စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးH.E. Mr. Abhay Thakur နှင့် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့ တက် ရောက်ရန် နေပြည်တော်သို့ ရောက်ရှိ နေသည့် အိန္ဒိယနိုင်ငံ ကူးသန်းရောင်း ဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကူးသန်း ရောင်းဝယ်ရေးဦးစီးဌာန Additional Secretary Sh. Nitin Kumar Yadav တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ဇန်နဝါရီ ၂၀ ရက် ညနေ ၄နာရီက နေပြည်တော် ရုံးအမှတ်-၃၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးတွဲ ကုန်သွယ်ရေးကော်မတီ အစည်းအဝေး တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစလုံး အတွက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ် ကောင်းများ ပေါ်ထွက်လာစေရေး ညှိနှိုင်းဆွေးနွေးသွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာအား သက်တမ်းတိုးမြှင့်နိုင်ရေး၊ မြန်မာ့ပဲ မျိုးစုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန် များ အိန္ဒိယနိုင်ငံသို့ ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး-ကျပ် အသုံးပြုမှု အဆင်ပြေချော မွေ့စေရေးအတွက် ပူးပေါင်းဆောင် ရွက်သွားရေးနှင့် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း အပြန် အလှန် ကူးလူ းဆက်ဆံမှုများကို တွန်း အားပေး ဆောင်ရွက်သွားရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
MOC(IR)
