Main menu

Background

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်

Tue, 02/03/2026 - 09:55 -- journal_editor

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃)၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်‌ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီ စားသုံးမှု၊ သုံးစွဲမှု၊ ထုတ်လုပ်နိုင်မှုနှင့် တင်သွင်းရန် လိုအပ်မှုတို့ကိုအခြေခံပြီး ပြည်ပ မှ စားသုံးဆီတင်သွင်းရန် လိုအပ်ချက်ကို တွက်ချက်ကာ တင်သွင်းခွင့်ပြုလျက် ရှိပါ ကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်းဈေးနှုန်း ဖြစ်စေရေးအတွက် စားသုံးဆီ ရည်ညွှန်း‌‌ဈေးနှုန်း စိစစ်တွက်ချက်ရေးအဖွဲ့မှ သေချာစွာစိစစ်တွက်ချက်၍ အပတ် စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ မလိုအပ်သော ကုန်ကျစရိတ်များကို လျှော့ချခြင်း နှင့် ပြည်ပ င်္ဃှု ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းတို့ကြောင့် စက်တင်ဘာလ စတုတ္ထပတ်မှ ဒီဇင်ဘာလအထိ စားသုံးဆီ တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၅၆၀  ကျ ဆင်းလာခဲ့ကြောင်း၊ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ခွဲဝေလျာထားသည့် ပမာဏအတိုင်း ရောက်ရှိနိုင်စေရန် တိုင်းဒေသကြီး စားအုန်းဆီ ဖြန့်ဖြူးမှုကြီးကြပ်‌ရေးကော်မတီများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၊ ကုမ္ပဏီများနှင့် ညှိနှိုင်းပေးလျက်ရှိကြောင်း၊ အချို့သော မြို့နယ်များတွင် ကော်မတီမှ သတ်မှတ်သည့်ဈေးနှုန်းထက် မြှင့်တင်‌ရောင်းချလျက်ရှိ သကဲ့သို့ အချို့မြို့နယ်များတွင် ခွဲတမ်းကို အပြည့်အဝ ရောင်းချမှု မရှိခြင်းတို့ကို ကြားသိရသည့်အတွက် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဒေသသို့ သတ်မှတ် ဈေးနှုန်း၊ အရည်အသွေး၊ အချင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေးနှင့် မသမာ သောနည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်မှုများ ‌ဆောင် ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ကုမ္ပဏီများအနေဖြင့် တင်သွင်းခွင့်ရရှိသော စားအုန်းဆီများကို ပြည်သူများထံ  အပြည့်အဝ  ဖြန့်ဖြူးရောင်းချခြင်း၊ မိမိတို့၏ လက်ကား/လက်လီကိုယ်စားလှယ်များကို ကြီးကြပ်ထိန်းကျောင်းခြင်းတို့ ဆောင် ရွက်သွားကြစေလိုကြောင်းနှင့် တင်သွင်းဖြန့်ဖြူးရာတွင် တွေ့ကြုံရသည့် အခက် အခဲများရှိပါက ဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ဆက်သွယ်ပြီး ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းမင်းက စားသုံးဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချ ခြင်းနှင့်စပ်လျဉ်း၍  ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ် SOP) များအား တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ စားသုံးဆီကဏ္ဍ အထောက်အကူပြု အဖွဲ့များဖြစ်သည့် ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့နှင့် လေ့လာစောင့်ကြည့်သုတေသနအဖွဲ့တို့အနေ ဖြင့် မြေပြင်အခြေအနေမှန်များအား တင်ပြရေး၊ မီဒီယာများနှင့်တွေ့ဆုံ၍ အများ ပြည်သူသိသင့် သိထိုက်သည့် သတင်းအချက်အလက်များကို ရှင်းလင်းပြောကြား ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းစဉ်များ အား ရှင်းလင်းပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဇော် နှင့် စားသုံးဆီ တင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ အခက်အခဲများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲ တမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများနှင့် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်း ချသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

MOC (IR)