Main menu

Background

စတုတ္ထအကြိမ်မြောက် South Asia Agri Forum 2026 အခမ်းအနားကျင်းပ

Tue, 02/03/2026 - 11:04 -- journal_editor

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် South Asia Agri Forum (2026)) ကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သြလသအနူ ံသအနူ ၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းတို့ တက်ရောက်ခဲ့သည်။ 
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီးက အမှာစကား   ပြောကြားရာတွင်  South Asia Agri Forum 2026  ကို   ကျင်းပပြုလုပ်ခြင်းအားဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုခိုင်မာအားကောင်းလာစေပြီး နှစ် နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အခွင့် အလမ်းသစ်များ တိုးပွားလာစေကြောင်း၊  မြန်မာ နိုင်ငံအနေဖြင့် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်သည့် ပဲမျိုးစုံ၊ မတ်ပဲနှင့်  ပဲစင်းငုံတို့ကို အိန္ဒိယ နိုင်ငံသို့  အဓိကထား   တင်ပို့ခဲ့ကြောင်း၊  မြန်မာ နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံတင်ပို့မှုအပြင် ပြောင်း၊ ရေထွက်ကုန်ပစ္စည်းများ၊ မြေပဲ၊ သစ်နှင့် ရော်ဘာ စသည့်အခြားထုတ်ကုန်များ တင်ပို့လျက် ရှိကြောင်း၊ အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ အထောက်အကူပြုစေရေးအတွက် ဆေးဝါးပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို   အိန္ဒိယနိုင်ငံမှ  တင်သွင်းလျက်ရှိ ကြောင်း၊ အိန္ဒိယနိုင်ငံ၏ အကောက်ခွန်ကင်းလွတ် ခွင့်ဆိုင်ရာ မူဝါဒနှင့် ASEAN- India စီးပွားရေး မူဘောင်များအရ  နှစ်နိုင်ငံစီးပွားရေး    အခွင့် အလမ်းများ လွယ်ကူချောမွေ့စေကြောင်း၊ နှစ် နိုင်ငံအကြား ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ  ကိစ္စရပ်များ၊ မြန်မာနိုင်ငံဆန်စပါးတင်ပို့မှု၊ ငွေကြေး၊ ဘဏ်ကိစ္စ ရပ်များ ပိုမိုအဆင်ပြေချောမွေ့လာစေပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လက်ရှိပူးပေါင်းဆောင် ရွက်နေမှုများ ပိုမိုလေးနက် ခိုင်မာအားကောင်းလာ စေမည်ဟု  ယုံကြည်မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။ 
စတုတ္ထအကြိမ်မြောက်South Asia Agri Forum 2026  ကို ရန်ကုန်မြို့ Novotel Hotel  ၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ် ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊  စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူ များ၊ အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာ နှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်H.E Mrs Nidhi Khare၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Abhay Thakur၊  ပြည်ထောင်သမ္မတ မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း ချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်း၊Oversea Agro Traders Association (OATA Myanmar) Bharat Subcontinent Agri Foundation (BSAF)  တို့မှ ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ၊ ပဲမျိုးစုံ တင်ပို့ သည့် ကုမ္ပဏီများ၊ ကနေဒါ၊ သြစတြေးလျ၊ အမေ ရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ နီပေါ၊ ဘင်္ဂလား ဒေ့ရှ်၊  စင်ကာပူ၊ ရုရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ တန်ဇန်းနီးယား၊  ယူအေအီးနှင့် ဥရောပ သမဂ္ဂမှ နိုင်ငံအချို့အပါအဝင် ပြည်ပလုပ်ငန်းရှင် ၁၆၁ ဦး၊ ပြည်တွင်းရှိ  ကောက်ပဲသီးနှံများကို တ စိုက်မတ်မတ် ဝယ်ယူပေးနေသည့် ပြည်ပကုန် ဝယ်သူ ၄၆ ဦးနှင့် မြန်မာနိုင်ငံမှ ကောက်ပဲသီးနှံအား စိုက်ပျိုးသည်မှသည် ပြည်ပတင်ပို့သည့်  လမ်း ကြောင်းတစ်လျှောက်  ပါဝင်လုပ်ကိုင်နေသည့် အထူးဖိတ်ကြားထားသူများ၊ ဘဏ်များ၊  သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၊ ဆိပ်ကမ်းနှင့် သင်္ဘော လိုင်းများမှ ပြည်တွင်း/ပြည်ပ  ပညာရှင်များ စုစု ပေါင်း ၄၅၅ ဦး တက်ရောက်ခဲ့ကြသည်။ 
စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး  ဦးမင်းမင်းသည် စတုတ္ထအကြိမ်မြောက်South Asia Agri Forum (2026) သို့   တက်ရောက်ရန်လာ‌ရောက်သည့် အိန္ဒိယ နိုင်ငံ၊ စားသုံးသူရေးရာ၊ အစားအသောက် နှင့်  ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ Secretary ဖြစ်သူH.E. Mrs.  Nidhi Khare အား ရန်ကုန်မြို့ Novotel Hotel ရှိ အစည်း အဝေးခန်းမ၌  မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံ သည်။ 
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်နိုင်ရေး၊ ၂၀၂၆ ခုနှစ် နှစ်ဆန်းကာလ တွင် မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံပြီး နဝမ အကြိမ်မြောက် မြန်မာ-အိန္ဒိယ  ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေး၊ မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲနှင့်South Asia Agri Forum (2026)  တို့အား ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမှာ မိမိတို့ နှစ်နိုင်ငံအကြား   ဆက်ဆံရေးခိုင်မြဲကောင်းမွန် သည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ရှိရင်းစွဲ ကောင်း မွန်သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန် သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည် မှုစာချွန်လွှာအား သက်တမ်းတိုးမြှင့်နိုင်ရေး၊ မတ်ပဲ နှင့် ပဲစင်းငုံ  အပါအဝင် ပဲမျိုးစုံ၊ အခြားဆီထွက် သီးနှံများ၊ ဝါဂွမ်းနှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအား အိန္ဒိယနိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေးနှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝကောင်း  မွန်စေရန်အတွက် နည်းပညာပိုင်းဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့်  နှစ်နိုင်ငံကုန်သွယ်မှု ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရူပီး-ကျပ် ငွေ ပေးချေမှုအား ပိုမိုထိရောက်စွာ  ဆောင်ရွက်နိုင် ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                      
             

  MOC(IR)