ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေး သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ကမ္ဘာ့ရွှေဈေးသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၄၁၂၁ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄၀၁၈ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်း ရွှေဈေးသည် လည်း ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၆၁၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ကျပ် ၈၄၅၀ဝ၀ဝ သို့ အတက် အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၇၅ ဘီလီယံရှိကြောင်းသိရှိရသည်။Econometric Modelအရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် အမေ ရိကန်ဒေါ်လာ ၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက် တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည် တွင်းအသားတင်ထုတ်လုပ်မှု GDP) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP တိုးတက်မှု နှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းထားခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၉ ရက်ထိ ရက်သတ္တပတ်အတွင်း ၄၀၇၀-၄၀၈၀ ကျပ် ကြားရှိနေကြောင်း သိရှိရသည်။
P&S
