ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၄၊ ဧည့် မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၁၃ ဖြစ်ပေါ်ခဲ့ သည်ကို သိရှိရသည်။
ထိုင်းဆန်ဈေးနှုန်းများမှာ (၁၀ဝ %) ဘီဂရိတ်ဆန် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၃၇၂၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၇၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၂၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၉ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၃၊ ဧည့်မထ (၂၅ %) ဆန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၇ ဖြင့်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၈၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၄၃၊ ပေါင်းဆန် (၅ %) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၄ ဖြင့် အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ၂၀၂၅ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်တွင် ဆန်ဈေးနှုန်းများ မှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံတွင် (၁၀ဝ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၇မှ ၃၇၂)၊ ဧည့်မထ (၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၁ မှ ၃၅၇) ၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၄၇ မှ ၃၅၂)နှင့် ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၄ မှ ၃၆၉ )၊ ဗီယက်နမ်နိုင်ငံတွင် ဧည့်မထ (၅ %) ဆန်တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၃၇၂ မှ ၃၇၃၊ ဧည့်မထ (၂၅ %) ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၄ မှ ၃၅၇ နှင့် အိန္ဒိယနိုင်ငံ တွင် ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၃ မှ ၃၅၄ သို့ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ပါကစ္စတန်နိုင်ငံတွင် ဧည့် မထ (၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၇ မှ ၃၃၄၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၁၄ မှ ၃၁၃ နှင့် အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၅ %) ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၄ မှ ၃၅၈ ၊ ဧည့်မထ (၂၅ %) ဆန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၉ မှ ၃၄၃ ဖြင့် ဈေးနှုန်းများ ကျ ဆင်းလျက်ရှိကြောင်း တွေ့ရှိရသည်။ ွှမေိငညါ နခသညသာငချ ျွှနဘျငအန တွင် ဖော်ပြချက်အရ ယခုတစ်ပတ် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၂၀ ရာခိုင်နှုန်း ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
မြန်မာ့ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးကွက် (လက်ကား ဈေး)တွင် ပေါ်ဆန်းနယ်စုံ(အဟောင်း) (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ) တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၃၀ဝ၀ မှ ၁၂၈၀ဝ၀ ပေါက်ဈေး ရှိပြီး ရေဘိုပေါ်ဆန်း (အဟောင်း) ဆန်တစ်အိတ်လျှင် ကျပ် ၁၀၈၀ဝ၀ မှ ၁၁၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၄၇၀ဝ၀ မှ ၄၉၀ဝ၀ ကြားနှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ဝ မှ ၅၃၀ဝ၀ ကြား ပေါက် ဈေးရှိကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက် တိုဘာလ ၂၄ ရက်နေ့ အထိ (ယာယီ) စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန် ချိန် ၇၆၁၃၂၂ ဒသမ ၄၂၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၀ ဒသမ ဝ၆၂ သန်း၊ ဆန်ကွဲ တန်ချိန် ၆၇၁၁၁၈ ဒသမ ၅၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၄ ဒသမ ၆၁၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၁၄၃၂၄၄၀ ဒသမ ၉၂၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇၄ ဒသမ ၆၇၇ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူတွင် ဆန်တန်ချိန် ၆၉၄၃၇၁ ဒသမ ၅၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၇ ဒသမ ၃၄၇ သန်း၊ ဆန်ကွဲ တန်ချိန် ၅၈၄၆၅၉ ဒသမ ၅၀၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၀ ဒသမ ၃၁၃ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၂၇၉၀၃၁ ဒသမ ဝ၁၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀၇ ဒသမ ၆၆၀ သန်း တင်ပို့ခဲ့ပါသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်၊ ဆန်ကွဲ တန်ချိန် ၁ ဒသမ ၅၃သိန်း(၁၂ %)ပိုမိုတင်ပို့နိုင်သည်။ သို့သော် ဗီယက်နမ်၊ ထိုင်းနိုင်ငံများနည်းတူ ကမ္ဘာ့ဆန်ဈေးကွက်ပေါက်ဈေးလိုက်၍ ယခင်နှစ်ကာလတူထက် ဆန်ဈေးနှုန်း ကျဆင်းမှုများရှိသဖြင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၂ ဒသမ ၉၈၃ သန်း လျော့နည်းရရှိသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော ဈေး နှုန်းများအရ ဆန်ချော(အသစ်)တစ်အိတ်လျှင် ၂၉၈ ယွမ် ဝန်း ကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၅၇၆ ကျပ်နှုန်းရှိသော ကြောင့် ဆန်သစ်တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ ကျော်) ပေါက် ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ဖြစ်ပေါ် နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ် လျှင် ၁၂၇ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ် နေသော ဧည့်မထဆန်ဈေးနှုန်းများကိုလေ့လာကြည့်ပါက ဧည့်မထ ဆန် တစ်ပြည်လျှင် လာရှိုးမြို့တွင် ကျပ် ၅၀ဝ၀ ဖြင့် အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်၊ နေပြည်တော်နှင့် ပျဉ်းမနားမြို့ တို့တွင် ဧည့်မထ ဆန်တစ်ပြည်လျှင် ကျပ် ၂၆၀ဝ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများဖြစ်ပေါ်ခဲ့သည်ကို တင်ပြအပ်ပါသည်။
P&S
