Main menu

Background

မြန်မာ - တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Mon, 10/13/2025 - 10:48 -- journal_editor

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ရန်ကုန် တိုင်းဒေသကြီး ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ -တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံ ဆွေးနွေးပွဲ (ွှ့န ှသကူ ွှမနျေကမန သ် ပြညောမေ) ကို စက်တင်ဘာ ၁၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နန်နင်းမြို့ရှိ နန်နင်းကုန်သွယ်ရေး ကိုယ်စားလှယ် ရုံး၌ ကျင်းပခဲ့သည်။  
အဆိုပါအခမ်းအနားတွင်  စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အဖွင့်အမှာစကားပြောကြားရာ မြန်မာ့ ကျောက်စိမ်းသည် တရုတ် နိုင်ငံတွင် လူသိများထင်ရှား ၍ ဈေးကွက်ရရှိပြီးဖြစ်သည့် ထုတ်ကုန်တစ်ခုဖြစ် ကြောင်း၊  မြန်မာ့အရည်အသွေးမြင့် ကျောက်မျက် ရတနာများဖြစ်သည့် ပတ္တမြားနှင့် နီလာတို့ကိုလည်း တရုတ်နိုင်ငံဈေးကွက် ထိုးဖောက်ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ် ကြောင်း၊ ကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် မြန်မာ့ ပတ္တမြားသည် မြန်မာနိုင်ငံ  မိုးကုတ်ဒေသမှ အဓိက ထွက်ရှိပြီး  အဆိုပါမိုးကုတ်ပတ္တမြားကို  ရှေးမြန်မာ ဘုရင်များ  လက်ထက်ကတည်းက တော်ဝင်နန်းသုံး ရတနာအဖြစ် တန်ဖိုးထား အသုံးပြုခဲ့ကြကြောင်း၊ နီလာသည် သီရိလင်္ကာ၊ သြစတြေးလျ၊ ကက်ရှ်မီးယား၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အမေရိကန်နိုင်ငံတို့ တွင် ထွက်ရှိပြီး မြန်မာ့နီလာမှာ ကမ္ဘာပေါ်တွင် ဒုတိယ မြောက် အရည်အသွေး အကောင်းဆုံးဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားကို တရုတ်နိုင်ငံ ကွမ်ရှီး၊ ကွမ်တုံ၊ ဟူနန်၊ ယူနန်၊ ဟိုင်နန်၊ ဟောင်ကောင်၊ မကာအိုနှင့် အခြားဈေးကွက် အလားအလာရှိသော ဒေသများမှ ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့ ကိုယ်စား လှယ်များ ပါဝင်တက်ရောက်ကြသည့်အတွက် မြန်မာ့ ပတ္တမြားနှင့် နီလာကုန်သည်  လုပ်ငန်းရှင်များနှင့် ဈေး ကွက်ချိတ်ဆက်နိုင်မည်ဟု  မျှော်လင့်ကြောင်း ပြော ကြားခဲ့သည်။ 
ဆက်လက်၍ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း (ရန်ကုန်)မှဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်က မြန်မာ့ပတ္တမြားနှင့် နီလာ  တရုတ်နိုင်ငံဈေးကွက်ရရှိ ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး  ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)နှင့် မြန်မာကုန်သွယ်ရေးစင်တာ (ဟိုင်နန်) တို့အကြား တရုတ်နိုင်ငံတွင် မြန်မာ့ကျောက် မျက်ရတနာဈေးကွက် မြှင့်တင်ရေး ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ သဘောတူညီချက် စာလွှာအား လဲလှယ် ခဲ့ကြသည်။ ထို့နောက် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း (ရန်ကုန်)မှ တာဝန်ရှိသူများက ပြည် ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား ခင်း ကျင်းပြသထားသည့်  ကျောက်မျက်ရတနာများကို လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။ 
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံလက်ဖက် အသင်းမှ လုပ်ငန်းရှင်များလည်း ပါဝင်တက်ရောက်ခဲ့ ကြပြီး မြန်မာ့လက်ဖက်နှင့် လက်ဖက်ခြောက်များကို  ခင်းကျင်းပြသခြင်း၊ အမြည်းတိုက်ကျွေးခြင်း အစီ အစဉ်ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

MOC (IR)