ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက သြဂုတ် ၂၇ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၇ ဖြင့် လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၉ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၆ ဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၀ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၉ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၈၃ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၉၃ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၁ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၆၄ ဖြင့်လည်းကောင်း၊ ပေါင်းဆန် ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၈ ဖြင့်လည်းကောင်း အသီး သီး ရှိခဲ့သည်ကို တွေ့ရှိရသည်။
Thai Rice Exporter Association Websiteတွင် ဖော်ပြချက်အရ သြဂုတ်လနောက်ဆုံးပတ်တွင် ဆန်ဈေးနှုန်းများမှာ ယခင်တစ်ပတ် နှင့် နှိုင်းယှဉ်ပါက ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံ တို့၏ ဆန်ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁ - ၁၀ ဒေါ်လာ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရသည်။ Trading Economic Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၇၉ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံက ဆန်တင်သွင်းမှု ဆိုင်းငံ့ခြင်းကို ဖယ်ရှား ပေးသည့်အချိန်အထိ ပို့ကုန် လုပ်ငန်းရှင်များ၏ ဆန်သိုလှောင် တွေင်း ဖိလစ်ပိုင်ကုန်သည်များက ဆန် ဝယ်ယူမှုကို တိုးမြှင့်ခဲ့ရာ ဗီယက်နမ်၏ ဆန်ပို့ကုန်ဈေးနှုန်းများ သည်လည်း မြင့်တက်လာခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်ဈေးနှုန်းသည် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၉၁ ဖြင့် အာရှတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ထိုင်း၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ထက် ဈေးနှုန်း ပိုမိုခဲ့ကြောင်း သိရှိရ သည်။
မြန်မာ့ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကား ဈေး)တွင် ပေါ်ဆန်းနယ်စုံ(အဟောင်း) (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ) တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၂၅၀ဝ၀ ပေါက်ဈေးရှိ ပြီး ရွှေဘိုပေါ်ဆန်း (အဟောင်း) ဆန်တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ မှ ၁၅၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၅၇၅၀ဝ မှ ၅၈၅၀ဝ ကြားနှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၆၁၀ဝ၀ မှ ၆၄၀ဝ၀ ကြား ပေါက် ဈေးရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းဆန်ဈေးနှုန်း များမှာလည်း ယခင်တစ်ပတ်အတိုင်း ပြောင်းလဲမှုများမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိ ရသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်/ဆန်ကွဲ တန်ချိန် ၃ ဒသမ ဝ၆ သိန်း (၄၄ %) ပိုမို တင်ပို့နိုင်သည်။ သို့သော် ထိုင်း၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများနည်းတူ ကမ္ဘာ့ဆန်ဈေးကွက် ပေါက်ဈေးလိုက်၍ ယခင်နှစ်ကာလတူထက် ဆန်ဈေးနှုန်းကျဆင်း မှုများရှိသဖြင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၃၈ သန်း လျော့နည်းရရှိသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသ မူဆယ်မြို့တွင် သြဂုတ်၂၇ ရက် တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဆန်ချော(အသစ်)တစ်အိတ်လျှင် ၂၈၀ ယွမ်ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ် လျှင် ၆၁၁ ကျပ်နှုန်းရှိသောကြောင့် ဆန်သစ်တစ်အိတ်လျှင် ၁၇၀ဝ၀ဝ ကျပ်ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် သြဂုတ် ၂၇ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ် ဘတ်လျှင် ၁၃၅ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။ ဧည့်မထဆန် တစ်ပြည်လျှင် ကျိုင်းတုံမြို့တွင် ကျပ် ၅၂၀ဝ ဖြင့် အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပေါ်ခဲ့သည်။
P&S