ပည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ဇန်နဝါရီ ၂၈ ရက်Thai Rice Exporter Association တွင် ဖော်ပြချက် အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၄၊ ဧည့်မထ (၂၅ ရာခိုင် နှုန်း)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၈ ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။
ထိုင်းဆန်ဈေးနှုန်းများမှာ (၁၀ဝ ရာခိုင်နှုန်း) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၈၊ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၂၊ ဧည့်မထ(၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၅၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၈ ဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၀၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၁ ဖြင့်ရှိခဲ့ ပြီး အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၇၊ ဧည့်မထ (၂၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၈၊ ပေါင်းဆန် (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၅ ဖြင့် အသီး သီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
Thai Rice Exporter Associationတွင် ဖော်ပြချက်အရ ဇန်နဝါရီလ တတိယပတ်တွင် ဆန်ဈေးနှုန်းများမှာ ယခင်တစ်ပတ် နှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံတွင် (၁၀ဝ ရာခိုင်နှုန်း) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၆ မှ ၄၂၈၊ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၁၀ မှ ၄၁၂)၊ ဧည့်မထ(၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ မှ ၄၀၅ နှင့် ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၆ မှ ၄၂၈ နှင့် ပါကစ္စတန်နိုင်ငံတွင် ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၁ မှ ၃၇၄၊ ဧည့်မထ (၂၅ ရာခိုင် နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၄၇ မှ ၃၄၈)နှင့် အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၂ မှ ၃၅၇၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၄ မှ ၃၄၈ ဖြင့် ဈေးနှုန်းမြင့် တက်လျက်ရှိပြီး ဗီယက်နမ်နိုင်ငံတွင် ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၄ မှ ၃၆၀၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၃ မှ ၃၄၁နှင့် အိန္ဒိယနိုင်ငံတွင် ပေါင်းဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၇ မှ၃၅၅ သို့ ဈေးနှုန်းလျော့ကျမှုရှိကြောင်း လေ့လာ တွေ့ရှိရသည်။
လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်အထိ (ယာယီ) စာရင်းများအရ မြန်မာ နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ နိုင်မှုတွင် ဆန် တန်ချိန် ၁၂၈၇၆၁၂ ဒသမ ၈၂၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄၁ ဒသမ ၇၀ဝ သန်း၊ ဆန်ကွဲ တန်ချိန် ၁၀၃၄၇၅၅ ဒသမ ၅၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃.၇၆၀ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၂၃၂၂၃၆၈ ဒသမ ၃၇၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၃၅ ဒသမ ၄၆၀ သန်း ရရှိထားပြီး၊ ယခင်နှစ် ကာလတူတွင် ဆန်တန်ချိန် ၁၃၁၀၆၄၅ ဒသမ ၆၀၅ တန်၊တန်ဖိုး အမေရိကန် ဒေါ်လာ ၆၇၇ ဒသမ ၅၁၁ သန်း၊ ဆန်ကွဲ တန်ချိန် ၈၅၁၉၉၉ ဒသမ ၉၅၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၅ ဒသမ ၇၉၈ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၁၆၂၆၄၅ ဒသမ ၅၅၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ဝ၃ ဒသမ ၃၀၉ သန်း တင်ပို့ခဲ့သည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၂၃၀ဝ၀ ကျော်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၈၁၁ (၃၅ ရာခိုင်နှုန်း) လျော့နည်းတင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့မှုမှာ ယခင် နှစ် ကာလတူထက် တန်ချိန် ၁ ဒသမ ၈ သိန်းကျော်တင်ပို့မှု ပိုမိုခဲ့ သော်လည်း ကမ္ဘာ့ဆန်ဈေးကွက် ပေါက်ဈေးလိုက်၍ ယခင်နှစ် ကာလတူထက်ဈေးနှုန်း ကျဆင်းမှုများရှိသဖြင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂ ဒသမ ဝ၃၈ သန်း (၁၀ ရာခိုင်နှုန်း) လျော့ နည်းရရှိသည်။
မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ဇန်နဝါရီ ၂၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဆန် ချော(အသစ်)တစ်အိတ်လျှင် ၂၉၈ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေ လဲနှုန်း ၁ ယွမ်လျှင် ၅၈၁ ကျပ်နှုန်းရှိသောကြောင့် ဆန်သစ်တစ် အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရ သည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ဇန်န ဝါရီ ၂၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲ နှုန်းအနေဖြင့် တစ်ဘတ်လျှင် ကျပ် ၁၃၀ နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် လားရှိုးမြို့တွင် ကျပ် ၅၀ဝ၀ ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပုသိမ်မြို့တွင် ဧည့်မထ ဆန်တစ် ပြည်လျှင် ကျပ် ၂၁၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည် ကိုတွေ့ရှိရကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
P&S
