Main menu

Background

လုပ်ငန်းရှင်များ ပို့ကုန်ရငွေနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့် အချက်များ ဗဟိုဘဏ် ထုတ်ပြန်

Wed, 09/03/2025 - 14:40 -- journal_editor

ပို့ကုန်တင်ပို့သည့်     ကုမ္ပဏီအချို့သည် ပို့ကုန်ဆိုင်ရာ  နောက်ဆုံး  အချက်အလက်များကို မသိရှိခြင်း၊ ပို့ကုန်လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ Agent  များနှင့် ကုမ္ပဏီ၏ဝန်ထမ်းအချို့ကို အလုံးစုံလွှဲအပ် ထားသဖြင့် မိမိကုမ္ပဏီအမည်ခံ၍ အခြားကုမ္ပဏီ က ပို့ကုန်တင်ပို့ထားခြင်း၊ ပို့ကုန်ရငွေသည် ဘဏ် သို့ ဝင်ရောက်ပြီးဖြစ်သော်လည်း ဘဏ်နှင့် စာရင်း ရှင်းရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်းမရှိ၍ သတ်မှတ်ကာလအတွင်း  ပို့ကုန်ဝင်ရောက်ရန် ကျန်ရှိသော စာရင်းတွင်  ပါရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ ဝင်များသည် အရေး ယူခံရခြင်းနှင့် အမည်မည်းစာရင်း ထည့်သွင်းခံရ ခြင်း  ကိစ္စရပ်များ  ဖြစ်ပေါ်လျက်ရှိသောကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်  ပို့ကုန်ရငွေနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့် အချက်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  သြဂုတ် ၂၃ ရက် တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ နှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့် အချက်များပို့ ကုန်တင်ပို့သည့် ကုမ္ပဏီအချို့သည် ပို့ကုန်ဆိုင်ရာ နောက်ဆုံးအချက်အလက်များ (Update Information)  ကိုမသိရှိခြင်း၊ ပို့ကုန်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဗါနညအ များနှင့် ကုမ္ပဏီ၏ ဝန်ထမ်း အချို့ကို  အလုံးစုံလွှဲအပ်ထားသဖြင့် မိမိကုမ္ပဏီ အမည်ခံ၍  အခြားကုမ္ပဏီက ပို့ကုန်တင်ပို့ထား ခြင်း၊ ပို့ကုန်ရငွေသည် ဘဏ်သို့ဝင်ရောက်ပြီးဖြစ် သော်လည်း ဘဏ်နှင့်စာရင်းရှင်းရမည့် လုပ်ငန်း စဉ်များအား ရှင်းလင်းခြင်းမရှိ၍ သတ်မှတ်ကာလ အတွင်း ပို့ကုန်ဝင်ရောက်ရန် ကျန်ရှိသောစာရင်း တွင် ပါရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာ အဖွဲ့ဝင်များသည် အရေးယူခံရခြင်းနှင့် အမည် မည်းစာရင်း ထည့်သွင်းခံရခြင်းကိစ္စရပ်များ ဖြစ် ပေါ်လျက်ရှိသောကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ အောက်ပါ အချက်အလက်များအား သိရှိလိုက်နာရန် လိုအပ် ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပို့ကုန် လိုင်စင်ရရှိပြီးပါက ပြည်ပ ကုန်ဝယ်သူနှင့်Sales Contrac ချုပ်ဆိုမည်ဖြစ် သဖြင့်Sales Contrac ချုပ်ဆိုပြီးပါက ဆိပ်ကမ်းမှ ကုန်ပစ္စည်းတင်ပို့သည့်အချိန်တွင် ပို့ကုန်လိုင်စင်၊ ကုန်ပစ္စည်း၊Sales Contrac ပါဈေးနှုန်း စသည်တို့ အား   စိစစ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ပို့ကုန်ကြေညာလွှာ (Export Declaration-ED) ကို ထုတ်ပေးမည်ဖြစ်သည်။
ပို့ကုန်တင်ပို့သူသည် နိုင်ငံခြားသုံးငွေ စီမံ ခန့်ခွဲမှုဥပဒေ (FEML)) ပုဒ်မ ၃၈-ခ၊ နိုင်ငံခြားသုံး ငွေ စီမံခန့်ခွဲမှုစည်းမျဉ်း (FEMR)  အပိုဒ် ၃၅ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၅-၁၂-၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ တို့အရ  ]]အာရှနိုင်ငံများသို့  တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ ခြင်းဖြစ်ပါက  ပို့ကုန်တင်ပို့သည့်နေ့မှ  ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်တင်ပို့သူ၏ ဘဏ် ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရ မည်}}ဟု ပြဋ္ဌာန်းထားသည်။ ပြန်လည်ဝင်ရောက် ခြင်းမရှိပါက FEML ပုဒ်မ ၄၂-က အရ တရားစွဲဆို နိုင်ပြီး  ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။
ပို့ကုန်တင်ပို့ပြီး  အကောက်ခွန်ဦးစီးဌာနမှ EDနံပါတ်ထွက်သည့်နေ့မှစ၍ အာရှနိုင်ငံများသို့ တင်ပို့ပါက   ပို့ကုန်ရငွေသည်   ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပနိုင်ငံများသို့ တင်ပို့ပါက ရက် ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက် ခြင်း ရှိ/မရှိကို ဗဟိုဘဏ်၏ Foreign Exchange Management System (FEMS)) ဖြင့် အကောက် ခွန်ဦးစီးဌာန၏ MACCS System မှပေးပို့သော ED များအား စိစစ်ဆောင်ရွက်လျက်ရှိသည်။
ဗဟိုဘဏ်သည်  ပို့ကုန်တင်ပြီး သတ်မှတ် ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက် ခြင်းမရှိသည့် ကုမ္ပဏီစာရင်းနှင့် ED Listများအား FEMS စနစ်တွင်  စိစစ်တွေ့ရှိချက်အရ  ဘဏ် အလိုက် စာရင်းပြုစုပြီး AD လိုင်စင်ရဘဏ်များသို့ ပေးပို့ပါသည်။ ADလိုင်စင်ရဘဏ်များမှ သက် ဆိုင်ရာExporterကုမ္ပဏီများနှင့် ဆက်သွယ်၍ စာရင်းရှင်းလင်းခြင်းကို နောက်ဆုံးရက် သတ်မှတ် ပြီး ဆောင်ရွက်ကြောင်း သိရသည်။
သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန် လည်ဝင်ရောက်ရေးအတွက် အဆိုပါကုမ္ပဏီများ ထံ နှိုးဆော်အကြောင်းကြားခြင်းနှင့် လိုက်နာမှု မရှိပါက ပို့ကုန်သွင်းကုန်  လုပ်ငန်းရှင်လက်မှတ် ယာယီပိတ်သိမ်းခြင်းနှင့်  လိုအပ်သည်များ ဆောင် ရွက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်   ပို့ကုန်ရငွေနှင့်  ဆက်စပ်သည့် အဖွဲ့အစည်းများသို့ အကြောင်းကြားသည်။
သတ်မှတ်ထားသော  နောက်ဆုံးကာလ အထိ ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းခြင်း မရှိသည့် ကုမ္ပဏီများနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များ အား အမည်မည်းစာရင်း ထည့်သွင်းခြင်းကို ဆက် လက်ဆောင်ရွက်ကြောင်း ဖော်ပြထားသည်။
ပို့ကုန်ရငွေ ဝင်ရောက်ကြောင်း သက်ဆိုင် ရာ AD လိုင်စင်ရဘဏ်မှ မိမိကုမ္ပဏီသို့ အကြောင်း ကြားလာပါက မည်သည့် ED  အတွက် ဝင်ရောက် သည့် ပို့ကုန်ရငွေဖြစ်ကြောင်း မိမိကုမ္ပဏီမှ သက် ဆိုင်ရာဘဏ်သို့  ပြန်လည်၍  အကြောင်းကြားမှ သာလျှင် ဘဏ်မှ ED စာရင်းချေမည်ဖြစ်ပြီးအဆိုပါED  အတွက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ကုမ္ပဏီများအနေဖြင့် သက်ဆိုင်  ရာဘဏ်သို့ ပို့ကုန်ရငွေ  ဝင်ရောက်သည့်အချိန် တွင် ဘဏ်သို့ဝင်ရောက်လာသည့် ငွေသည် မည် သည့် ED အတွက်ဖြစ်ကြောင်းနှင့်  အထောက် အထားများဖြစ်သည့် ED ၊Sale Contract Invoice B/L စသည်တို့နှင့်အတူ ဘဏ်သို့ အမြန်ဆုံးသွား ရောက် စာရင်းရှင်းလင်းရန် လိုအပ်ကြောင်း ထုတ် ပြန်ထားသည်။

 

ကိုတိုး