Main menu

Background

ရင်းနှီးမြှုပ်နှံသူများအကာအကွယ်ပေးရေးရန်ပုံငွေအဖွဲ့

Thu, 12/04/2025 - 11:05 -- journal_editor

အချို့သော စတော့အိပ်ချိန်းများတွင် စတော့အိပ်ချိန်း ရောင်းဝယ်ရေးအဖွဲ့ဝင် Securities Companies) များ စတော့ ရောင်းဝယ်ခြင်းများပြုလုပ်ရာတွင် ပေးချေရန်ရှိသည့် ငွေ/စတော့ များအချိန်မီ ပေးချေရန် ပျက်ကွက်ခြင်း၊ စာရင်းရှင်းလင်းဖျက် သိမ်းရမည့် အခြေအနေရောက်ရှိနေခြင်း စသည့်အခြေအနေများ တွင် ရင်းနှီးမြှုပ်နှံသူများ နစ်နာမှုမရှိစေရေးနှင့်  အကာအကွယ်ပေး ရေးအတွက် ]]ရင်းနှီးမြှုပ်နှံသူများ အကာအကွယ်ပေးရေးရန်ပုံ ငွေ}}}  Investor Protection Fund)ကို ဥပဒေများရေးဆွဲကာ ထူထောင်လေ့ရှိကြသည်။
ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ တစ်ခုသည် ဖောက် သည် တစ်ဦးက စတော့များ ဝယ်ယူရန် ငွေပေးချေထားသော်လည်း ဝယ်ယူပြီးသည့် စတော့များကို မပေးချေနိုင်ခြင်း၊ ဖောက်သည် ရောင်းချထားသည့် စတော့များအတွက် ရရှိမည့်ငွေကို မပေး ချေနိုင်ခြင်း စသည့်အခြေအနေများပေါ်ပေါက်ခဲ့လျှင် (သို့မဟုတ်) အဆိုပါ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီအား စတော့အိပ် ချိန်းမှ ဖျက်သိမ်းတော့မည့် အခြေအနေ ပေါ်ပေါက်နေသည့်အခါ တွင် နစ်နာမှုရှိသည့် ဖောက်သည်များကို ပေးလျော်လေ့ရှိသည်။ 
ဘဏ္ဍာရန်ပုံငွေအဖွဲ့  တည်ထောင်ခြင်း
စတော့အိပ်ချိန်း၏ ရောင်းဝယ်ရေးအဖွဲ့ဝင် (ငွေချေးသက် သေခံ လက်မှတ်ကုမ္ပဏီ) များသည် သက်ဆိုင်ရာ စတော့ဈေး ကွက်ထိန်း ကျောင်းသည့် အာဏာပိုင်အဖွဲ့မှ သတ်မှတ်ထားသည့် ငွေကြေး ပမာဏကို အဆိုပါ ရန်ပုံငွေထဲသို့  အချိုးကျထည့်ဝင်ကြရ သည်။ အာဏာပိုင်အဖွဲ့သည် အခါအားလျော်စွာ ရန်ပုံငွေ ထပ်မံထည့်ဝင် ရန်လိုအပ်လာပါက ရောင်းဝယ်ရေးအဖွဲ့ဝင်များသို့ ငွေကြေးများ ထပ်မံထည့်ဝင်ရန် ညွှန်ကြားခွင့် ရှိသည်။ စတော့ အိပ်ချိန်းသည်လည်း အဆိုပါရန်ပုံငွေအဖွဲ့သို့ တစ်နှစ်တာအတွင်း ကုမ္ပဏီများ   စာရင်းဝင်ခြင်းမှ   ရရှိသည့် စာရင်းဝင်ကြေးထဲမှ ရာခိုင်နှုန်းတစ်ခုကို ထည့်ဝင်ရသည်။ စတော့အိပ်ချိန်းသည် အဆိုပါ ထည့်ဝင်ထားသည့်   ရန်ပုံငွေများကို တိုးပွားစေရန်  နည်း လမ်းမျိုးစုံသုံး၍ ဆောင်ရွက်နိုင်သည်။ ရန်ပုံငွေထိန်းကျောင်းသည့် အဖွဲ့သည် အဆိုပါ ရန်ပုံငွေများကို လျှော့ချခြင်း၊ ညှိနှိုင်းခြင်း၊ တိုးမြှင့်ခြင်းများကို စတော့ဈေးကွက် ထိန်းကျောင်းရေး အာဏာ ပိုင်အဖွဲ့၏အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ထို့အတူ အဆိုပါ ရန်ပုံငွေများအတွက် စိတ်ချမှုရှိစေရန် အာမခံအဖွဲ့များ နှင့်ချိတ်ဆက်ကာ အာမခံထားရှိနိုင်သည်။
ရင်းနှီးမြှုပ်နှံသူများအကာအကွယ်ပေးရေး ရန်ပုံငွေများကို  သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၏ ပြဋ္ဌာန်းချက်အရ  စတော့အိပ် ချိန်း သို့မဟုတ် အခြားသောအဖွဲ့အစည်းတစ်ခုခုထံတွင် ယုံကြည် အပ်နှံ မှုစာချုပ် Trust Deed) များချုပ်ဆိုကာ အပ်နှံ ထားရှိရ သည်။ အဆိုပါရန်ပုံငွေများကို သတ်မှတ်ထားသည့် စည်းမျဉ်းများ နှင့်အညီ ရန်ပုံ ငွေစီမံခန့်ခွဲရေးအဖွဲ့  Trustee))များ ဖွဲ့စည်းကာ ထိန်းသိမ်းစောင့်ရှောက်ရသည်။
အဆိုပါ ရန်ပုံငွေအုပ်ချုပ်ရေးအဖွဲ့သည့် စာရင်းရှင်းလင်း ရေးနှင့် ပေးလျော်ရေးကော်မတီ ၏လမ်းညွှန်မှုနှင့်အညီ နစ်နာသူ များမှာ ငွေကြေးပေးလျော်ရန်  တင်ပြလာသည့် ကိစ္စများကို စနစ် တကျ  စိစစ်ကာ ယင်းမှတစ်ဆင့် စတော့အိပ်ချိန်းမှတာဝန်ရှိသူများ နှင့် လွတ်လပ်သည့်  လက်မှတ်ရ  ပြည်သူ့စာရင်းကိုင်များထံသို့  ထပ်ဆင့်စစ်ဆေးရန်  ပေးပို့သည်။ ဆက်လက်၍ နစ်နာသည့် ရင်းနှီးမြှုပ်နှံသူများသို့ အဆိုပါရန်ပုံငွေမှတစ်ဆင့် ပေးလျော်ရပါ သည်။ 
နစ်နာမှုများကို ပေးလျော်ရာတွင် အောက်ဖော်ပြပါစည်း မျဉ်းများကို လိုက်နာကြရပါသည်။
    •    စစ်မှန်သည့်တောင်းခံမှု ဖြစ်စေရေးအတွက် ဖောက်သည် များ၏ အရောင်း/အော်ဒါများ ငွေချေးသက်သေခံလက် မှတ်ကုမ္ပဏီများမှတစ်ဆင့် စတော့အိပ်ချိန်းသို့ တင်သည့် မှတ်တမ်းများကို  စစ်ဆေးခြင်း၊ အမှန်အရောင်းအဝယ် ဖြစ်သွားသည့် မှတ်တမ်းများကို စစ်ဆေးခြင်း၊ ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများမှ ဖောက်သည်များသို့ ပေးပို့သည့် အရောင်းအဝယ်ဖြစ်ပြီးမှတ်တမ်း (ဃသညအမခေအ သြအန)များကို စစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်ရ သည်။
    •    ခိုင်မာသည့် အထောက်အထား   မတင်ပြနိုင်သော တောင်းခံမှုများ၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ (သို့မဟုတ်)ယင်း၏လက်အောက်ခံကုမ္ပဏီ(ျကဘ-ဘမသုနမ) တစ်ခုအနေနှင့် တရားဝင်ဖျက်သိမ်းကြောင်း၊ ပယ်ဖျက်ခံ ရကြောင်း အထောက်အထား တင်ပြနိုင်ခြင်းမရှိဘဲ တင်ပြတောင်းခံမှုများကို ပေးလျော်မည်မဟုတ်ပါ။
    •    ဖောက်သည်များမှ  တင်ပြလာသည့် နစ်နာမှုများသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိခြင်း၊ အစဉ် အလာမရှိခဲ့ခြင်းများ ဖြစ်ပေါ်နေသော်လည်း ကော်မတီ သည် ကိစ္စရပ်တစ်ခုချင်းအလိုက် စနစ်တကျ ပြန်လည် သုံးသပ်ပြီး  နစ်နာသူအကျိုးအတွက် စဉ်းစားဆောင်ရွက် သွားမည်ဖြစ်သည်။
    •    အကယ်၍ နစ်နာသူက တောင်းခံလာသည့် ကိစ္စရပ် တစ်ခုသည် စတော့အိပ်ချိန်း၏ အလိုအလျောက် ရောင်း ဝယ်ရေးစနစ် (Automatic Trading system) ၏ချို့ယွင်း ချက်ကြောင့်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းနစ်နာ မှုကို စတော့အိပ်ချိန်းမှ  တိုက်ရိုက်ပေးလျော်ရမည်ဖြစ် သည်။
    •    ပေးလျော်မှုပမာဏသည် နစ်နာသူက အမှန်တကယ် ဆုံး ရှုံးခဲ့သည့် ပမာဏသာဖြစ်ပြီး အခြားသော အတိုးနှင့် သက်ဆိုင်သည့် တွက်ချက်မှုများ၊ အခြားတွေးဆတွက် ချက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ခြားနားချက်များကို ပေးလျော်မည်မဟုတ်ပါ။
    •    ကော်မတီသည် လိုအပ်ပါက နစ်နာသူတင်ပြလာသည့် အချက်များနှင့်  ဆက်စပ်ချက်ရှိသည့်    မည်သည့်စာရွက် စာတမ်းကိုမဆို တောင်းဆိုနိုင်ပါသည်။
ကော်မတီမှပေးလျော်ရန် မလိုသည့် ကိစ္စရပ်များ
    ကော်မတီသည် စတော့အိပ်ချိန်း၏ ရောင်းဝယ်ရေးအဖွဲ့ဝင် အဖြစ်မှ ဖယ်ရှားထားခြင်းခံရသည့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ၏ ဖောက်သည်တစ်ဦးဦးမှ  တင်ပြတောင်းခံလာသည့်  မည်သည့်ပေးလျော်မှုကိုမှ ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ ထို့အပြင်   အောက်ပါအချက်များ  ဖြစ်ပေါ်လာပါကလည်း အလျော်ပေးရေးအတွက် စဉ်းစားမည်မဟုတ်ပါ။
    •    စတော့ရှယ်ယာများရောင်းဝယ်ရေးနှင့်  ပတ်သက်သည့် သဘောတူညီချက်စာချုပ်များတွင် မပါဝင်သည့် အချက် များ၊ ဥပဒေအရ  ခွင့်ပြုမထားသည့်အချက်များ၊     စတော့ ရောင်းဝယ်ရေး  စည်းမျဉ်းများနှင့် မသက်ဆိုင်သည့် အချက်များဖြစ်ပေါ်ခြင်း၊  ဖောက်သည်အနေနှင့် မိမိ ဘက်မှ  ပေးချေရန်ရှိသည်များကို ပျက်ကွက်ခြင်း၊ 
    •    ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စာရင်းရှင်းလင်းပေးချေ ရန်ရှိသည့်ရက်တွင် ပေးချေရန် ပျက်ကွက်ခြင်း၊ စတော့ များပေးချေရန် ရှိသည်များကို ပျက်ကွက်ခြင်း၊
    •    ပေးချေရန်ရှိသည့်အချိန်တွင်    ပေးရမည့်ငွေကြေးပမာဏ အပြည့်ပေးချေမှုမပြုဘဲ ယင်းကိုယ်စား အစားထိုးတစ်ခုခု ဖြင့် ပေးချေခြင်း၊
    •    တစ်ပိုင်းတစ်စပေးချေရန်  ကျန်သည့်ငွေကြေးများကို အချိန်မီ ပေးချေရန်ပျက်ကွက်ခြင်း၊ 
ဖောက်သည်အား ပေးလျော်ခြင်းနှင့် 
တားမြစ်ချက်ဆိုင်ရာ နည်းစနစ် များ
    •    သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များအနေနှင့်  ဖောက်သည် တစ်ဦးမှ၏ နစ်နာမှုများနှင့် သက်ဆိုင်သည့် အချက်များ ကို  နိုင်ငံအတွင်း ထုတ်ဝေနေသည့် သတင်းစာများမှာတစ် ဆင့် သုံးလအတွင်း ကြေငြာပေးသွားရမည်။
    •    ဖောက်သည်တစ်ဦးသည်နစ်နာမှုများရှိလာပါက အထက် ပါထုတ်ပြန်ကြေညာချက်များတွင်ပါရှိသည့် ပုံစံများတွင် ဖြည့်စွက်ကာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များထံသို့ လျှောက်ထားရမည်ဖြစ်ပြီး အာဏာပိုင်အဖွဲ့အနေနှင့် လျှောက်ထားသူတင်ပြလာသည့် အချက် များကို စနစ် တကျ စိစစ်ကာ အလျော်ရထိုက်သည်၊ မရထိုက်သည်ကို ထုတ်ပြန်ကြေညာသွားရမည်ဖြစ်ပါသည်။
Reference: Investment Guide Book

ထွန်းသက်ထွန်း