ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် သြဂုတ် ၂၅ ရက်Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၁၉ နိုင်ငံအနက် သြစတြေးလျ နိုင်ငံသည် ယခုတစ်ပတ်တွင် ၄ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ် ခဲ့ပြီး အာဂျင်တီးနားနှင့် ဘူတန်နိုင်ငံတို့တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ နျအသညငေ နိုင်ငံတွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၁ နိုင်ငံရှိ ကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ သြဂုတ် ၂၅ ရက် ဖော်ပြချက် ၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ပါကစ္စတန်၊ အာမေးနီးယား၊ ကိုလံဘီယာ၊ ဂျော်ဒန်၊ ကင်ညာ၊ လီဆိုသို၊ မက္ကဆီကို၊ ကာတာနှင့် ဆွစ်ဇာလန် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၇ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည် ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဂျပန်၊ ဂရိ၊ ပိုလန်၊ နယ်သာလန်၊ ချက်၊ အီတလီ၊ ဒိန်းမတ်၊ ဖင်လန်နှင့် ခရိုအေးရှား စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁ ဒသမ ၇၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ သြဂုတ် ၂၅ ရက်Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၁ ဒသမ ၂၀ ရာခိုင် နှုန်း၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် သြဂုတ် ၂၅ ရက်Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် သြစတြေးလျနိုင်ငံသည် ယခုတစ်ပတ်တွင် ၃ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး Estonia နိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဘယ်လ်ဂျီယံနိုင်ငံတွင် ၁ ဒသမ ၉၀ ရာခိုင်နှုန်း နှင့် လူဇင်ဘတ်နိုင်ငံတွင် ၁ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ ကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ ပါကစ္စတန်၊ အန်ဒိုရာ၊ အင်ဂိုလာ၊ ဘရာဇီးလ်၊ မိုဇမ်ဘစ်၊ အိုမန်၊ တောင်အာဖရိကနှင့် ဥရုဂွေး စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံတွင် ယခင်အပတ် ဈေး နှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေ ကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ဂျပန်၊ တောင်ကိုရီးယား၊ နီပေါ၊ ပိုလန်၊ ဟန်ဂေရီ၊ နယ်သာလန်၊ ဖင်လန်၊ ဆလိုဗက်ကီးယားနှင့် ဂွါတီမာလာ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေး နှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၄ ဒသမ ၈၀ ရာခိုင်နှုန်းအထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ သြဂုတ် ၂၅ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံတွင် ၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံတွင် ၄ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရ သည်။ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ သြဂုတ် ၂၈ ရက်တွင် အောက်တိန်း-၉၂ တစ် လီတာလျှင် ၂၉၁၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၉၉၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၅၄၀ နှင့် ပရီမီယံဒီဇယ် တစ် လီတာလျှင် ၃၁၄၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာ တွင် ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၄၁၄၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၆၉၀၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၄၀၅၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၄၀၅၀ ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၀၁၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၅၅ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ် လီတာလျှင် ၂၉၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၅၄၀ ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၀ ဈေးနှုန်းမြင့်တက် လျက်ရှိပြီး ဒီဇယ် တစ်လီတာလျှင် ကျပ် ၈၀ ဈေးနှုန်းကျဆင်းလျက် ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
P&S