ရေဓာတ်သည် လူသားတို့၏ ခန္ဓာကိုယ်တွင် ၇၀ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထားပြီး အခြေခံဆဲလ်များအတွက် မရှိမဖြစ်သော အရာ ဖြစ်သည်။ တစ်နေ့လျှင် ရေရှစ်ခွက်ခန့် သောက်သုံးခြင်းဖြင့် ရေဓာတ် လျော့နည်းခြင်းကို ကာကွယ်နိုင်သည်။ ရေသောက်ခြင်းကြောင့် အသားအရေ ကြည်လင်၍ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်နိုင်ပြီး ဦးနှောက်လုပ်ငန်းများ ကောင်းမွန်စေသည့်အပြင် ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရက်အမူးလွန်ခြင်းများကို သက်သာစေခြင်း၊ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။
]ထမင်းအသက် ခုနစ်ရက် ရေအသက် တစ်မနက်}ဟု ဆိုရိုး စကားရှိသည့်အတိုင်း နေ့စဉ်ရှင်သန်လှုပ်ရှားနိုင်စေရန် ရေသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ယခုခေတ်တွင် ရေသန့်ဘူး များဖြင့်ထည့်သွင်းပြီး ဏံ၇ ရေသန့်စစ်စစ်များ ထုတ်လုပ်ရောင်းချ လာကြသည်ကိုတွေ့ရှိရသည်။
ရေသန့်သည် အဓိကထုတ်ကုန်ဖြစ်လာခြင်း
မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် ရေသန့်သောက်သုံး သည့် ဓလေ့မှာ ပိုမိုတွင်ကျယ်လာသည်။ စီးပွားရေးဖွံ့ဖြိုးလာမှုနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်ခြင်းကြောင့် ရေသန့်ဝယ်ယူသောက် သုံးမှုနှုန်းလည်း တိုးတက်လာခဲ့သည်။ မြို့ပြဖြစ်ထွန်းမှု တိုးတက် လာခြင်းနှင့် စားသုံးသူများက ရေသန့်သောက်သုံးခြင်းကြောင့် ရရှိ မည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသတိပြုမိလာခြင်း တို့ကြောင့် ရေသန့်ဈေးကွက်များ ပိုမိုတိုးတက်လာသည်နှင့်အမျှ ဈေး ကွက်လိုအပ်ချက်အရ အဆင့်မြင့်ဈေးဝယ်စင်တာများ၊ စတိုးဆိုင် များနှင့် လက်လီအရောင်းဆိုင်များတွင် ပြည်တွင်းထုတ်ရေသန့် အမှတ်တံဆိပ်အမျိုးမျိုးကို ဖြန့်ဖြူးရောင်းချလာသည့်အတွက် ရေ သန့်သည် အဓိကထုတ်ကုန်အမျိုးအစားထဲတွင် အကျုံးဝင်လာခဲ့ သည်။
ရေသန့်သည် အဓိကထုတ်ကုန်ဖြစ်လာသည့်အလျောက် ရေ သန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ များပြားလာကာ တိုင်း ဒေသကြီး/ပြည်နယ်များအလိုက် ရေသန့်လုပ်ငန်းရှင်များ အသင်း များကို ဖွဲ့စည်းလာကြပြီး လုပ်ငန်းလုပ်ကိုင်သူ ၇၅ ရာခိုင်နှုန်းခန့်က အသင်းဝင်ထားကြသည်ကို လေ့လာတွေ့ရှိရသည်။
ရေသန့်ထုတ်လုပ်ရောင်းချသူများသည် ရေသန့်ထုတ်လုပ်ခြင်း ကို တစ်ပိုင်တစ်နိုင်လုပ်ငန်းများအဖြစ် ထုတ်လုပ်ရောင်းချလာမှုများ လာကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေး ပြည့်မီခြင်းထက် ဈေးနှုန်းလျှော့ချယှဉ်ပြိုင်မှုများကြောင့် စံချိန်စံညွှန်း နှင့်အညီ ထုတ်လုပ်ရောင်းချစေရန် ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟို အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (ွဏြ) စနစ်ဖြင့် ရေသန့်ထုတ် လုပ်ရန် ရေသန့်စက်ရုံ၏ လိုအပ်ချက်များကို ထုတ်ပြန်ထားသည်။
ရေသန့်ထုတ်လုပ်မည့် ရေ၏လိုအပ်ချက်
ရေသန့်ထုတ်လုပ်မည့် ရေအမျိုးအစားသည် မြစ်ရေ၊ ကန်ရေ၊ ချောင်းရေ၊ အညစ်အကြေး ရောနှောနေသော ရေမျိုးမဟုတ်ဘဲ သောက်ရေသန့်ထုတ်လုပ်ရန် သင့်လျော်သည့် ရေအမျိုးအစား ဖြစ်ရ မည်။ ရေသန့်ထုတ်လုပ်မည့်ရေအား မူလအရင်းအမြစ်မှ ထပ်ဆင့် သိုလှောင်ခြင်း၊ ပိုက်ဆက်သွယ်ယူခြင်းတို့ကို သီးသန့်ဖြစ်ရမည်။ ရေသန့်ထုတ်လုပ်မည့် ရေအား သိုလှောင်သည့်နည်းစနစ်သည် သံချေးမတက်နိုင်သည့် စတီးသံဖြင့် ပြုလုပ်ထားသော ကန်ဖြစ်ပြီး ဆေးကြောရန် လွယ်ကူခြင်း၊ အညစ်အကြေးဝင်ရောက်မှုမှ ကာ ကွယ်ထားခြင်း စသည်တို့နှင့် ပြည့်စုံသော နည်းစနစ်ဖြစ်ရမည်။
အဆောက်အအုံ ဖွဲ့စည်းပုံ၏ လိုအပ်ချက်
ရေသန့်ထုတ်လုပ်မည့် စက်ရုံသည် သီးသန့်စက်ရုံဖြစ်ပြီး သန့်ရှင်းသော ပတ်ဝန်းကျင်၌ ရှိရမည်။ လူနေအိမ်နှင့်သီးခြားထားနိုင်သောနေရာဖြစ်ပြီး အခြားအစားအသောက် ထုတ်လုပ်ခြင်းနှင့် သီးခြားစီ ဖြစ်ရမည်။ စက်ရုံသည် လုပ်ငန်းပမာဏနှင့်သင့်လျော်သည့် အကျယ်အဝန်းရှိရမည်ဖြစ်ပြီး တဲတန်းလျား၊ ဂိုဒေါင်ဟောင်း၊ အဆောက်အအုံဟောင်း မဖြစ်ရန် လိုအပ်သည်။
စက်ရုံ၏အခန်းများ ဖွဲ့စည်းထားရှိမှုတွင် ရေသန့်စက်အခန်း၊ ပဏာမ ဘူးခွံဆေးခန်း၊ ရေသန့်ဖြင့်ဘူးခွံဆေးသည့်အခန်း၊ ရေသန့် ဖြည့်ခြင်းနှင့် အဖုံးပိတ်ခြင်းအခန်း၊ ဖြည့်ပြီးရေသန့်ဘူးတွင် ချွတ် ယွင်းချက်ရှိ/မရှိစစ်ဆေးခြင်း၊ တံဆိပ်ကပ်ခြင်း၊ ယာယီသိုလှောင်ခြင်း အခန်း၊ လုပ်သားနားနေ ခန်းစသဖြင့် ထုတ်လုပ်ခြင်းအဆင့်အလိုက် ဖွဲ့စည်းထားရမည်ဖြစ်သည်။
ရေသန့်ထုတ်လုပ်မည့်စက်၏ လိုအပ်ချက်
ရေသန့်ထုတ်လုပ်မည့်စက်သည် စက်မှုလုပ်ငန်းသုံးအဆင့် (ဃသာနမခငေူ ွှပစန)ရှိ ရေသန့်စက်ဖြစ်ရန်လိုအပ်ပြီး အိမ်သုံးအဆင့် မဖြစ်စေရပါ။ စက်၏ဝန်ဆောင်နိုင်မှုသည် ထုတ်လုပ်မှုပမာဏနှင့် လိုက်လျောညီထွေ ရှိရမည်ဖြစ်သည်။
ထုတ်လုပ်မှုကို ထိန်းသိမ်းခြင်း
ရေသန့်ထုတ်လုပ်မည့်ရေ၏ အရည်အသွေးကို စက်ရုံမလည် ပတ်မီ/လည်ပတ်စဉ်၊ တစ်နှစ်တစ်ကြိမ်၊ လိုအပ်သောအချိန်၊ သက် ဆိုင်ရာမှ ညွှန်ကြားလာသောအချိန်များတွင် ရေ၏ဓာတုနှင့် အဏု ဇီဝအသေးစိတ်အချက်အလက်များကို ဓာတ်ခွဲစစ်ဆေးရမည် ဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက်များကို သက်ဆိုင်ရာဌာနခွင့်ပြုချက်မရှိဘဲ (၂)နှစ်အတွင်း ဖျက်ဆီးခြင်းမပြုရပါ။ သက်ဆိုင်ရာမှ တောင်းဆိုလာ ပါက စစ်ဆေးခွင့်ပြုရမည်။ ရေသန့်စက်သုံးဓာတုပစ္စည်းများ၊ ရေစင် Resin)များ၊ ရေစစ်(Filterများ လဲလှယ်ခြင်း၊ ဓာတုဂုဏ်သတ္တိ
ပြန်လည်ရရှိအောင်ဆောင်ရွက်ခြင်း (Reactivation) ကို ဆောင်ရွက် ရာတွင်လည်း သတ်မှတ်ထားသော သတ်မှတ်ချက်များ၊ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်မှုကို မှတ် တမ်းပြုစု ထိန်းသိမ်းထားရမည်ဖြစ်သည်။
ထုတ်လုပ်သည့် နည်းစနစ်သည် ရေသန့်၏ ရူပ၊ ဓာတုနှင့် အဏုဇီဝဆိုင်ရာ အဆင့်သတ်မှတ်ချက်များအား ထိခိုက်ပျက်ပြား စေမှုမဖြစ်စေရန် ထုတ်လုပ်မှုအဆင့်ဆင့်ကို အစဉ်လိုက်ဆောင်ရွက် ရန်လည်း လိုအပ်သည်။ ဥပမာ ဘူးဆေးကြောခြင်းကို ပဏာမ ဆေး ကြောခြင်း၊ အချောဆေးခြင်းနှင့် ရေသန့်နှင့် ဘူးဆေးခြင်းဟူ၍ သုံး ပိုင်းခွဲ ဆောင်ရွက်ရမည်ဖြစ်ပြီး ဘူးဆေးကြောရာတွင်လည်း သင့် လျော်သည့် စက်မောင်းရေပန်းကိုသော် လည်းကောင်း၊ Brush ကို သော်လည်းကောင်း သုံးစွဲဆေးကြောရမည်ဖြစ်သည်။ Resinများ၊ ရေစစ်(Filter)များ၊ ပိုးသတ်ကိရိယာများ၊ သတ်မှတ်စွမ်းဆောင် ရည်ပြည့်ဝမှု ရှိ/မရှိ စစ်ဆေးကွပ်ကဲရမည်ဖြစ်ပြီး ဝန်ထမ်းများ လက် ဆေးခြင်း၊ ခြေဆေးခြင်း၊ လုပ်ငန်းခွင်ဝတ်စုံ လဲလှယ်ခြင်းတို့ကို ထုတ် လုပ်ရာနေရာဖြစ်သော (ရေသန့်ဖြင့် ဘူးဆေး ခြင်း၊ ရေသန့်ဖြည့်ခြင်း၊ အဖုံးပိတ်ခြင်း)အခန်းသို့ မဝင်မီအချိန်များတွင် လုပ်ဆောင်ရမည်။
(ဆက်လက်ဖော်ပြပါမည်။)
ဖြိုးသော်ဆက် (NPT DOCA)
