ယခင်လက စတော့အိပ်ချိန်းရောင်းဝယ်ရေးအဖွဲ့ဝင် (Securities Companies) များ၏ ]]ရင်းနှီးမြှုပ်နှံသူများအကာ အကွယ်ပေးရေးရန်ပုံငွေ}} Investor Protection Fund) များ ထူ ထောင်ပုံနှင့် လုပ်ငန်းစဉ်များကို ရေးသားတင်ပြခဲ့ပါသည်။ ဆက် လက်၍ အာရှဒေသနိုင်ငံအချို့၏ ရန်ပုံငွေအဖွဲ့အချို့အကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
ထိုင်းနိုင်ငံ
စတော့ဈေးကွက်အတွင်းပါဝင်ရောင်းဝယ်ကြသည့် ရင်း နှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရေးသည် ဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံသူများ ပိုမိုယုံကြည်စိတ်ချမှု ရရှိစေရေးနှင့် ဈေးကွက် တိုးတက်မှုရရှိစေရေးအတွက် အဓိကကျသည့် အချက်ဖြစ်သည့် အတွက် ထိုင်းစတော့အိပ်ချိန်းသည် ရင်းနှီးမြှုပ်နှံသူများ အကာ အကွယ်ပေးရေး ရန်ပုံငွေအဖွဲ့ Securities Investor Protection Fund , SIPF)ဏ)ကို ၂၀ဝ၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အဆိုပါ ရန်ပုံငွေကို အဖွဲ့ဝင် ငွေချေးသက် သေခံလက်မှတ်ကုမ္ပဏီ များ၏ ငွေကြေးထည့်ဝင်မှုဖြင့်ထူထောင်ထားသော်လည်း မထည့် မနေရ စနစ်မဟုတ်ပါ။ ဤသို့တည်ထောင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံ သူများအနေဖြင့် ဈေးကွက်အပေါ် ပိုမိုယုံကြည်မှု ရရှိစေကာ အကယ်၍ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ဥပဒေပြဋ္ဌာန်းချက်များ အတိုင်း လျော်ကြေးငွေ ရရှိမည်ဖြစ်သည်။
ထိုင်းစတော့ အိပ်ချိန်း (SET) ) နှင့် ထိုင်းငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SECT)) တို့သည် ငွေ ချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ရောင်းဝယ်မှုများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိပြီး ရင်းနှီးမြှုပ်နှံသူများ သည်လည်း လိုင်စင်ရရှိထားသည့်ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများမှ တစ်ဆင့်သာ ရောင်းဝယ်မှုပြုလုပ်ရန် အရေးကြီး သည်။ ရင်းနှီးမြှုပ်နှံသူများသည် မိမိတို့ ပြုလုပ်လိုက်သည့် အရောင်းအဝယ်တစ်ခုချင်းကို စနစ်တကျစိစစ်ရန်တာဝန်ရှိပြီး အကယ်၍ ရောင်းဝယ်မှုများအတွက် သံသယရှိပါကSET , SECT) သို့မဟုတ် ထိုင်းရဲတပ်ဖွဲ့ စီးပွားရေးဌာနခွဲသို့ တိုင်ကြားနိုင်သည်။
ပေးလျော်ရန် အကျုံးဝင်သည့် ကိစ္စများ
ရင်းနှီးမြှုပ်နှံသူများသည် အောက်တွင်ဖော်ပြထားသည့် အချက်များနှင့်ကိုက်ညီသည့် နစ်နာမှုတစ်ခုခု ဖြစ်ပေါ်လာပါကSIPFဏ ထံမှသော်လည်းကောင်း၊ SIPF ၏အဖွဲ့ဝင်များထံမှသော် လည်းကောင်း လျော်ကြေးကို တိုက်ရိုက်ရယူခွင့်ရှိသည်။ ပေး လျော်ရာတွင် ဖောက်သည်တစ်ဦး အမှန်တကယ် ဆုံးရှုံးသည့် ပမာဏကိုသာ ပေးလျော်ရန်ဖြစ်သော်လည်း ရောင်းဝယ်ရေး အဖွဲ့ဝင် တစ်ဦးသည် အများဆုံး ဘတ်(၁)သန်းထက် မကျော်ရပါ။
• SIPFအဖွဲ့ဝင် တစ်ဦးဦးသည် ြွေကးမြီများ မပေး ဆပ်နိုင်သည်ဟု တရားရုံးမှ ဆုံးဖြတ်စီရင်ထားသည့် အခါ၊
• SIPF အဖွဲ့ဝင် တစ်ဦးဦး သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ တစ်ဦးဦးသည် ရှယ်ယာများ ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုများပေါ်ပေါက်ကာ တရား ရုံးမှ အဖွဲ့ဝင် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ ကို ပေးလျော်ရန်ဆုံးဖြတ် ချက်ချသော်လည်း ၎င်းမှ ပေးလျော်ရန်ပျက်ကွက်သည့်အခါ။
ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူများ အကာအကွယ်ပေးရေးအစီအစဉ်
ဂျပန်နိုင်ငံသည် ၁၉၆၈ ခုနှစ်မှစတင်၍ ငွေချေးသက်သေခံ လက်မှတ်များ ဆုံးရှုံးမှုအာမခံ ရန်ပုံငွေအဖွဲ့ (Entrusted Secur- ities Indemnity Fund , ESIF)) ကို တည်ထောင်ကာ ငွေချေးသက် သေခံ လက်မှတ်ကုမ္ပဏီများ အြွေကးမဆပ်နိုင်သည့်အခါ (သို့မဟုတ်) ငွေပေးချေရန်ပျက်ကွက်သည့်အခါတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရန် ရည်ရွယ်၍ တည် ထောင်ခဲ့သည်။ သို့ရာတွင် ၁၉၉၆ ခုနှစ် အထိESIFအနေနှင့် မည်သည့်ပေးလျော်မှုကိုမျှ မပြုခဲ့ရပါ။ သို့ရာတွင် ၁၉၉၇ ခုနှစ်တွင် ပေးလျော်မှု လေးခုနှင့် ၁၉၉၈ ခုတွင် သုံးခုဖြစ်ပေါ်ခဲ့သည်။
ထင်ရှားသည့်ပေးလျော်မှုများမှာ ၁၉၉၇ ခုနှစ်တွင် ဆန်ညို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီနှင့် မာယူဆို ငွေချေးသက် သေခံလက်မှတ်ကုမ္ပဏီတို့၏ ဆုံးရှုံးမှုဖြစ်ခဲ့ပြီးESIF မှတစ်ဆင့် ပေးလျော်ခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ၏ ငွေချေးသက်သေခံလက်မှတ် ဈေးကွက် အတွင်း လိုင်စင်စနစ်မှသည် မှတ်ပုံတင်စနစ်သို့ ပြောင်းလဲခဲ့ပြီး နောက် စတော့ရှယ်ယာဈေးကွက်အတွင်း ပြင်းထန်သည့်ပြိုင်ဆိုင် မှုများဖြစ်ပေါ်ခဲ့သည်။ ထိုသို့ပြိုင်ဆိုင်မှုများ ပြင်းထန်ချိန်တွင် ငွေ ချေးသက်သေခံလက်မှတ်ကုမ္ပဏီအချို့ဈေးကွက်မှ ထွက်သွား ရမည့် အလားအလာများဖြစ်ပေါ်ခဲ့သည်။ သို့အတွက် ၁၉၉၈ ခုနှစ်တွင် ESIF ကို ဖျက်သိမ်းခဲ့ကာ ဂျပန်ငွေချေး သက်သေခံ လက်မှတ် လဲလှယ်ရောင်းဝယ်ရေးဥပဒေကိုလည်း ပြန်လည်ပြင် ဆင်ခဲ့သည်။
ထိုသို့ဥပဒေအသစ် ပြင်ဆင်မှုနှင့်အတူ ၁၉၉၈ ခု ဒီဇင်ဘာ လတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများ အကာအကွယ် ပေးရေး ရန်ပုံငွေအဖွဲ့ Japan Investor Protection Fund, JIPF) အဖြစ်သို့ ပြောင်းလဲ တည်ထောင်ခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် Financial Instruments and Exchange ACT , FIEA ကိုပြဋ္ဌာန်းခဲ့ကာJIPF ကိုလည်း အဆိုပါဥပဒေဖြင့်စီမံခန့်ခွဲခဲ့သည်။ ှုဲင်္ဏ ကို အဖွဲ့ဝင် နှစ်ဦးမှ ၁၂ အထိပါဝင်သည့် ပါဝင်သည့် အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကာ စီမံခန့်ခွဲလျက်ရှိသည်။
အထက်ပါJIPF ကိုFIEA ဥပဒေအရ ဂျပန် ကက်ဘိနက် အဖွဲ့ ၏ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး၏ တိုက်ရိုက်ကြီးကြပ်မှု အောက်တွင်ထားရှိကာ အချို့သော ကိစ္စအနည်းငယ်မှလွဲ၍ ဝန်ကြီးချုပ်သည် ၎င်း၏ လုပ်ပိုင်ခွင့်များကို Financial Service Agency သို့ လွှဲအပ်ခဲ့သည်။
ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ အနေနှင့် ၎င်း တို့၏ဖောက်သည်များ၏ ပိုင်ဆိုင်ခွင့်များကို လုံခြုံစိတ်ချစွာ ထိန်း သိမ်းနိုင်ရေးအတွက် JPIF သည် ဂျပန်ငွေချေးသက်သေခံလက် မှတ်များ ရောင်းဝယ်သူများအသင်း (Japan Securities Dealers Association, JSDA) နှင့် အတူလက်တွဲကာ စောင့်ကြည့်မှုများကို ပုံမှန် ဆောင်ရွက်လျက်ရှိသည်။ လိုအပ်လာပါက အထက်ပါငွေ ချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် ညှိနှိုင်းခြင်း၊ တွေ့ဆုံ ဆွေးနွေးခြင်းများကိုဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ယင်း ကုမ္ပဏီများ၏ ရင်းနှီးငွေလုံလောက်မှုအချိုး (Capital Adequacy Ratio) ကို ပုံမှန်စစ်ဆေးလျက်ရှိကာ အကယ်၍အချိုးအစားများ လျော့ကျလာပါက ပြန်လည်ဖြည့်တင်းခြင်း၊ သက်ဆိုင်ရာဌာနများ သို့ သတင်းပေးပို့ခြင်းအစရှိသည့် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
အိန္ဒိယနိုင်ငံ၏ရင်းနှီးမြှုပ်နှံသူများအကာအကွယ်ပေးရေးအစီအစဉ်
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းစတော့အိပ်ချိန်းသည် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ရင်းနှီးမြှုပ်နှံသူများ အကာ အကွယ်ပေးရေးရန်ပုံငွေအဖွဲ့ Investor Protection Fund, IPF)) ကို ၁၉၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့သည် ကူညီစောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့ဖြစ်ပြီး ရန်ပုံငွေထိန်းသိမ်း စောင့် ရှောက် ရေးအဖွဲ့ Trustee) က စတော့အိပ်ချိန်းကိုယ်စား တာဝန်ယူထိန်းသိမ်းပါသည်။
IPF တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာအောက်ပါ အတိုင်း ဖြစ်ပါသည်။
• စတော့အိပ်ချိန်းရောင်းဝယ်ရေးအဖွဲ့ဝင် တစ်ဦးဦးမှ ဖောက်သည်အားပေးချေရမည့် ငွေ/စတော့များပေး ချေရန်ပျက်ကွက်သည့်အခါ ယင်းကိုယ်စားပေးလျော် ရန်၊
• လိုအပ်သည့်စာရင်းအင်းအချက်အလက်များပြုစုခြင်း၊ သုတေသနပြုခြင်း၊ ကူညီခြင်း၊ ထောက်ပံ့ခြင်းများ ပြု လုပ်ရန်၊
• ဈေးကွက်နှင့်ပတ်သက်သည့် အသိပညာများ ပြန့်ပွား ရေး၊ သင်ကြားရေး စသည်များကို ထိရောက်စွာ မြှင့်တင် ပေးရန်၊
• ရင်းနှီးမြှုပ်နှံသူများအား ပညာပေးရေးနှင့် သုတေသန များ ဆောင်ရွက်ရန်။
IPF ၏ လုပ်ငန်းဆောင်ရွက်မှုများ
• နိုင်ငံတစ်ဝန်းလုံးရှိ ရင်းနှီးမြှုပ်နှံသူများအား ဈေးကွက် ဆိုင်ရာ အသိပညာပြန့်ပွားစေရေးအတွက် အိန္ဒိယငွေ ချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော် မရှင်၏ လိုင်စင်ရ အဖွဲ့များ၊ ပညာရေးအဖွဲ့များ၊ ကုန် သည်ကြီးများအသင်း၊ ှုဃှု စသည့် အဖွဲ့များနှင့် ပူးပေါင်းကာ ပညာပေးရေး အစီအစဉ်များ ဆောင်ရွက် လျက်ရှိသည်။
• ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများနှင့် ကုမ္ပဏီ များနှင့်ပတ်သက်၍ ဖောက်သည်များ၏ တိုင်ကြားမှု များကို လက်ခံရန် ဝန်ဆောင်မှုဌာန ခြောက်ခု ဖွင့်လှစ် ထားရှိကာ ယင်းတို့ကို စီမံခန့်ခွဲလျက်ရှိသည်။
• ငွေ/စတော့များ ပေးချေရန် ပျက်ကွက်သည့် အဖွဲ့ဝင် များ၏ ဖောက်သည်များကို စာရင်းရှင်လင်း ပေးခြင်း၊
• အဆိုပါ ဝန်ဆောင်မှုဌာနများတွင် ဖောက်သည်များ အသိပညာပြန့်ပွားရေးအတွက် စာကြည့်တိုက်များ ထား ရှိပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
Reference: Investment Guide Book
ထွန်းသက်ထွန်း
