ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် နိုဝင်ဘာ ၂၄ ရက်Global Petrol Prices Website တွင် ယခု တစ်ပတ်အတွက် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၈ နိုင်ငံအနက် ကမ္ဘောဒီးယားနိုင်ငံသည် ယခုတစ်ပတ် တွင် ၁၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံတွင် ၆ ဒသမ ဝ၀ ရာခိုင်နှုန်း၊ ဂွါတီမာလာနိုင်ငံတွင် ၃ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ဘူတန်နိုင်ငံတွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့် တက်ခဲ့သည့် နိုင်ငံပေါင်း ၄၀ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ယခုတစ်ပတ်အတွက် ဖော်ပြ ချက်အရ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)၊ အာမေးနီးယား၊ ခရို အေးရှား၊ ဂျော်ဂျီယာ၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ နီပေါ၊ သီရိလင်္ကာ၊ ဆူရီနမ်၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများအပါ အဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံ၏ ဓာတ်ဆီဈေးနှုန်းများမှာ ယခင်တစ် ပတ်ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိ ကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ ပီရူး၊ ကနေဒါ၊ ပေါ်တူဂီ၊ ချီလီ၊ နိုင်ဂျီး ရီးယား၊ နော်ဝေ၊ ဒိန်းမတ်နှင့် အာဖဂန်နစ္စတန် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၄ ဒသမ ၄၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
နိုဝင်ဘာ ၂၄ ရက် ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြ ထားရှိသည့် အာဆီယံနိုင်ငံများ၏ ဓာတ်ဆီဈေးနှုန်းများမှာ ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် သုည ဒသမ ၆၀ ရာခိုင် နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၁၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် သုည ဒသမ ၁၀ ရာခိုင် နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၃ ဒသမ ဝ၀ ရာခိုင်နှုန်းသို့ ဈေးနှုန်းကျ ဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်း အလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)၊ ခရိုအေးရှား၊ အီဂျစ်၊ ဂျော်ဒန်၊ ကင်ညာ၊ မက္ကဆီကို၊ မိုနာကို၊ မော်ရိုကို၊ နီပေါ၊ ပါရာဂွေး၊ ဆွစ်ဇာလန်၊ ဇမ်ဘီယာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၆၀ တွင် ယခင် တစ်ပတ် ဒီဇယ်ဆီဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည် ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံ ၁၀ နိုင်ငံရှိပြီး ဗီယက် နမ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ ပီရူး၊ ဒိန်းမတ်၊ နော်ဝေ၊ ဏကနမအသ ျွငခသနှင့် အာဖဂန်နစ္စတန် စသည့် နိုင်ငံများပါဝင်ကြောင်းနှင့် ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၂၀ ရာခိုင်နှုန်းမှ ၉ ဒသမ ၁၀ ရာခိုင်နှုန်း ထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
နိုဝင်ဘာ ၂၄ ရက်Global Petrol Prices Website တွင် ဖော်ပြ ထားရှိသည့် အာဆီယံနိုင်ငံများ၏ ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၉ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံတွင် ၁ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် သုည ဒသမ ၂၀ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံ တွင် ၆ ဒသမ ၉၀ ရာခိုင်နှုန်း၊ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၈၂၅ ကျပ်၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၇၁၀၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၆၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၆၀ဝ ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ပဲခူးမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၂၆၉၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၅၇၀၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ် လီတာလျှင် ၂၆၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၅၅၅ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ တစ်လီတာ လျှင် ကျပ် ၁၄၀ ဈေးနှုန်းနှင့် ဒီဇယ်တစ်လီတာလျှင် ၉၅ ကျပ်ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
P&S
