Main menu

Background

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကျင်းပ

Mon, 10/13/2025 - 10:50 -- journal_editor

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၊ မြန်မာကုန်ပစ္စည်း စစ် ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိ တက်(ပြညောမေ ှုညျစနခအငသည ညေိ ွှနျအ- ငညါ ှနမလငခနျ ူအိ.-ြွှှုှ) ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို စက်တင် ဘာ ၁၂ ရက် နံနက် ၉ နာရီတွင် ရန်ကုန် မြို့  ကမ်းနားလမ်းရှိ  စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ညီလာခံခန်းမ (ပဉ္စမထပ်) ၌ ကျင်းပခဲ့ ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်း မင်း  တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။
    အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာကုန်ပစ္စည်း စစ် ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိ တက် (ြွှှုှ) သည် နိုင်ငံတော်အစိုးရ ၏ မူဝါဒ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ မူဝါဒ၊ ညွှန်ကြား ချက်များကို တစ်ဖက်တစ်လမ်းမှ လိုက် ပါအကောင်အထည်ဖော်  ဆောင်ရွက် ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ မြန်မာကုန်ပစ္စည်းစစ်ဆေး ရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက် (ြွှှုှ) ကို ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ သက်တမ်း ၃၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ် ကြောင်း၊ ြွှှုှ အနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ သည့်  ကုမ္ပဏီများ ပို့ကုန်လိုင်စင် လျှောက်ထားရာတွင် အရေအတွက်နှင့် အရည်အသွေးများကို သင်္ဘော မတင်မီ (ဏမန-ျ့ငစာနညအ ှုညျစနခအငသည) စစ်ဆေး ခြင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များက  သိုလှောင်ထားရှိသည့် ဆန် အရည်အသွေးနှင့် အရေအတွက် စစ် ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ြွှှုှ အနေဖြင့် နိုင်ငံ တကာ အသိအမှတ်ပြု အရည်အသွေး စံချိန်စံညွှန်းများကို   လိုက်နာလက်ခံ ကျင့်သုံးလျက်ရှိပြီး ှှုဥ ၉၀ဝ၁ါ်၂၀၁၅ နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ှှုဥ။ှုနဃ ၁၇၀၂၅ ဃနမအင်ငခအေန တို့ကို   ရရှိထား ကြောင်း သိရှိရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ထို့ပြင်ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ ှှုဥ။ှုနဃ ၁၇၀၂၀ ရရှိရေး  ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည့်အတွက် လည်း အသိအမှတ်ပြုကြောင်း၊ ြွှှုှ အနေဖြင့်  လက်ရှိတွင်  ပြည်ပပို့ကုန် များဖြစ်သည့် လယ်ယာထွက်ကုန်သီးနှံ များ၏    အရေအတွက်နှင့်   အရည် အသွေး စစ်ဆေးခြင်း၊ ပြည်ပမှတင်သွင်း သည့် စားအုန်းဆီများနှင့်  ဘူးသွင်းဆီ (ဃသညျကာနမ ဏခေု) ဖြင့် တင်သွင်းသည့် စားသုံးဆီများကို စစ်ဆေးခြင်း၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊   ကတ္တရာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး  ပစ္စည်း များကို ကိုယ်စားပြုနမူနာ  ရယူခြင်း စသည့် လုပ်ငန်းများကို ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သိရှိရပြီး အခြားပို့ကုန် သွင်းကုန်များကိုလည်း  ထပ်မံတိုးချဲ့ စစ်ဆေးနိုင်ရေး တိုက်တွန်းလို ကြောင်း၊ ြွှှုှ သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အားကိုး အားထားနိုင်သည့်     အဖွဲ့အစည်း၊ တာဝန်ယူမှု၊  တာဝန်ခံမှုရှိသည့် အဖွဲ့ အစည်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး  အဂတိတရား  ကင်းရှင်း သည့်  အဖွဲ့အစည်းဖြစ်ရန်  လိုအပ် ကြောင်း ပြောကြားခဲ့သည်။
    ထို့နောက် ြွှှုှ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ်က  လုပ်ငန်းဆောင် ရွက်မှု  အခြေအနေများ တင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့၏    အစီရင်ခံစာကို ဖတ်ကြားတင်သွင်း အတည်ပြုခြင်းနှင့် ြွှှုှ တွင် ပို့ကုန် သွင်းကုန်စစ်ဆေးရန် လုပ်ငန်းအများဆုံး အပ်နှံပေးကြသည့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီးများကို ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ချီး မြှင့်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
    အဆိုပါ  အခမ်းအနားသို့ ြွှှုှ ဒါရိုက်တာ အဖွဲ့ဝင်များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ  အသင်း ချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ  ပဲမျိုးစုံ၊  ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီ ကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းနှင့် ဘုရင့်နောင်ကုန်စည်ဒိုင် တို့မှ  ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ  တက်ရောက်ခဲ့ကြကြောင်း  သိရ သည်။

 

MITS