Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မူပိုင်ခွင့်ဦးစီးဌာန၏ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

Tue, 01/06/2026 - 10:36 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန မူပိုင်ခွင့်ဦးစီးဌာန၏ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်  အခမ်းအနားကို ၂၀၂၅ ခုနှစ် ဒီဇင် ဘာ ၂၃ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်ပြီး အဖွင့်အမှာစကား ပြော ကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင်  မူပိုင်ခွင့်ဦးစီးဌာနသည် စီးပွားရေး ဂေဟစနစ်  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီ ကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင် ရန်ဟူသည့်  ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အပံ့ ဖြစ်စေမည့် မူပိုင်ခွင့် အကာအကွယ်ပေးသည့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေ ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင် ဘာ ၂၃ ရက်တွင်  စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဥပဒေ(၄)ရပ်ကို ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်တို့တွင် အာဏာသက်ဝင်နိုင်အောင် ဆောင်ရွက်ခဲ့ကာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်း လုပ်ငန်း စဉ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ယခု ငါးနှစ်တာကာလအတွင်း ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ခဲ့သည့်အပြင် နိုင်ငံတော်အတွက်  အခွန်ဘဏ္ဍာရရှိအောင် စွမ်း ဆောင်နိုင်ခဲ့သည့်  ဌာနတစ်ခုဖြစ်ကြောင်း၊ လျှောက် ထားချက်များအား    စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြပြီး  မူပိုင်ခွင့်ပိုင်ရှင်များအတွက် တိကျ သော စစ်ဆေးမှုရလဒ်များနှင့် စိတ်ကျေနပ်စေမည့် ဝန်ဆောင်မှုများပေးနိုင်ရန်  ကြိုးစားသွားကြစေလို ကြောင်း၊ နိုင်ငံတကာ မူပိုင်ခွင့်ညီလာခံ ၂၀၂၅ ကို လည်း  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး   နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့်  မူပိုင်ခွင့်ကဏ္ဍနှင့် စပ်လျဉ်း၍  ရလဒ်ကောင်းများရရှိခဲ့ကြောင်း၊ နိုင်ငံ တော်ကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များ၊ ဝန်ကြီးဌာနက ချမှတ်ထားသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ ဖြစ်စေ မည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားရန်နှင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် နိုင်ရေးအတွက်  ခိုင်မာသော  မူပိုင်ခွင့်စနစ်တစ်ရပ်  တည်ထောင်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က နိုင်ငံတော်၏ မူပိုင်ခွင့်စနစ်တစ်ရပ် ဖွံ့ဖြိုးတိုး တက်ရန်  ဆောင်ရွက်ခဲ့မှု  အခြေအနေများကို ရှင်း လင်းတင်ပြပြီး ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းများနှင့် နှစ်ပတ်လည်နေ့  အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း များဖြင့် ‌ဖျော်ဖြေတင်ဆက်ခဲ့သည်။
အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊  ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ အရာထမ်း၊  အမှုထမ်းများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။                                      

   MOC (IR)