Main menu

Background

ရောင်းသူနဲ့ ဝယ်သူတို့ ယုံကြည်မှုတိုးပွားဖို့ https://www.ecomreg.gov.mm/ မှာ Online Sale မှတ်ပုံတင်ကြစို့

Tue, 02/03/2026 - 10:57 -- journal_editor

ယနေ့ မျက်မှောက်ကာလသည်ITခေတ် ဖြစ်သဖြင့် စားသုံးသူများအနေဖြင့်  မိမိလိုအပ် သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကိုယ်တိုင် သွားရောက်ဝယ်ယူရန် မလိုအပ်တော့ဘဲ ခလုတ် တစ်ချက်နှိပ်ရုံဖြင့် ဝယ်ယူနိုင်ကြပြီဖြစ်ရာ လွယ် ကူမြန်ဆန်အဆင်ပြေသည့် အကျိုးကျေးဇူးများစွာ ရှိသကဲ့သို့  မလုံခြုံသည့် လိမ်လည်ခံရမှုများနှင့် လည်း ပြည့်နှက်လျက်ရှိနေသည်။
စားသုံးသူပြည်သူများ အနေဖြင့်  Online  မှ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာ တွင် ကြိုတင်ငွေပေးချေပြီးနောက် ပစ္စည်းလက်ခံ ရရှိမှု မရှိခြင်း၊ ကြော်ငြာသည့်ကုန်စည်နှင့် ရောက် ရှိလာသည့် ကုန်စည် အရည်အသွေးကွဲလွဲခြင်း၊ မြေပြင်တွင် အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု မရှိခြင်း၊ တာဝန် ယူမှု/တာဝန်ခံမှုနှင့် အာမခံချက် များ မရှိခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရ သကဲ့သို့ မှန်ကန်စွာဆောင်ရွက်သည့်လုပ်ငန်းရှင် များအနေဖြင့်လည်း  စားသုံးသူများ၏ သံသယနှင့် မယုံကြည်မှုများကို ခံစားနေကြရသည်။
စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ  ကုန်သွယ်ရေးဦးစီး ဌာနအနေဖြင့်   အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက် ရှိပြီး စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန်ဟူ သော  အချက်သည် စားသုံးသူအခွင့်အရေး(၈) ချက်တွင်  တစ်ချက်အပါအဝင်ဖြစ်ရာ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့်လည်း Online Saleမှတ်ပုံတင်ထားသည့် လုပ်ငန်းများသည် မြေပြင် တွင် အမှန်တကယ်ဆောင်ရွက်နေခြင်း ရှိ/ မရှိနှင့် အထောက်အထား အချက်အလက်များ မှန်ကန် ကိုက်ညီမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ဆောင် ရွက်လျက်ရှိနေသည်။  စားသုံးသူများအနေဖြင့်Online  မှ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူ အသုံးပြုရာတွင်  လိမ်လည်ခံရမှုမရှိစေရေးအတွက် မိမိဝယ်ယူမည့် Online Shop  သည် Online Saleမှတ်ပုံတင်ထားခြင်း ရှိ/မရှိ eComReg System Website တွင် ဝင်ရောက်ကြည့်ရှု၍ ဝယ်ယူနိုင် သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ လုပ်ငန်းကို Online Sale မှတ်ပုံတင်ထားခြင်းဖြင့် တရားဝင်လုပ်ငန်းအဖြစ် ကြော်ငြာနိုင်ခြင်း၊ စား သုံးသူများ၏ယုံကြည်မှု ရရှိစေနိုင်ခြင်းတို့ကြောင့် ဈေးကွက်သစ်များ   ပိုမိုချဲ့ထွင်လာနိုင်မည်ဖြစ် သည်။ 
သို့ဖြစ်ပါ၍ ရောင်းသူနဲ့ဝယ်သူတို့ ယုံကြည် မှုတိုးပွားဖို့ https://www.ecomreg.gov.mm/ rSm Online Sale  မှတ်ပုံတင်ကြစို့ဟု အသိပေး တိုက် တွန်းလိုက်ရပါသည်။ 

DOCA (တောင်ကြီး)