Main menu

Background

အ‌ရောက်လှမ်းခဲ့ပြီ မူပိုင်ခွင့် ပန်းတိုင်သစ်ဆီ

Sat, 01/10/2026 - 11:08 -- journal_editor

မူပိုင်ခွင့်ဆိုသည်မှာ မိမိ၏ကိုယ်ပိုင်အသိဉာဏ်ကို အသုံးပြု၍ ပြုလုပ်ထားသော တီထွင်မှုနှင့် ဖန်တီးမှုများရလဒ်များကို အသုံးပြု ရန်နှင့် အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့် အခွင့် အရေးများကို ဆိုလိုသည်။ နည်းပညာဆန်းသစ်တီထွင်မှုများ၊ ဆန်း သစ်သော ထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှုဒီဇိုင်းများ၊ ထုတ်ကုန်များတွင် အသုံးပြုသည့် အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသည့် အမှတ်တံဆိပ်များနှင့် စာပေနှင့် အနုပညာဖန်တီးမှု များ ပါဝင်သည်။
မြန်မာနိုင်ငံတွင် မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ လူသိများ ထင်ရှားခဲ့ သော ဥပဒေမှာ Copyright ACT (1914) ဖြစ်သည်။ အခြားသော နည်းပညာမူပိုင်ခွင့်များနှင့်   အမှတ်တံဆိပ်  မူပိုင်ခွင့်များအတွက် သီးခြားဥပဒေများ ပြဋ္ဌာန်းခြင်းမရှိခဲ့ချေ။ သို့ဖြစ်၍ နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာအခွင့် အရေးများကို လက်တွေ့ကျင့်သုံး ဆောင်ရွက်မှု အလေ့အကျင့်များ နည်းပါးခဲ့သည်။ ၂၀ဝ၁ ခုနှစ်၊ မေလ ၁၅ ရက်တွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီး WIPO) ၏ ၁၇၆ နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ပြီးနောက် နိုင်ငံ၏ လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး ခေတ်မီကောင်းမွန်သည့် မူပိုင်ခွင့်စနစ်တစ်ရပ် ကို တည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။  နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈) ပုဒ်မ-၃၇ တွင် ]]နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင် ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်}} ဟု လည်းကောင်း၊ ပုဒ်မ-၃၇၂ တွင် ]]ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေး ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင် ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်}}ဟုလည်း ပြဋ္ဌာန်းခဲ့ သည်။ 
၂၀ဝ၄ ခုနှစ်တွင်  နိုင်ငံတကာအဆင့်မီ မူပိုင်ခွင့်စနစ်သစ် တစ်ရပ် တည်ထောင်နိုင်ရန်အတွက် မူပိုင်ခွင့်ဥပဒေမူကြမ်း လေး ရပ်ကို ပြည်တွင်းနှင့် ပြည်ပမှ ဥပဒေပညာရှင်များ ပူးပေါင်း၍ ညှိနှိုင်း ရေးဆွဲခဲ့သည်။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ (Trademark Law) စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေIndustrial Design Law)၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေ (Patent Law)နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (Copyright Law) တို့ကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် ပြည်ထောင်စုလွှတ်တော်အသီးသီးတွင် တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်  နှစ်ဦးပိုင်းတွင် အောင်မြင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ 
မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် တာဝန်ခံဝန်ကြီးဌာနအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကို   တာဝန်ပေးအပ်ခဲ့သည်။   သို့ဖြစ်၍ မူပိုင်ခွင့်  ဥပဒေများအရ နိုင်ငံတော်၏ ဒုတိယသမ္မတဦးဆောင်သည့် မူပိုင်ခွင့် ဆိုင်ရာ ဗဟိုကော်မတီကို ၂၀၂၀ ပြည့်နှစ် မေလတွင် အဖွဲ့ဝင် ၃၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန် ၃ ရက်တွင် ပထမအကြိမ် အစည်းအဝေးကို ကျင်းပနိုင်ခဲ့သည်။ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ကို အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ အစည်းအဝေးများ ရှစ်ကြိမ်ကျင်းပခဲ့ပြီး မူပိုင်ခွင့်စနစ်တည်ဆောက် ရေး  မူဝါဒများနှင့်  လမ်းညွှန်ချက်များကို ချမှတ်နိုင်ခဲ့သည်။ ဗဟို ကော်မတီသည် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုး တက်စေရန်    ]]အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ (၂၀၂၃-၂၀၂၈)}}ကိုလည်း ချမှတ်ပေးခဲ့ပြီး ရည်မှန်းချက်၊ မဟာ ဗျူဟာ ခြောက်ရပ်နှင့် လုပ်ငန်းစဉ် ၅၃ ခုကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။  
မူပိုင်ခွင့်စနစ်တည်ဆောက်ရာတွင် အဓိကကဏ္ဍမှ တာဝန် ယူဆောင်ရွက်မည့်  မူပိုင်ခွင့်ဦးစီးဌာနကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်တွင် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်တွင် ဖွဲ့စည်းခဲ့သည်။  မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့် ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မူပိုင်ခွင့်ဥပဒေများ၏ နည်းဥပဒေများအပြင် အေဂျင်စီနည်းဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေး ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ စည်း မျဉ်းနှင့် ဒေသထွက်ကုန်များအား မူပိုင်ခွင့် အကာအကွယ်ပေးသည့် ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေတို့ကို ရေး ဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခဲ့သည်။ နည်းဥပဒေများ ပြဋ္ဌာန်းပြီး နောက် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေနှင့် ၂၀၂၄ ခုနှစ် မေ ၃၁ ရက် တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ကို အထူးဥပဒေ Special Law များ အနေဖြင့် အသီးသီး အာဏာသက်ဝင်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အယူ ခံခြင်းကိစ္စရပ်များနှင့် မူပိုင်ခွင့်ဥပဒေများပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ပြဋ္ဌာန်းဥပဒေများနှင့် အညီ အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။  ၂၀၂၅ ခုနှစ်တွင် အေဂျင်စီ အစည်းအဝေးများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်၍  ငါးကြိမ်တိုင် ကျင်းပနိုင် ခဲ့ပြီး ဗဟိုကော်မတီသို့တင်ပြဆောင်ရွက်မည့် ကိစ္စရပ်များနှင့် လုပ် ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်။ မူပိုင်ခွင့်ဦးစီးဌာနမှ အေဂျင်စီဌာန ခွဲသည်  အေဂျင်စီနည်းဥပဒေများ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးနှင့် အေဂျင်စီအစည်းအဝေးများ ကျင်းပနိုင်ရေး တာဝန် ယူ ဆောင်ရွက်ခဲ့သည်။ 
မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်လျှောက်ထားမှုအတွက် လိုအပ်သည့် လျှောက်လွှာပုံစံများ၊ အခကြေးငွေများကို သတ်မှတ် ပြဋ္ဌာန်းခဲ့ပြီး ပြည်တွင်းနှင့်ပြည်ပတို့မှ မူပိုင်ခွင့်လျှောက်ထားမှုများကို အီလက်ထရောနစ်ဖြင့် လျှောက်ထားခြင်း (Online Filing) သို့မဟုတ် လျှောက်လွှာလက်ခံဌာနများသို့ ကိုယ်တိုင်လာရောက် လျှောက်ထား ခြင်းစသည့် နည်းလမ်းနှစ်မျိုးဖြင့် လက်ခံဆောင်ရွက်ခဲ့သည်။ မူပိုင် ခွင့်လျှောက်ထားခြင်းများကို ကိုယ်စားလှယ်များမှတစ်ဆင့် လျှောက် ထားနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများ ဖွင့်လှစ်ပြီး မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် အသိအမှတ် ပြုလက်မှတ်များ ပေးအပ်၍ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့သည်။ ယခုအခါ ကိုယ်စားလှယ် စုစုပေါင်း  ၁၂၇၃ ဦးကျော် မွေးထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ အမှတ်တံဆိပ် လျှောက်ထားချက် ၆၆၇၄၆ စောင်၊  စက်မှုဒီဇိုင်း လျှောက်ထားချက် ၃၃၉ စောင်၊   စာပေနှင့် အနုပညာမူပိုင်ခွင့် လျှောက်ထား ချက် ၃၆ စောင်နှင့်၊ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက် ၄၃ စောင် လက်ခံရရှိခဲ့သည်။ 
မူပိုင်ခွင့်လျှောက်ထားမှုများကို မူပိုင်ခွင့်ဦးစီးဌာနမှ သက် ဆိုင်ရာ စစ်ဆေးရေးအရာရှိများက မူပိုင်ခွင့်ဥပဒေများပါ ပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ဆေးပြီး လျှောက်ထားချက်များအား ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ခြင်း၊ ထုတ်ပြန် ကြေညာခြင်း စသည့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊  နိုဝင်ဘာလအထိ အမှတ် တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်း ၁၂၄၄၆ စောင်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်း ၁၆၄ စောင်နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် မှတ်ပုံ တင်ခြင်း ၁၈ စောင်တို့အတွက်  မူပိုင်ခွင့်မှတ်ပုံတင်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate) များကို  ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
မူပိုင်ခွင့်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအပြင် အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းများ MSMEs) သုတေသန ဌာနများ၊ တက္ကသိုလ်၊ ကောလိပ်သိပ္ပံများမှ ဝန်ထမ်းများနှင့် ပြည်သူ များ  စသည့်  လူ့အဖွဲ့အစည်းများတွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဗဟုသုတများ ပြန့်ပွားစေရန်နှင့် တီထွင်ဆန်းသစ်မှုနှင့် ဖန်တီး မှုများ မြင့်မားတိုးတက်လာစေရန်အတွက် မူပိုင်ခွင့်အမျိုးအစားအလိုက် လိုအပ်သော  အသိပညာပေးခြင်း အစီအစဉ်များကို နှစ်စဉ် အသိ ပညာပေး  အစီအစဉ်များလျာထားလျက်  ဝန်ကြီးဌာနများ၊  သက် ဆိုင်ရာ အသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးစီမံချက်များ  ချမှတ်ပြီး   မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊  မူပိုင်ခွင့် လျှောက်ထား ချက်များအား စစ်ဆေးမည့် ဝန်ထမ်းများအား လေ့ကျင့်ပညာပေး ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ပြည်တွင်းသင်တန်း ၁၈၈ ခုတွင် ဝန်ထမ်းများအား တက်ရောက်စေခဲ့သည်။ ပြည်ပတွင် ကျင်းပခဲ့သော မူပိုင်ခွင့်ဆိုင်ရာ သင်တန်းများ ၄၄ ခုနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ၁၆၁ ခု၊ အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများ ၆၅ ခုတို့တွင်လည်း ဝန်ထမ်းများ လူကိုယ်တိုင် တက်ရောက်ခြင်းနှင့် Online မှတစ်ဆင့် တက်ရောက်ခြင်းတို့ဖြင့် ဝန်ထမ်းများ၏ မူပိုင်ခွင့်ဆိုင်ရာ အသိအမြင် ဗဟုသုတများ မြှင့်တင်နိုင်စေရန် ဆောင်ရွက်ခဲ့သည်။ 
မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့်  အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူပိုင်ခွင့် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များတွင် တကြွ်ကစွာ လိုက်ပါဆောင်ရွက်ခြင်း၊ အာဆီယံနှင့်မိတ်ဖက်နိုင်ငံများ၏ ကုန် သွယ်မှုသဘောတူစာချုပ်များတွင် ပါဝင်ဆွေးနွေးခြင်း၊  အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC)) ၏ မူပိုင်ခွင့်ကဏ္ဍကို ဖြည့်ဆည်း ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ကြီးနှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ ကြီးတို့နှင့် စဉ်ဆက်မပြတ်ဆက်သွယ်ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် မူပိုင်ခွင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှင့် ယဉ်ကျေးမှုတို့ကို အားပေးလှုံ့ဆော်သော မူပိုင်ခွင့်ဂေဟစနစ်ကို အားကောင်းစေရန် ဦးတည်ချက်ဖြင့် နိုင်ငံတကာ မူပိုင်ခွင့်ညီလာခံ (International Conference on Intellectual Property-2025) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်မှ ၄ ရက်ထိ နေပြည်တော်၊Jasmine Naypyitaw Hotel တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ နိုင်ငံတကာ မူပိုင်ခွင့်ညီလာခံမှ  ရရှိလာသည့် ဆွေးနွေးသုံးသပ်ချက်ရလဒ်များ နှင့် လေ့လာတွေ့ရှိချက်များအပေါ် အခြေခံ၍ နိုင်ငံတော်၏ လူမှု စီးပွား  ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် ခေတ်မီ ကောင်းမွန်သော  မူပိုင်ခွင့်စနစ် ပေါ်ထွန်းလာစေရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ 
မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို မူပိုင်ခွင့် ပိုင်ရှင်များထံ သို့ အပ်နှင်းခြင်းသာမက မူပိုင်ခွင့်ချိုးဖောက်မှုများကိုလည်း ထိရောက် စွာ တားဆီးကာကွယ်ပေးခြင်းဖြင့် ညီညွတ်မျှတသော လူမှုစီးပွားဘဝ ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ မူပိုင်ခွင့် ဥပဒေများအရ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနမှ အကောက်ခွန်ဦးစီးဌာနနှင့် ပြည်ထောင်စုတရားလွှတ် တော်ချုပ်တို့က မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်ကြော်ငြာစာများကိုလည်း ထုတ် ပြန်ခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း မူပိုင်ခွင့် ချိုးဖောက်မှုများကို  ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်သည်။ 
နိုင်ငံတော်တွင် မူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးဆောင် ရွက်ခြင်းနှင့်   မူပိုင်ခွင့်ချိုးဖောက်မှုများကို  ထိရောက်စွာ အကာ အကွယ်ပေးနိုင်ခြင်းအားဖြင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသည့်  အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖြစ်ပေါ်လာစေရန် အထောက်အကူ ဖြစ်စေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ် ပေါက်လာစေနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူ နိုင်စေခြင်းဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်လာနိုင်ခြင်း၊  တီထွင် ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်များကို မျှတစွာခွဲဝေ ခံစားစေခြင်းအားဖြင့် စာပေအနုပညာနှင့်  စက်မှုလက်မှုကဏ္ဍများ တွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းနှင့် လူနေမှုအဆင့် အတန်း မြင့်မားတိုးတက်လာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။  

       ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်နှင့် အေအိုင် စသည့် နည်းပညာရပ်များ တစ်ဟုန်ထိုး ဖြစ်ပေါ်လာပြီး ကမ္ဘာတစ်ဝန်း ယှဉ်ပြိုင်မှု မြင့်မားလာသဖြင့် မူပိုင်ခွင့် အကာအကွယ်ပေးသည့် စနစ်တစ်ရပ်ကို  ကျင့်သုံးဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်စေ နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်၏ တီထွင်ဆန်းသစ်မှုကို အခြေပြုသည့် စီးပွားရေးနှင့် ပညာရေးမူဝါဒများကို အကောင်အထည်ဖော်ရာတွင် မူပိုင်ခွင့်ကဏ္ဍကိုလည်း မရှိမဖြစ် တည်ဆောက်ရမည်ဖြစ်သဖြင့် မူပိုင်ခွင့်ခရီးလမ်း၏ ရည်မှန်း ချက်ပန်းတိုင်သစ်ဆီသို့ အရောက်လှမ်းနိုင်ကြရန် ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြခြင်းဖြင့် အမျိုးသားဂုဏ်ကို မြှင့်တင်ရန်လိုအပ်ကြောင်း ရေးသား လိုက်ရပါသည်။

 

ဒေါက်တာမိုးမိုးသွယ် (မူပိုင်ခွင့်)