Main menu

Background

ရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွွက်အခြေအနေ

Tue, 02/03/2026 - 11:11 -- journal_editor

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၂ ရက်တွင် ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၄၈၂၃ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇန်နဝါရီ ၂၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၂၇၇ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ 
ပြည်တွင်း ရွှေဈေးသည်လည်း ဇန်နဝါရီ ၂၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀၁၇၀ဝ၀ဝ ပေါက်ဈေး ရှိခဲ့ရာမှ ဇန်နဝါရီ ၂၈ ရက်တွင် ကျပ် ၁၁၁၀ဝ၀ဝ၀ သို့ အတက် အကျ ဖြစ်ပေါ်ခဲ့ကြောင်းကိုMM Market Price Page   ၏ ရွှေဈေး ကွက်အတွင်းမှ တွေ့ရှိရသည်။
Trading Economic Website တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၇၅ ဘီလီယံ ရှိကြောင်းသိရှိရသည်။ 
Econometric Model အရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၆ ဒသမဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၇ ဒသမ ၃၇ ဘီလီယံ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
 ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ဇန်နဝါရီ ၂၂ ရက်မှ ဇန်နဝါရီ ၂၈ ရက်ထိ ရက်သတ္တပတ်အတွင်း ၄၀၈၀ မှ ၄၀၃၀ ကျပ်ကြား ရှိနေ ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

 

P&S