Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Mon, 10/13/2025 - 12:50 -- journal_editor

ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၂၅ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၇၅၈ ဒေါ်လာ ပေါက်ဈေး ရှိခဲ့ရာမှ အောက်တိုဘာ ၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၃၈၈၆ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း  စက်တင်ဘာ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၀၇၀ဝ၀ဝ ပေါက်ဈေး ရှိခဲ့ရာမှ အောက်တိုဘာ ၁ ရက် တွင် ကျပ် ၈၀၅၀ဝ၀ဝ သို့ အတက် အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP  သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၇၅ ဘီလီယံရှိလာရန်  မျှော်မှန်းထားကြောင်းTrading Economics global macro model နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက်အရ သိရှိရသည်။ Econometric Model အရ မြန်မာ နိုင်ငံ၏GDP  သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရ သည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP တိုးတက်မှု နှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်း ထားခဲ့သည်ကို တွေ့ရှိရသည်။ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ စက်တင်ဘာ ၂၅ ရက်မှ အောက် တိုဘာ ၁ ရက်ထိ ရက်သတ္တပတ်အတွင်း ၄၀၆၀-၄၀၇၀ ကျပ်ကြား ရှိနေကြောင်း သိရှိရသည်။

 

P&S