Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Mon, 10/13/2025 - 12:56 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရကွှ့်ငေ ျွငခန နထစသမအနမ ဗျသခငအေငသည ျွှနဘျငအန တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၇ ဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၃၅ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၃၇၇ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၂ ဖြင့် လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၇ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၇၁ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည် ကို လေ့လာ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၃၇၉ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၉ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၆ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၆၂ ဖြင့်လည်းကောင်း၊ ပေါင်းဆန် ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၄ ဖြင့်လည်းကောင်း အသီး သီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည တွင် ဖော်ပြချက်အရ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ဆန်းပိုင်းတွင် ဆန်ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါ က အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၃၅၉မှ ၃၅၉ နှင့် ၃၆၂ မှ ၃၆၂ ဖြင့် တည်ငြိမ်လျက်ရှိပြီး  အိန္ဒိယနိုင်ငံတွင် ပေါင်းဆန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၉ မှ ၃၅၇ သို့မြင့်တက်လျက်ရှိ ကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံတွင် ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၆ မှ ၃၇၇၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၁ မှ ၃၆၂၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၅ မှ ၃၅၇ နှင့် ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ မှ ၃၇၁၊ ဗီယက်နမ်နိုင်ငံတွင် ဧည့်မထ ၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၀ မှ ၃၇၉  နှင့် ပါကစ္စတန် နိုင်ငံတွင် ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၃ မှ ၃၅၇၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၃ မှ ၃၅၅ သို့ဈေးနှုန်း ကျဆင်းလျက်ရှိ ကြောင်း တွေ့ရှိရသည်။ ွှမေိငညါ နခသညသာငချ ျွှနဘျငအန တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၅၉ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်း လျက်ရှိကြောင်း သိရှိရသည်။
ပြည်ပဆန်ဈေးကွက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစိုးရ ဆန်ဝယ်ယူရေး လုပ်ကိုင်သည့် ဌာနသည် ဆန်မက်ထရစ်တန်ချိန် ၅၀ဝ၀ဝ ဝယ်ယူရန် နိုင်ငံတကာ အဝယ်တင်ဒါတစ်ရပ်ကို ခေါ်ယူ ခဲ့ကြောင်း ဥရောပကုန်သည်များက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး ဈေးနှုန်းကမ်းလှမ်းမှုများတင်သွင်းရန် နောက် ဆုံးရက်မှာ အောက်တိုဘာ ၆ ရက်ထိဖြစ်ကြောင်း၊ အဆိုပါတင်ဒါ တွင် ဘာစမာတီမဟုတ်သော ပေါင်းဆန်ကို စစ်တကောင်း ဆိပ် ကမ်း နှင့် မိုင်းလား ဆိပ်ကမ်းများသို့အရောက် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ ပါဝင်ပြီးဖြစ် သော ဆိပ်ကမ်းအရောက် င်္ဃှု ဈေးနှုန်းများဖြင့် ဖော်ပြပေးရန် ကမ်းလှမ်းထားကြောင်း သိရှိရသည်။ 
ဆန်တင်သွင်းမှု အရင်းအမြစ်အဖြစ် အစ္စရေးနိုင်ငံမှအပ ကမ္ဘာ့မည်သည့် ပင်ရင်းဒေသမှမဆို တင်ပို့နိုင်ပြီး စာချုပ်ချုပ်ဆိုပြီး နောက် ရက်ပေါင်း ၄၀ အတွင်း သင်္ဘောတင်ပို့နိုင်ရန် လိုအပ် ကြောင်း၊ ၂၀၂၅ ခုနှစ်ထွက် စပါးသီးနှံမှ ကြိတ်ခွဲသည့် ဆန်ကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း၊ တင်ဒါတွင် တင်သွင်းသော ဈေးနှုန်း ကမ်းလှမ်းချက်များသည် အောက်တိုဘာ ၂၀ ရက်အထိ တည်မြဲရ မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန်တင်သွင်းမှုများနှင့် စပါးရိတ်သိမ်းမှု အထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် ပြည်တွင်း သိုလှောင်မှု လက်ကျန်မှာ တိုးမြင့်လျက်ရှိသော်လည်း ပြည်တွင်း ဆန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိသည်ဟု ဆန်ကုန်သည်များက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ပြီး ဆန်ဈေးနှုန်းများသည် လည်း လွန်ခဲ့သည့် တစ်နှစ်တာကာလထက် ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်နေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်ကို သိရှိရသည်။
မြန်မာ့ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက်(လက်ကား ဈေး)တွင် ပေါ်ဆန်းနယ်စုံ(အဟောင်း) (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ) တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၂၅၀ဝ၀ ပေါက်ဈေး ရှိပြီး ရွှေဘိုပေါ်ဆန်း (အဟောင်း) ဆန်တစ်အိတ်လျှင်  ကျပ် ၁၅၀ဝ၀ဝ မှ ၁၅၅၀ဝ၀ ပေါက်ဈေးရှိသည်။ 
ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ် လျှင် ကျပ် ၅၀ဝ၀ဝ မှ ၅၂၀ဝ၀ ကြားနှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၆၁၀ဝ၀ မှ ၆၄၀ဝ၀ ကြား ပေါက်ဈေး ရှိကြောင်း သိရှိရသည်။ ပြည်တွင်းဆန်ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရသည်။

 

P&S