Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းနှင့်ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Thu, 12/04/2025 - 10:15 -- journal_editor

ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၂၀ ရက်တွင် ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ် လာ ၄၀၆၇ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၂၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄၁၆၄ ဒေါ်လာဖြစ်ခဲ့သည်။ ပြည်တွင်း ရွှေဈေးသည်လည်း နိုဝင် ဘာ ၂၀ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၅၈၀ဝ၀ဝ ပေါက်ဈေး ရှိခဲ့ရာမှ နိုဝင်ဘာ ၂၆ ရက်တွင် ကျပ် ၈၇၄၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတွင်းမှ သိရသည်။
Trading Economics  တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၇၅ ဘီလီယံ ရှိကြောင်းသိရှိရသည်။ Econometric Model အရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် GDP တိုးတက် မှုနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းထားခဲ့သည်ကို တွေ့ရသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား  ပြောင်းလဲမှုပေါ်လိုက်၍  နိုဝင်ဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂၆ ရက်ထိ ရက်သတ္တပတ်အတွင်း ၄၀၆၀-၄၀၇၀ ကျပ်ကြား ရှိနေ ကြောင်း သိရှိရသည်။

 

P&S