှင့် ဖိလစ်ပိုင်နိုင်ငံတွင် (၈ ဒသမ ၃၀ ရာခိုင်နှုန်း) ဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာ တွေ့ရှိရ သည်။ 
ဒီဇယ်ဆီဈေးနှုန်းသည် ဇူလိုင် ၂၈ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀အနက် ပါရာဂွေးနိုင်ငံသည် ယခုတစ်ပတ်တွင် ၅ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု  အမြင့်ဆုံးနိုင်ငံများဖြစ်ခဲ့ပြီး   အာဖဂန်နစ္စတန် နိုင်ငံတွင် ၄ ဒသမ ၈၀ ရာခိုင်နှုန်း၊ ဆီးရီးယားနိုင်ငံတွင် ၄ ရာခိုင်နှုန်း နှင့် ဆူရီနမ်နိုင်ငံတွင် ၃ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့် တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၆ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အက်စ်တိုးနီးယား၊ ဂျော်ဒန်၊ ကင်ညာ၊ မော်ရိုကို၊ နီပေါ၊ ပီရူး၊ ကာတာ၊ သီရိလင်္ကာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၅ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေး နှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်းကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ အာဂျင်တီးနား၊ ကနေဒါ၊ အီတလီ၊ လူဇင်ဘတ်၊ စပိန်၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ နော်ဝေနှင့် ဘယ်လ်ဂျီယံ စသည့် နိုင်ငံများ အပါအဝင်နိုင်ငံ ပေါင်း ၁၉ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၈ ဒသမ ၉၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ အာဆီယံနိုင်ငံများ၏ ဇူလိုင်၂၈ ရက်Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံတို့တွင် ၁ ဒသမ ၈၀ ရာခိုင် နှုန်း၊ လာအိုနိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံ တွင် ၁ ဒသမ ဝ၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ တွင် ၈ ဒသမ ၉၀ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံ များတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာ တွေ့ရှိရသည်။ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ဇူလိုင် ၃၁ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၉၃၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ် ၂၉၉၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၇၁၀ နှင့်  ပရီမီယံ  ဒီဇယ်တစ်လီတာလျှင် ၃၃၅၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၁၄၀၊ ဒီဇယ် တစ် လီတာလျှင် ကျပ်၃၈၆၀၊ ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၃၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၁၁၀ ဖြင့် အမြင့်ဆုံးဖြစ် ပေါ်နေပြီး ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၀ဝ၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၇၂၅ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာ လျှင် ကျပ် ၂၉၉၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၇၁၀ ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး များ၏ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်း ယှဉ်လျှင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၀ ဈေးနှုန်း ကျဆင်းလျက် ရှိပြီး ဒီဇယ်တစ်လီတာလျှင် ၂၅ ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။