Main menu

Background

၂၀၂၅-၂၀၂၆ ရာသီ ပဲတီစိမ်း စိုက်ပျိုးမှုအတွက် GAP&GHP)) နည်းစနစ်များအတိုင်း စိုက်ပျိုးစေရန် ရည်ရွယ်၍ တောင်သူများကို ပညာပေး

Sat, 01/10/2026 - 12:42 -- journal_editor

ပဲပင်ပေါက် ဖောက်ရန်အတွက် မြန်မာပဲများ ဥရောပသမဂ္ဂသို့ တင်ပို့ နိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍  ပဲတင်ပို့သူများ အစုအဖွဲ့၏  ပံ့ပိုးကူညီမှုဖြင့် အဆိုပြု ရွေးချယ်ထားသည့် ပဲတီစိမ်းစိုက်ကွင်း များအလိုက်     ရွေးချယ်ထားသော တောင်သူများအား  ကောင်းမွန်သော စိုက်ပျိုးရေးနည်းစနစ် (GAP)၊ ကျန်းမာ ရေးနှင့်အညီ  သန့်ရှင်းသော စိုက်ပျိုး ထုတ်လုပ်မှုစနစ် (GHP) နည်းပညာပေး သင်တန်းများကို ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ၈-၁၂-၂၀၂၅ ရက်နေ့တွင်   သန်လျင်မြို့နယ်၊ ၁၀-၁၂-၂၀၂၅ ရက်တွင်    ခရမ်းမြို့နယ်၊ ၁၂-၁၂-၂၀၂၅ ရက်တွင် ကျောက် တန်းမြို့နယ်နှင့် ၁၄-၁၂-၂၀၂၅ ရက် တွင် သုံးခွမြို့နယ်တို့၌ကျင်းပခဲ့ပြီး စုစု ပေါင်းတောင်သူဦးရေ  ၈၈၀  တက် ရောက်ခဲ့ကြောင်း သိရသည်။ 
ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲတင် ပို့ရာတွင် ပို့ကုန်လုပ်ငန်းရှင်များအနေ ဖြင့် ရရှိထားသော ဈေးကွက်ခိုင်မာစေ ရန်နှင့် ဈေးကွက်အသစ်များ တိုးတက် ရရှိစေရန် ထုတ်လုပ်မှု (Production)၊ အဝယ်ဒိုင် (Collection))၊ သယ်ယူပို့ ဆောင်ခြင်း (Transporation)၊  စနစ် တကျထုတ်လုပ်ခြင်း ( Processing)၊ တင်ပို့ခြင်း (Exporting)     အဆင့် အားလုံးအတွက် လိုအပ်သည့် နောက် ကြောင်းပြန် ခြေရာခံစနစ် (Trace-ability System) ) ကို ဥရောပသမဂ္ဂနိုင်ငံ များ၏    သတ်မှတ်ချက်များအတိုင်း လိုက်ပါ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
သင်တန်းဖွင့်လှစ်ရသည့်   ရည် ရွယ်ချက်မှာ ပဲတီစိမ်း  စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဥရောပသမဂ္ဂ နိုင်ငံများ၏ အစားအစာ ဘေးကင်းရေး ဆိုင်ရာ  သတ်မှတ်ချက်နှင့်အညီ သီးနှံ အရည်အသွေး မြင့်မားစွာ ထုတ်လုပ် နိုင်ရေးအတွက် ကောင်းမွန်သော စိုက် ပျိုးရေးနည်းစနစ်       အလေ့အကျင့် ကောင်းများ၊    ကျန်းမာရေးနှင့်အညီ စိုက်ပျိုးထုတ်လုပ်သည့် အလေ့အကျင့် ကောင်းများနှင့်  စာရင်းဇယား မှတ် တမ်း    မှတ်ရာထားရှိသည့် အလေ့ အကျင့်ကောင်းများ    ရရှိစေရန်ဖြစ် ကြောင်း သိရသည်။ 
သင်တန်းတွင်   ပဲတီစိမ်း အင်း ဆက်ဖျက်ပိုးများအား ဘက်စုံကာကွယ် နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေး  စနစ် တကျသုံးစွဲခြင်းနှင့် ဓာတြွ်ကင်း‌လျှော့ချ  ရေးနည်းလမ်းများအကြောင်း၊ ပဲတီစိမ်း ရောဂါများအား ဘက်စုံကာကွယ်  နှိမ် နင်းရေးနည်းလမ်းများ    အသုံးပြု၍ ကာကွယ်နှိမ်နင်းနည်းများ၊   ရောဂါ သတ်ဆေးများအား စနစ်တကျ ကာ ကွယ်နှိမ်နင်းနည်းများ၊ ပေါင်းများအား စနစ်တကျ ကာကွယ်နှိမ်နင်းနည်းများ၊ ပေါင်းသတ်ဆေးများအား စနစ်တကျ အသုံးပြုရေး နည်းလမ်းများ၊ မြေဆီလွှာ အာဟာရ တိုးတက်ဖွံ့ဖြိုး‌ရေး ဆောင် ရွက်ချက်များ၊ မြေဆီလွှာ၏ ဂုဏ်သတ္တိ များနှင့်   သီးနှံပင်အတွက် အဓိက အာ ဟာရဓာတ်များအကြောင်း သိကောင်း စရာများ၊ သဘာဝမြေသြဇာပြုလုပ်သုံး စွဲနည်းများ၊ ပဲတီစိမ်းကို ွဗဏ စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ခေါင်တောင်စနစ်ဖြင့် မျိုး သန့်ထိန်းသိမ်းခြင်းနှင့် တောင်သူမှတ် တမ်းထားရှိခြင်းအကြောင်း  သိကောင်း စရာများကို   သင်တန်းပို့ချခဲ့ကြောင်း သိရသည်။ 

မြသူ DOCA-YGN)