မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးအထောက်အကူ ပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်း အစည်းအဝေးပွဲကို နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ ရုံးအမှတ်(၃) နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အမှာ စကားပြောကြားခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အမှာစကား ပြောကြားရာတွင် ကျန်းမာရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန်အတွက် ဆေးဝါးနှင့် ဆေး ပစ္စည်းများ လုံလောက်စွာရရှိရေး၊ပြည်တွင်း၌ ဆေးဝါး နှင့် ဆေးရုံသုံး အထောက်အကူပစ္စည်းများ တိုးတက် ထုတ်လုပ်စေရေး၊ ဆေးဝါးကုန်ကြမ်း ထောက်ပံ့မှုနှင့် ှကစစူပ ဃ့ငေည တည်ငြိမ်စေရေး၊ ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများ အရေးပေါ် လိုအပ်ချက်ရှိပါက အလွယ်တကူရရှိစေရေးတို့ကို နိုင်ငံတော်၏ မူဝါဒများ နှင့်အညီ ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက် မပြတ် အားပေးလျက်ရှိကြောင်း၊ ရောဂါရှာဖွေခြင်းနှင့် အဆင့်မီဆေးကုသမှု ခံနိုင်ရေးအတွက် ဆေးဝါးများ နှင့် ခေတ်မီဆေးပစ္စည်း ကိရိယာများကို ကျန်းမာရေး ဝန်ကြီးဌာန၏ ထောက်ခံချက်နှင့်အတူ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပြည်တွင်း ဆေးဝါး စက်ရုံများအတွက် လိုအပ်လျက်ရှိသော ကုန်ကြမ်း များကိုလည်း စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းကို အခြေခံ ပြီး တင်သွင်းနိုင်ရေး ဦးစားပေးဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။
စာရင်းများစိစစ်ချက်အရ ဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်း ကုမ္ပဏီ ၆၄၆ ခုရှိပြီး ကုမ္ပဏီများ၏ လျှောက်ထားပစ္စည်းများကို ဆေးရုံများနှင့် ဈေးကွက် လိုအပ်ချက်အပေါ်မူတည်၍ ဦးစားပေးအနေဖြင့် ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါး ဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးသလို ဆေး ပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရကြောင်း၊ ပုံမှန်လိုင်စင်ခွင့်ပြုပေးနေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး ဈေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်း ဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေး ကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ဈေးကွက်သဘော တရားအရ အရင်းအနှီးနှင့် စွမ်းဆောင်ရည်မြင့်မား သည့် ကုမ္ပဏီကြီးများအနေဖြင့် ဈေးကွက်ကို လွှမ်းမိုး သည့်အခြေ အနေ (ီသာငညညေအ ဏသျအငသည) ကို ပိုင်ဆိုင် နိုင်ကြကြောင်း၊ သို့ရာတွင် ဈေးကွက်လွှမ်းမိုးထားသည့် အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သို လှောင်ထိန်းသိမ်းကာ ဈေးကွက်ကို မကစားကြရန်၊ ဈေးနှုန်းထိန်းချုပ်ခြင်း မပြုလုပ်ကြရန်၊ အခြား ပြိုင် ဘက် ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင် မပြုလုပ်ကြရန် အသိပေးပြောကြားလိုကြောင်း၊ ဆေး ပစ္စည်းရောင်းချခြင်းသည် ပရဟိတဆန်သော စီးပွား ရေးလုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်း၊ ကုမ္ပဏီတစ်ခု နှင့်တစ်ခု ထိန်းကျောင်းပြီး ပြည်သူ့လူမှုဘဝ တိုးတက် စေရေးကို မေတ္တာထားကာ ကုမ္ပဏီအချင်းချင်း ပူး ပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆက်လက်ပြော ကြားခဲ့သည်။
ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့် ပြည် တွင်း၌ ဆေးအမျိုးအစား ယခုထက်ပိုမို၍ စုံလင်ပြီး ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် နိုင်ငံ ခြားငွေအသုံးပြုမှု လျော့ကျသွားမည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုလာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်အတွက်သာမက ပြည်သူများ၏ ကျန်းမာ ရေးကဏ္ဍကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ျွှငည-ျွှငည-ျွှငည (ွှမငစူန ျွှငည) ကို ရရှိစေမည်ဖြစ် ကြောင်း၊ ပြည်တွင်းတွင် ဆေးဝါးအမယ်များ ပိုမိုတိုး မြှင့်ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်း နှင့် စက်ပစ္စည်းများအား တင်သွင်းနိုင်ရန် သက်ဆိုင်ရာ ဌာနများက ဌာနအလိုက် ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်သည့် ပံ့ပိုး မှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသင်းနှစ်သင်းမှ ကိုယ်စားလှယ်များအနေဖြင့် အမြင်ချင်းဖလှယ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် မှာကြားခဲ့သည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း တို့က ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှု အခြေ အနေ၊ ဆေးဝါးထောက်ပံ့ပေးနိုင်မှုနှင့် ဆေးဝါးပစ္စည်း များ တင်သွင်းပေးနိုင်မှု အခြေအနေများအား ရှင်း လင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင် ရာများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာ နိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများ အသင်းတို့မှတာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ် ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေး နွေးကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆေး နှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ နိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများအသင်း တို့မှ တာဝန်ရှိသူများ စုစုပေါင်း ၁၁၁ ဦး တက်ရောက် ကြကြောင်း သိရသည်။
MOC (IR)
