Main menu

Background

စွန့်ပစ်ပစ္စည်း (Recycle) ဈေးနှုန်းဈေးကွက်

Thu, 12/04/2025 - 10:18 -- journal_editor

မိသားစုများအနေဖြင့် နေ့စဉ်Recycleအဖြစ်အသုံးပြုရန် ပြန်လည်ရောင်းချနိုင်သော စွန့်ပစ် ပစ္စည်းများရှိနေပြီး ၎င်းစွန့်ပစ်ပစ္စည်းများကို ဝယ်ယူသည့်ဆိုင်များမှာလည်း  ဈေးကွက်အတွင်း ခိုင်ခိုင် မာမာ ရပ်တည်လျက်ရှိနေကြောင်း သိရှိရသည်။
ပြည်ခရိုင်  ပြည်မြို့နယ်အတွင်းRecycle ပစ္စည်းများအား ပြန်လည်ဝယ်ယူ၍ တစ်ဆင့်ပြန်လည် ရောင်းချနေသော ပစ္စည်းဟောင်းဝယ်ယူသည့် ဆိုင်များစွာရှိနေပြီး အဆိုပါဆိုင်များအနေဖြင့် ဝယ်ယူရရှိ သည့်Recycle ပစ္စည်းများအား ရန်ကုန်မြို့ရှိ မြောင်းတကာ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တို့ရှိ Recycle ပစ္စည်းများ ပြန်လည်ပြုပြင်၍ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ များသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိသည်။ 
ဆိုင်များမှဝယ်ယူသည့် တစ်ပိဿာဈေးနှုန်းများအနေဖြင့် ပလတ်စတစ် (ပျော့) ကျပ် ၇၀ဝ၊ ပလတ် စတစ် (အြွကပ်) ကျပ် ၅၀ဝ၊ ရေသန့်ဘူးခွံ ဥညန ူငအနမ တစ်ဘူးလျှင် ကျပ် ၁၅၀၊ ရေသန့်ဘူးခွံအသေး တစ် ဘူးလျှင် ကျပ် ၁၀ဝ၊ ပုံး၊ ဇလုံ၊ ကော်ခုံကျိုးတစ်ပိဿာလျှင် ကျပ် ကျပ် ၁၀ဝ၀၊ သံ (ပါး) ကျပ် ၈၀ဝ၊ သံ (အထူ) ကျပ် ၁၅၀ဝ၊ သတင်းစာစက္ကူ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ကျောင်းသုံးဗလာစာအုပ် တစ်ပိဿာ လျှင် ကျပ် ၂၀ဝ၀၊ ဗ၄ စက္ကူ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ကတ်ထူစက္ကူ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ အထိ ဝယ်ယူကြောင်း သိရှိရသည်။
ဝယ်ယူရရှိသည့် ပစ္စည်းများအား ရန်ကုန်မြို့ရှိ  ျွနခပခူန ပစ္စည်းများ ပြန်လည်ပြုပြင်ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများသို့တစ်ဆင့်တင်ပို့ရောင်းချရာတွင်လည်း ဈေးကောင်းရရှိလျက်ရှိသည်။ 
မိသားစုတစ်စု၏ နေ့စဉ်Recycle စွန့်ပစ်ပစ္စည်းများအား သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည် ရောင်းချသောကြောင့် မိသားစုအတွက် စွန့်ပစ်ပစ္စည်းများမှ ဝင်ငွေရရှိခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသည့် ဆိုင်များအနေဖြင့်လည်း အကျိုးအမြတ်ရရှိခြင်း၊ စက်ရုံအလုပ်ရုံများမှ အိမ်သုံးပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများအား လွယ်ကူသက်သာစွာ ရရှိ လျက်ရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး  လုပ်ငန်းစဉ်တွင်လည်း  များစွာအကျိုး ဖြစ်ထွန်းမှု ရှိပါသောကြောင့် စွန့်ပစ်ပစ္စည်း Recycle ဈေးကွက်အနေဖြင့် ခိုင်မာ စွာ ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။ 

အိအိခိုင်(ပြည်)