ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေး အတွက် ပေါ်ဆန်းဆန်များကို စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ်နှင့် လှည့် လည်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် (ျြွင်္) မှ သိရသည်။
အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်အသင်းတို့မှ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စားသုံးသူ များထံသို့ အိတ်အကြီး ၂၄ ပြည် (၁၀၈ ပေါင်) အား အိမ်အရောက်ပို့ စနစ် (ံသာန ီနူငလနမပ) ဖြင့်လည်းကောင်း၊ ၅ ကီလိုဂရမ်နှင့် ၁၀ ကီလိုဂရမ်အိတ် အသေးများအား ရပ်ကွက်များနှင့် ဈေးများတွင် လှည့်လည်ရောင်းချပေးခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန် များဖြစ်သည့် ရွှေဘို ပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်းဆန်တို့ကို သိုလှောင်ဖြန့်ဖြူးရောင်းချ နေသူများနှင့် လက်လီဆိုင်များအနေဖြင့်လည်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်တို့နှင့် ဆက်သွယ်ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ထုတ်ပြန် ထားသည်။
ထို့ပြင် မိမိတို့ လက်ဝယ်သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်း မှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ လုံးဝမပြု လုပ်ရန် အသိပေးထားကြောင်း သိရသည်။
ကိုတိုး
