ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်Global Petrol Prices Websiteတွင် ယခုတစ်ပတ်အတွက် ဖော်ပြထားရှိသည့် ဓာတ်ဆီ ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် ရုရှားနိုင်ငံသည် ယခုတစ်ပတ်တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး လူဇင်ဘတ်နှင့် တရုတ်(တိုင်ပေ)တို့တွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် ဆီးရီးယားနိုင်ငံတွင် ၁ ဒသမ ၇၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ယခုတစ်ပတ်အတွက် ဖော်ပြ ချက်အရ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ အာဖဂန်နစ္စတန်၊ အာမေး နီးယား၊ ခရိုအေးရှား၊ အီဂျစ်၊ ဖင်လန်၊ လီဆိုသို၊ ပနားမား၊ ပါရာဂွေး၊ ပီရူး၊ ပိုလန်၊ ပေါ်တူဂီ၊ သီရိလင်္ကာနှင့် ဇမ်ဘီယာ စသည့် နိုင်ငံများအပါ အဝင် နိုင်ငံပေါင်း ၆၉ နိုင်ငံ၏ ဓာတ်ဆီဈေးနှုန်းများမှာ ယခင်တစ် ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိ ကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ဗီယက်နမ်၊ ဂျပန်၊ ပါကစ္စတန်၊ အီတလီ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ချက်၊ ဟန်ဂေရီ၊ ဂွါတီမာလာ၊ နိုင်ဂျီးရီးယားနှင့် အာဂျင်တီးနား စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၃ ဒသမ ၆၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် အာဆီယံနိုင်ငံများ၏ ဓာတ်ဆီဈေး နှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံတွင် သုည ဒသမ ၉၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းများ ကျဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေး နှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာ တွေ့ရှိရသည်။
ထို့အပြင် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဆီဈေးနှုန်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် တူရကီ (တူကီယဲ) နိုင်ငံသည် ယခုတစ်ပတ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဆွီဒင်နိုင်ငံတွင် ၅ ဒသမ ၅၀ ရာခိုင်နှုန်း၊ ဒိန်းမတ်နိုင်ငံတွင် ၄ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းနှင့် လူဇင်ဘတ်နိုင်ငံတွင် ၄ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့် တက်ခဲ့ကြောင်းနှင့် ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၁ နိုင်ငံ ရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ အာဖဂန်စ္စတန်၊ ဇမ်ဘီယာ၊ အီဂျစ်၊ ပီရူး၊ ကာတာ၊ ပါရာဂွေး၊ ဂျော်ဒန်၊ နယူးဇီးလန်၊ ချီလီ၊ မက္ကဆီကို၊ ပနားမား၊ မော်ရိုကိုနှင့် သီရိလင်္ကာ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၆ နိုင်ငံတွင် ယခင်တစ်ပတ် ဒီဇယ်ဆီဈေးနှုန်းများအတိုင်း ပြောင်း လဲခြင်းမရှိဘဲ တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံရှိပြီး မြန်မာ၊ ဗီယက်နမ်၊ မလေးရှား၊ ဂျပန်၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဂရိ၊ နယ်သာလန်၊ အာဂျင်တီးနား၊ ချက်နှင့် နိုင်ဂျီးရီးယား စသည့် နိုင်ငံများပါဝင်ကြောင်းနှင့် ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၃ ဒသမ ၃၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၉၁၀၊ ဒီဇယ် တစ်လီ တာလျှင် ကျပ် ၃၅၃၀၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၆၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၆၀ဝ ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၇၇၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၉၅ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ် လီတာလျှင် ကျပ် ၂၇၆၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၈၀ ကျဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ တစ် လီတာလျှင် ၃၀ ကျပ် နှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၁၀ဝ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
Background
