Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်)ပြည်တွင်းဈေးနှုန်းနင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Tue, 02/03/2026 - 11:14 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဇန်နဝါရီ ၂၆ ရက်Global Petrol Prices Website တွင် ယခုအပတ်အတွက် ဖော်ပြထားရှိသည့် ဓာတ်ဆီ ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် နိုင်ဂျီးရီးယားနိုင်ငံသည် ယခု တစ်ပတ်တွင် ၄ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့် ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဖင်လန်နိုင်ငံတွင် ၄ ဒသမ ဝ၀ ရာခိုင်နှုန်း၊ သြစ တြေးလျနိုင်ငံတွင်  ၃  ဒသမ ၂၀  ရာခိုင်နှုန်းနှင ့်  အမေရိကန်နိုင်ငံတွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၄၄ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။ 
Global Petrol Prices Website  ၏ ယခုအပတ်အတွက် ဖော်ပြ ချက်အရ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊  အယ်လ်ဂျီးရီးယား၊ အာမေးနီးယား၊ ဘူတန်၊ ချီလီ၊ ကိုလံဘီယာ၊ ဂျော်ဂျီယာ၊ ဂျော်ဒန်၊ ကင်ညာ၊ လူဇင် ဘတ်၊ မက်ဆီဒိုးနီးယား၊ မော်ရိုကို၊ ပါရာဂွေး၊ ကာတာနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၅ နိုင်ငံ၏ ဓာတ်ဆီဈေး နှုန်းများမှာ  ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိ ဘဲ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရသည်။ 
ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့်  ဗီယက်နမ်၊ ထိုင်ဝမ်၊ ချက်၊ မက္ကဆီကို၊ ပြင်သစ်၊ မိုနာကို၊ ပီရူး၊ ပိုလန်၊ အာဖဂန်နစ္စတန်နှင့် အက်စ်တိုးနီးယား စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက်  သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၅ ဒသမ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
ဇန်နဝါရီ ၂၆ ရက်Global Petrol Prices Website  တွင် ဖော်ပြ ထားရှိသည့် အာဆီယံနိုင်ငံများ၏ ဓာတ်ဆီဈေးနှုန်းများမှာ ယခင် အပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၁ ဒသမ၂၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံတွင် သုည ဒသမ ၈၀ ရာခိုင်နှုန်းဖြင့်   ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဗီယက်နမ်နိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်း ခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲ မရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိပြီး ဖိလစ်ပိုင်၊ ခရိုအေးရှား၊ ပိုလန်၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဘူလ် ဂေးရီးယား၊ ပီရူး၊ အာဂျင်တီးနား၊ အာဖဂန်နစ္စတန်၊ အက်စ်စတိုး နီးယားနှင့် ဆီးရီးယား စသည့်နိုင်ငံများပါဝင်ကြောင်းနှင့် ယခင်တစ် ပတ် ဈေးနှုန်းထက် ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရ သည်။
ဇန်နဝါရီ ၂၆ ရက်Global Petrol Prices Website  တွင် ဖော်ပြထား ရှိသည့် အာဆီယံနိုင်ငံများ၏ ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၅ ဒသမ ၁၀ ရာခိုင် နှုန်း၊ ဗီယက်နမ်နိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံ တွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဖိလစ် ပိုင်နိုင်ငံတွင် ၆ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန် အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ  တည်ငြိမ်နေ ကြောင်းလေ့လာ တွေ့ရှိရသည်။ 

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ဇန်နဝါရီ ၂၈ ရက်တွင် အောက်တိန်း- ၉၂ တစ်လီတာ လျှင် ၂၃၂၅ ကျပ်၊ အောက်တိန်း - ၉၅ တစ်လီတာလျှင် ကျပ် ၂၃၆၀၊ ဒီဇယ် တစ်လီတာလျှင် ၂၂၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ လျှင် ၂၅၉၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
    မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၅၁၀၊ ဒီဇယ် တစ် လီတာလျှင် ၃၄၃၅ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၆၀ဝ၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၃၆၀ဝ ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၃၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၉၅ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီတစ် လီတာ လျှင် ကျပ် ၂၃၆၀၊ ဒီဇယ် တစ်လီတာလျှင် ၂၂၈၅ ကျပ်ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဓာတ်ဆီ တစ်လီတာ လျှင် ၃၅ ကျပ် ဈေးနှုန်းနှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၁၂၀ ဈေး နှုန်း မြင့်တက်လျက်ရှိကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

P&S